
နေအိမ်တွင်း ၊ လယ်ယာအတွင်းသို့ ရေများ ဝင်ရောက်လာသည့် အတွက် ဒေသခံများအတွက် အခက်အခဲဖြစ်နေကြောင်း၊ လမ်းသွားလမ်းလာများအတွက်လည်း အထူးသတိထားရန် လိုအပ်ကြောင်း စိုင်းခေး က ပြောသည်။
ထိုနည်းတူ ယနေ့ နေ့လည် ပိုင်းတွင် မိုးရွာသွန်းမှုကြောင်း နမ့်ခမ်းမြို့မ ဈေးအတွင်း ရေများလျှံကာ ဈေးသည်များ အခက်ကြုံတွေ့နေရကြောင်း၊ မိုးရွာပါက ထိုသို့ရေကြီး ရေလျှံမှုဖြစ်ပွားလာသည်မှာ ၃ နှစ် ခန့်ရှိပြီဖြစ်ကြောင်း နမ့်ခမ်းဈေးသည် စိုင်းပန် က ပြောပြသည်။
“ မိုးရွာလိုက်တာနဲ့ ဈေးထဲ တချို့ နေရာက ခြေမျက်စိလောက်ရေ ကျော်တယ်။ တချို့နေရာ က ဒူးထိရောက်တယ်။ ရေမြောင်း အမှိုက်များလို့ပါ။ မိုးတွင်းရောက်ရင် ဆိုင်ခင်းမယ့် ခုံအောက်ခြေကို ကျောက်ခဲတွေ ခံရတယ်” ဟု စိုင်းပန် ကဆိုသည်။
နမ့်ခမ်းမြို့မဈေး ရှိ ဈေးရေမြောင်းများကို စည်ပင် မှ အမှိုက်များဆယ်ခြင်း၊ ရေမြောင်းများ ရေသွားရေလာကောင်အောင် ပြုလုပ်ပေးခြင်း မရှိကြောင်းလည်း နမ့်ခမ်းဒေသခံများပြောပြချက် အရသိရသည်။
နမ့်ခမ်းမြို့မ ဈေး ရေကြီးရေလျှံမှုကြောင်း ဈေးသည်များ ၊ ဈေးဝယ်သူများ အတွက် ခက်ခဲနေသဖြင့် သက်ဆိုင်ရာလာရောက်ဖြေရှင်းပေးရန် လည်း နမ့်ခမ်းဒေသခံများက တောင်းဆိုလိုက်သည်။
ယခုနှစ် မိုးဦးရာသီ ကာလ တွင် နမ့်ခမ်းမြို့တွင် မကြုံစဖူး နေအိမ်ထဲ သို့ ရေများဝင်ရောက်ခြင်း၊ လယ်ထဲ ရေများဝင်ရောက်ကာ လယ်ယာ ပျက်စီးခြင်းများဖြစ်ပွား ကြောင်း စိုင်းခေး ကပြောသည်။
နမ့်ခမ်းမြို့သည် တရုတ်နယ်စပ် ဒေသ တောင်ပေါ် မြို့ ဖြစ်သော်လည်း တောင်ပေါ် သစ်ပင်များ အလွန်အကျံစိုက်ပျိုးခြင်း၊ ကျောက်များ စည်းကမ်းမဲ့ တူးဖော်ခြင်း တို့ကြောင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများစတင်ခံစားနေရသည် ဟု နမ့်ခမ်းဒေသခံများ ပြောကြားချက် အရ သိရသည်။
No comments:
Post a Comment