ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူထုနှင့်တိုက်ရိုက်ထိတွေ့မှု၊ ဒေ သခံများအပေါ် အကျိုးသက် ရောက်မှုရှိသည့် အပစ်ရပ်စောင့် ကြည့် ရေးလုပ်ငန်းစဉ်များ နှောင့် နှေးနေမှုကို လေ့လာသူများက အ ထူးတလည် မေးခွန်းထုတ်သည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘော တူစာချုပ် (NCA) အရ ဖွဲ့စည်း ဆောင်ရွက်နေသည့် ကော်မတီ နှစ်ရပ်ရှိရာ ပြည်ထောင်စုငြိမ်း ချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မ တီ (UPDJC) နှင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) တို့ဖြစ်သည်။
ထိုကော်မတီနှစ်ရပ်တွင် UPDJC သည် နိုင်ငံရေးဆုံးဖြတ် ချက်များ ဆွေးနွေးရန်ဖြစ်ပြီး လူ ထု၊ အရပ်ဘက်နှင့် ထိတွေ့ ဆောင်ရွက်ရသည့် စောင့်ကြည့် ရေးလုပ်ငန်းစဉ်ကို JMC က တာ ဝန်ခံသည်။
လက်ရှိတွင် ကော်မတီနှစ် ရပ်စလုံး၏ အစည်းအဝေးများ ရပ်ဆိုင်းနေသော်လည်း JMC ဆိုင်ရာ အစည်းအဝေးများ နှစ် ၀က်ခန့် တုံ့ဆိုင်းနေခြင်းသည် ကောင်းမွန်သည့် အလားအလာ မဟုတ်ကြောင်း ငြိမ်းချမ်းရေးအ ကဲခတ်များက မှတ်ချက်ပြုသည်။
JMC အစည်းအဝေးများကို ယမန်နှစ်အောက်တိုဘာက ကျင်း ပခဲ့သည့် နေပြည်တော်ထိပ်သီးအ စည်းအဝေးနောက်ပိုင်းကာလက စ၍ မကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ရှေ့မတိုး၊ နောက်မဆုတ်ဖြစ်နေ သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဖြေရှာနိုင်ရေး နေပြည်တော် ထိပ်သီးအစည်းအဝေးကို ယမန် နှစ် အောက်တိုဘာက ကျင်းပခဲ့ သော်လည်း ရလဒ်ကောင်းမထွက် ပေါ်ခဲ့ပေ။
ထိပ်သီးဆွေးနွေးပွဲအပြီး ၁၁ ရက်အကြာ အောက်တိုဘာ ၂၇ ရက်တွင် လတ်တလောကျင်းပ မည့် ငြိမ်းချမ်းရေးဆိုင်ရာ အစည်း အဝေးများ၌ ပါဝင်မှုယာယီရပ် ဆိုင်းကြောင်း ကရင်အမျိုးသားအ စည်းအရုံး (KNU) ဥက္ကဋ္ဌက ဒေါ် အောင်ဆန်းစုကြည်ထံ အသိပေး စာပေးပို့ခဲ့သည်။ KNU သည် ၂၀၁၂ က စတင်ခဲ့သော ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများတွင် အတက် ကြွဆုံးအဖွဲ့ဖြစ်သည်။
ထို့အပြင် NCA လက်မှတ် ထိုးအဖွဲ့များအနက် အင်အားကြီး ဟု သတ်မှတ်ထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ကလည်း အရေး ပေါ်အစည်းအဝေးများ ပြုလုပ်ပြီး နောက် ပစ်ခတ်တိုက်ခိုက်မှုစောင့် ကြည့်ရေး ပူးတွဲကော်မတီများ သည် NCA အတိုင်းမဆောင်ရွက် ဘဲ တရားမျှတမှုမရှိဟုဆိုကာ ယင်းအစည်းအဝေးအဆင့်ဆင့် တွင် ပါဝင်ခြင်းကို ဆိုင်းငံ့ခဲ့ပြန် သည်။ ယင်းကာလကစ၍ ပူးတွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ်တုံ့ ဆိုင်းခဲ့ခြင်းကြောင့် မျှော်တလင့်လင့် ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုဆိုးရွားလာမည့်အရေး စိုးရိမ်မှုများလည်းရှိသည်။
