ဘီသိုဗင်သည် မကွယ်လွန်မီ တစ်နှစ်အလို ၁၈၂၆ တွင် ဆံပင် ကို မိမိဘာသာဖြတ်ကာ စန္ဒရား ပညာရှင် အန်တွန်ဟမ်းအား ပေးအပ်ခဲ့ကြောင်း Independent သတင်းစာက ဖော်ပြသည်။ ၁၈၂၇ မတ်လ ၂၆ ရက်က အသက် (၅၆)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သော ဘီသိုဗင်ကို ဂန္ထဝင်ဂီတလောက အကျော်ဇေ ယျတစ်ဦးအဖြစ် သတ်မှတ်ထား ကြသည်။
ဘီသိုဗင်၏ ဆံပင်များကို လေလံတင်ရောင်းချခြင်းသည် ဒုတိယအကြိမ်ဖြစ်သည်။ ဘီသိုဗင်သေဆုံးပြီးနောက် ညှပ်ယူခဲ့သော ဆံချည်ထွေးတစ်ခု ကို ၁၉၉၄ က လေလံတင်ရောင်း ချခဲ့ရာ ယင်းဆံချည်ထွေးကို ပုဂ္ဂိုလ်နှစ်ဦးက ဝယ်ယူခဲ့သည်။ ယင်းပုဂ္ဂိုလ်နှစ်ဦးသည် ဘီသိုဗင် ကျန်းမာရေး အဘယ် ကြောင့် ချူချာရကြောင်းကို သုံးသပ်စစ်ဆေးရန် စိတ်အားထက် သန်သူများဖြစ်ကြောင်း Inde-pendent သတင်းစာက ဖော်ပြ သည်။
No comments:
Post a Comment