ဇူကာဘတ် ဟားဗတ်တက္ကသိုလ် ကျောင်းသားဘဝက ဆိုရှယ်နက်ဝါ့ခ် ဝက်ဘ်ဆိုက်တဝက် သူ့ကိုပေးမယ်လို့ စာချုပ်မှာ လက်မှတ်ထိုးခဲ့တယ်ဆိုပြီး ၂၀၁၀ ခုနှစ်မှာ နယူးယောက်မြို့သား ဆယ်ဂလီယာက ဇူကာဘတ်ကို အမေရိကန် တရားရုံးမှာ တရားစွဲခဲ့တာပါ။
တရားသူကြီးတယောက်က အဲဒီစာချုပ်ဟာ လိမ်လည်စာချုပ်ဖြစ်တယ်လို့ ပြောပြီးနောက်မှာ ခရိုင်တရားရုံးက သူ့ရဲ့ တရားစွဲဆိုမှုကို ပယ်ချခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာတော့ ဆယ်ဂလီယာကို ဆက်သွယ်ရေးလိမ်လည်မှုနဲ့ ရာဇဝတ်ကြောင်းအရ စွဲချက်တင်ခဲ့ပြီး ၂၀၁၅ တရားရင်ဆိုင်မှုမတိုင်မီ သူဟာ မိသားစုနဲ့အတူ ထွက်ပြေးခဲ့ပါတယ်။
ဆယ်ဂလီယာဟာ ဝရမ်းပြေးအဖြစ် ၃ နှစ်ခွဲနီးပါး ထွက်ပြေးခဲ့ပြီးနောက် မနှစ်က အီကွေဒေါနိုင်ငံမှာ အဖမ်းခံရပါတယ်။
အခု လွတ်မြောက်လာတဲ့ ဆယ်ဂလီယာက သူ့အနေနဲ့ မိသားစုအတွက် အချိန်ပိုပေးချင်တယ်လို့ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။
No comments:
Post a Comment