‘‘တိုက်ပွဲတွေ ပြန်ဖြစ်လာလို့ JMC လည်း အလုပ်မဖြစ်ဘူးဆို ရင်၊ UPDJC လည်း အလုပ်မဖြစ် ဘူးဆိုရင် ဘာဖြစ်သွားမလဲဆို တော့ NCA စာချုပ်အရ ဖန်တီး ထားတဲ့ ယန္တရားအားလုံးပျက်စီး ပြီးတော့ နောက်ကြောင်းပြန်သွား မယ်။ ပြီးတော့ ဟို... ထိုငြိမ်းချမ်း ရေး မစခင်အခြေအနေမျိုး ပြန် ရောက်မှာ တော်တော်စိုးရိမ် တယ်’’ ဟု ငြိမ်းချမ်းရေးဦးဆောင် အဖွဲ့ (PPST) မှ ဒေါက်တာဆ လိုင်းလျန်မှုန်းဆာခေါင်းက ပြော သည်။
NCA ၌ ပါရှိသော စစ်ဘက် ဆိုင်ရာ အချက် ၅၅ ချက်၊ နိုင်ငံ ရေးဆိုင်ရာ အချက် ၃၅ ချက်နှင့် လူမှုစီးပွားနှင့်သက်ဆိုင်သော အ ချက် ၂၃ ချက်ကို အကောင်အ ထည်ဖော်ဆောင်ရွက်ရန် JMC က တာဝန်ရှိသည်။
အထူးသဖြင့် တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကြား တိုက်ပွဲများ၊ ပဋိပက္ခ များ မဖြစ်ပွားရေး၊ ပြဿနာများ ဖြစ်ပေါ်လာပါက ပြေလည်မှုရရှိ ရန် ညှိနှိုင်းဆောင်ရွက်ရေးစသည် တို့အတွက် အဓိကတာဝန်ရှိ သည်။
ထို့အပြင် လူလုပ်နှင့်သဘာ ဝဘေးအန္တရာယ်ကြောင့် ပြည် တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူ များထံ အထောက်အပံ့ပေးအပ် နိုင်ရေး၊ နှစ်ဖက်သဘောတူထား သော တပ်နေရာပြန်လည်နေရာချ ထားရေး အစီအစဉ် လက်တွေ့အ ကောင်အထည်ဖော်ရေး စောင့် ကြည့်လေ့လာရန်လည်း တာဝန်ရှိ သည်။
JMC လုပ်ငန်းလမ်းညွှန်အရ ပြည်ထောင်စုအဆင့် JMC အ စည်းအဝေးများကို နှစ်လတစ် ကြိမ်ကျင်းပရန် သတ်မှတ်ထား ကာ ပြည်နယ်အဆင့် JMC အ စည်းအဝေးများကို တစ်လတစ် ကြိမ်ကျင်းပနိုင်သည်။ အစည်းအ ဝေးသို့ အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ၏ ကိုယ်စားလှယ် ခုနစ်ဦးစီ၊ အ ရပ်သား ကိုယ်စားလှယ် တစ်ဦးစီ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်ဟု လုပ်ငန်း လမ်းညွှန်တွင် သတ်မှတ်ထား သည်။ ပြည်ထောင်စုအဆင့်အ စည်းအဝေးများတွင် ကြားကာလ ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ကာ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တို့နှင့်ပတ်သက်၍ လမ်းညွှန်ချက်များပေးလေ့ရှိသည်။
ပြည်နယ်အဆင့် အစည်းအ ဝေးများတွင်မူ ပြည်သူတို့ထံမှ တိုက်ရိုက်တိုင်ကြားစာများကို ကော်မတီအတွင်းရေးမှူးများက ဖြေရှင်း ဆောင်ရွက်ပေးရလေ့ရှိ ပြီး လူထုအသိပညာပေးခြင်း၊ သင်တန်းများ ပို့ချခြင်းတို့အတွက် စီစဉ်ဆောင်ရွက်ကြောင်း ယင်း ကော်မတီအဖွဲ့ဝင်များက ဆို သည်။
