
မိုးကုတ်ဆရာတော်ကြီး၏အဆုံးအမများ၊ သစ္စာလေးပါး တရားတော်များ အရှည်တည်တံ့စေရန် အတွက် ကျောက်ထက်အက္ခရာတင် ၍ ဓမ္မစေတီတော်တည်ဆောက်မှုကို နိုင်ငံတော်မဟာကမ္မဋ္ဌာနာစရိယ၊ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကြီး၏ မဟာဓမ္မကထိက ဘဒ္ဒန္တသုမန ဆ ရာတော်ကြီးမှဦးစီး၍အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင် များလှူဒါန်းမှုဖြင့် ၂၀၁၇ ခုနှစ် မတ်လမှ စတင်အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။
ဓမ္မစေတီတော်များ တည်ထား ရာတွင် စေတီတစ်ဆူလျှင် ဆရာ တော်ကြီးဟောကြားခဲ့သော တရား တော်တစ်ပုဒ် ပူဇော်တည်ထားရှိ မည်ဖြစ်ပြီး စေတီတော်၏ပုံသဏ္ဌာန် မှာ ရွှေတိဂုံစေတီတော်ပုံစံတူဖြစ် ကာ စေတီတော်၏အောက်ရှိမဏ္ဍိုင် ၏ မျက်နှာလေးမျက်နှာတွင် တရား တစ်ပုဒ်စာအား ရေးထိုးပူဇော် ထားသည်။
ဆရာတော်ကြီး၏ တရားတော် ကျောက်စာမှာ အမြင့်ခြောက်ပေ၊ Óဏ်တော်ကိုးပေရှိသဖြင့် ဓမ္မစေ တီတစ်ဆူလျှင် ငွေကျပ်သိန်း ၇၀ ခန့် အကုန်အကျခံတည်ထားသွား မည်ဖြစ်သည့်အတွက် လှူဒါန်း လိုသူများအနေဖြင့် ဖုန်းဝ၉-၇၈၀ ၉၁၁၈၇၁၊ ဝ၉-၇၉၇၉၅၅၂၈၉၊ ဝ၉- ၄၀၂၅၀၇၀၁၆ တို့ထံ ဆက် သွယ်လှူဒါန်းနိုင်ကြောင်းသိရ သည်။
No comments:
Post a Comment