Wednesday, June 12, 2019

လာမယ့်နှစ်မှာ ရန်ကုန်တိုင်းက ဘီလီယံ ၇၀၀ ကျော် သုံးမယ်

လာမယ့် ဘဏ္ဍာနှစ်မှာ  ရန်ကုန်တိုင်းက ဘတ်ဂျက် ဘီလီယံ ၇၀၀ ကျော်  သုံးစွဲဖို့လျာထားတယ်လို့ သတင်းရရှိပါတယ်။ ဒီနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေးမှာ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရသုံးခန့်မှန်းခြေငွေစာရင်းလျာထားချက်ကို တင်သွင်းခဲ့တာပါ။ ရန်ကုန်တိုင်းက  ၂၀၁၉-၂၀ဘဏ္ဍာနှစ်မှာ ရငွေကျပ် ၇၇၂ဘီလီယံကျော်ရှိပြီး သုံးငွေကလည်း ၇၇၂ဘီလီယံကျော်ဖြစ်တဲ့အတွက် ဘက်ညီဘတ်ဂျက်ဖြစ်အောင်ရေးဆွဲထားတယ်လို့ ဦးမြင့်သောင်းကပြောပါတယ်။
အဲဒီ့ဘတ်ဂျက်မှာ တံတားလုပ်ငန်း၊ ဆည်မြောင်းနဲ့ကမ်းပြိုကာကွယ်ရေး၊ လျှပ်စစ်မီးလင်းရေး၊  မြေယာလျော်ကြေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အဓိကသုံးစွဲမှာဖြစ်ပါတယ်။ ဘက်ဂျက်လျာထားချက်အတွက် မနက်ဖြန်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့ငွေစာရင်းကော်မတီက တွေ့ရှိချက်အစီရင်ခံစာတင်မယ်လို့သိရပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။

No comments:

Post a Comment