လက်ရှိတွင်မူ JMC လုပ်ငန်း များ ထိရောက်စွာ မလုပ်ဆောင် နိုင်ဖြစ်နေကြောင်း အရပ်သား ကိုယ်စားလှယ်များက ထုတ်ဖော် ပြောကြားလာသည်။ ပြည်ထောင် စုအဆင့် JMC အစည်းအဝေးကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၈ စက်တင်ဘာလကုန်ပိုင်းက ကျင်း ပခဲ့ပြီး လက်ရှိတွင် JMC-U ပုံမှန် အစည်းအဝေး ပြုလုပ်ရန် ရှစ်လ ခန့် နောက်ကျနေပြီဖြစ်သည်။ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် ပြည်နယ်အဆင့် JMC အစည်းအ ဝေးများ မကျင်းပနိုင်သည်မှာ လည်း နှစ်ဝက်ကျော်လာပြီဖြစ် ကြောင်း ကော်မတီဝင်များက ဆိုသည်။
ပြည်ထောင်စုအဆင့် JMC သည် RCSS နှင့် KNU ကိုယ်စား လှယ်များ မပါဝင်ပါက အစည်း အဝေး ပြုလုပ်နိုင်သော်လည်း ယင်း နှစ်ဖွဲ့တို့ကို စောင့်ဆိုင်းသည့်အ နေဖြင့် အစည်းအဝေးများ ဆိုင်း ငံ့ထားကြောင်း ယင်းကော်မတီအ တွင်းရေးမှူး (၁) ဒေါက်တာရွှေ ခါးရ်က ထုတ်ဖော်ပြောကြားထား သည်။
ပြည်နယ်အဆင့်တွင်မူယင်း နှစ်ဖွဲ့၏ ရပ်ဆိုင်းမှုကြောင့်သာ အစည်းအဝေး မကျင်းပနိုင်သည့် အနေအထားဖြစ်နေကာ ရှမ်း ပြည်နယ်ပစ်ခတ် တိုက်ခိုက်မှုရပ် စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေး ကော်မတီတွင်မူ လက်ရှိတွင် ကော်မတီလုပ်ငန်းများ ဆက် လက်ဆောင်ရွက်ရန် အခက်အခဲ ရှိကြောင်း ယင်ေးက်ာမတီ အ တွင်းရေးမှူး (၁) ခွန်ထွန်းတင်က ပြောသည်။
JMCS-Shan တွင် အစိုးရ နှင့် တပ်မတော်အစုအဖွဲ့မှ ကိုယ် စားလှယ်ငါးဦး၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့မှ ကိုယ် စားလှယ်ငါးဦးနှင့် အရပ်သား ကိုယ်စားလှယ်ရှစ်ဦး ပါဝင်သည်။ အစည်းအဝေးများ ကျင်းပနိုင်ရန် အရပ်သားကိုယ်စားလှယ်နှစ်ဦး နှင့် ကျန်အစုအဖွဲ့မှ သုံးဦးစီပါဝင် ရန်လိုအပ်ကြောင်း လုပ်ငန်းလမ်း ညွှန်ချက်၌ သတ်မှတ်ထားသည်။
‘‘လုပ်ငန်းစဉ်တွေ ဆက်လုပ် ဖို့ အရေးပေါ်အစည်းအဝေး ခေါ် ယူနိုင်တယ်ဆိုပေမယ့်လည်း ဒါ က ဥက္ကဋ္ဌသုံးဦးပါမှ ခေါ်လို့ရမယ် လေ။ ဒုဥက္ကဋ္ဌက RCSS က ဖြစ် တော့ အရေးပေါ်လုပ်ဖို့လည်းခက် နေတယ်’’ ဟု ခွန်ထွန်းတင်ကပြော သည်။ ပြည်သူလူထုထံမှ တိုင် ကြားမှုများ လစဉ်ရရှိသော်လည်း အစည်းအဝေး မပြုလုပ်နိုင်ခြင်း ကြောင့် ယင်းနှင့်ပတ်သက်၍ ဖြေ ရှင်းဆောင်ရွက်နိုင်ရန် အခက်အ ခဲအချို့ရှိကြောင်းလည်း ၎င်းက ထုတ်ဖော်ပြောကြားသည်။
အလားတူ ဖြစ်စဉ်မျိုး KNU ကိုယ်စားလှယ်များ အဖွဲ့ဝင်အ ဖြစ် ပါဝင်နေသည့် မွန်ပြည်နယ် JMC ကော်မတီတွင်လည်း ကြုံ တွေ့ရကြောင်း ယင်းကော်မတီ၏ အရပ်သားကိုယ်စားလှယ် နော် ဆာထူးက ဖွင့်ဟသည်။
ပြည်သူများက မြေယာ၊ လက်နက်ကိုင် တပ်ဖွဲ့များနှင့်တွေ့ ဆုံရာတွင်ဖြစ်သည့် စိုးရိမ်မှု၊ ထိတ်လန့်မှုတို့နှင့် ပတ်သက်၍ JMC များကို အားကိုးသော်လည်း ကော်မတီတွင်း လက်တွေ့ပူး ပေါင်းဆောင်ရွက်ရာတွင် နား လည်မှုလွဲခဲ့သည့် အပိုင်းများ လည်းရှိကြောင်း အရပ်သားကိုယ် စားလှယ် နော်ဆာထူးက ဖွင့်ဟ သည်။
လက်ရှိ မွန်ပြည်နယ် JMC အနေဖြင့် ကော်မတီ၏တာဝန်နှင့် ၀တ္တရားတို့ကို ချပြရှင်းလင်းမှုနှင့် အရပ်သားပြည်သူများအား အ ကာအကွယ်ပေးထားမှုများအား ရှင်းလင်းမှုများသာ ပြုလုပ်နိုင် ကြောင်း ၎င်းကဆိုသည်။
‘‘ကျွန်မတို့ ဒေသတွင်းမှာပစ် ခတ်တိုက်ခိုက်မှုကမရှိဘူး။ သို့ သော်လည်း ဒီ NCA အရ ဆက် လက် အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်အ နေနဲ့ဆိုရင် ကျွန်မတို့ JMC က အစည်းအဝေးက ပုံမှန်မရှိသော် လည်း တစ်ဖက်က ဆက်လုပ်ရ မယ့်လမ်းကြောင်းတွေကလည်း တစ်ဆို့နေတဲ့အခါမှာ ဒါကစိတ် တိုင်းကျစရာမဟုတ်ဘူး။ ပြည်သူ တွေကလည်း တချို့ကျ ဒါကြီးက ဘယ်လိုလဲဆိုပြီးတော့ပေါ့။ ယုံ ကြည်မှုတွေလည်း မရှိကြဘူးပေါ့ နော်’’ ဟု နော်ဆာထူးကဆိုသည်။
JMC လုပ်ငန်းစဉ်များ ပုံမှန် ပြန်လည်ပတ်ရေး လက်ရှိတွင် အ လွတ်သဘော တွေ့ဆုံဆွေးနွေးမှု များရှိသော်လည်း ခရီးရောက် သည့်အနေအထား၊ အဖြေတစ်စုံ တစ်ရာရသည့် အနေအထားမျိုး မရှိသေးကြောင်း ပြည်ထောင်စု အဆင့် JMC ကော်မတီဝင် ဆ လိုင်းယောအောင်က မှတ်ချက်ပြု သည်။ တစ်ဖက်တွင်မူ JMC အ နေဖြင့် ပုံမှန်ရုံးလုပ်ငန်းများ၊ သင် တန်းပေးမှုများနှင့် လူထုတွေ့ဆုံ ပွဲများ ဆက်လက်ပြုလုပ်နေ ကြောင်း ဆိုသည်။
အစိုးရ၊ တပ်မတော်နှင့်တိုင်း ရင်းသားလက်နက်ကိုင်များအ ကြား ပြေလည်မှုမရသေးသည့် ကိစ္စများမှာ ပြည်ထောင်စုမှခွဲ မထွက်ရေးကိစ္စ၊ တစ်ခုတည်း သော တပ်မတော်ထားရှိရေးကိစ္စ၊ ၂၀၂၀ တွင် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ပြီးပြတ်အောင် ဆောင်ရွက် မည်ဆိုသည့်ကိစ္စ၊ တပ်မတော်နှင့် အပစ်ရပ်အဖွဲ့များအကြား စစ် ရေး ပဋိပက္ခဖြစ်ပွားခြင်းကို ဖြေ ရှင်းရန်လိုအပ်နေမှုနှင့် NCA တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေ သည့်အဖွဲ့များကိစ္စတို့ ဖြစ်သည် ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုသည်။
‘‘NCA ပြန်သုံးသပ်မှသာ လျှင် ရှေ့ဆက်လို့ရလိမ့်မယ်’’ ဟု ဦးမောင်မောင်စိုးက ပြောသည်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေးကလည်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် ဆွေးနွေးပွဲများ မစတင်နိုင်မှုကို အောက်ခြေတွင် နားလည်မှုလွဲ မှားပြီး တိုက်ပွဲများ ပြန်ဖြစ်မည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆို ထားသည်။
အပစ်အခတ်ရပ်ထားသည့် အချိန်မရွေး အထေ့အငေါ့များ ရှိနိုင်သော်လည်း ယင်းကိုကျော် လွှားနိုင်ရန် အစိုးရ၊ တပ်မတော် နှင့်တိုင်းရင်းသားလက်နက်ကိုင် တို့ကြားတွင် နှစ်ဖက်ဆက်သွယ် ရေး ယန္တရားကောင်းများရှိရန် လို ကြောင်း သုတေသနအဖွဲ့တစ်ခု ဖြစ်သည့် Myanmar Institute for Peace and Security အမှု ဆောင်ဒါရိုက်တာ ဒေါက်တာမင်း ဇော်ဦးက ပြောသည်။
‘‘အဓိကကတော့ ကျွန်တော် တို့ NCA အကောင်အထည်ဖော် မှုကို အားလျှော့လို့မရဘူးဗျ။ ဒါ က သမိုင်းဝင်တဲ့ Agreement ဖြစ်တယ်။ ဆိုတော့ အဲဒီ Agreement အကောင်အထည်ဖော်ရေး ကို ကျွန်တော်တို့ အသက်ပြန်သွင်း မှကိုရမယ်’’ ဟု JMC နည်းပညာ အထောက်အကူပြုအဖွဲ့ခေါင်း ဆောင်ဟောင်းလည်းဖြစ်သူ ဒေါက်တာမင်းဇော်ဦးက ပြော သည်။
အခက်အခဲများရှိနေသည့် တိုင်းအစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအ ကြား လူထုအတွက် ပညာရေး ကိစ္စ၊ ကျန်းမာရေးကိစ္စကဲ့သို့ ပူး ပေါင်းဆောင်ရွက်နိုင်သည့် ကိစ္စ ရပ်များစွာရှိနေသည်ဟု ဒေါက် တာမင်းဇော်ဦးက ပြောသည်။
‘‘လူထုအနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ပိုယုံကြည်လာနိုင် အောင် လူထုအကျိုးရှိနိုင်တဲ့ ကိစ္စ တွေကို နှစ်ဖက်စလုံးက အတူ လက်တွဲပြီး လုပ်နိုင်တဲ့ကိစ္စတွေ အများကြီးရှိတယ်။ ဒါတွေလုပ်နိုင် တယ်ဆိုလို့ရှိရင် ပင်လုံညီလာခံ ကြီးကနေပြီးတော့ အဖြေတွေမ ထွက်ခဲ့တောင် မြေပြင်မှာ တိုက်ပွဲ တွေမဖြစ်အောင် ထိန်းထားနိုင် မယ်။ ပြည်သူလူထုကိုလည်း ငြိမ်း ချမ်းရေးရဲ့ အနှစ်သာရ၊ ငြိမ်းချမ်း ရေးအသီးအပွင့်တွေ ခံစားနိုင် အောင် လုပ်ပေးနိုင်မယ်လို့ မြင် တယ်’’ ဟု ၎င်းက ပြောသည်။
လိပ်ခဲတည်းလည်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အကောင်းဘက် သို့ ပြန်လည်ဦးတည်ရေးနှင့် JMC လုပ်ငန်းစဉ်များ ပြန်လည်အသက်ဝင်ရေး NCA ကို ပြန်လည်သုံးသပ် ၍ တပ်မတော်ဘက်က သဘော ထားကြီးပေးရန်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်က အလျှော့အတင်းပြုလုပ်နိုင်ရန် အ ကဲခတ်တို့က အကြံပြုသည်။
ထို့အပြင် JMC အစည်းအ ဝေးများ ပြန်လည်ကျင်းပနိုင်ရေး သည် နိုင်ငံရေးဆွေးနွေးမှုများအ ပေါ် မူတည်နေသဖြင့် အကောင်း ဘက်သို့ ရှေးရှုဆောင်ရွက်ရန် လည်း JMC ကော်မတီဝင်များက ပြောကြားသည်။ JMC-U လုပ် ငန်းစဉ်တွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့ ဖူးသည့် ဒေါက်တာမင်းဇော်ဦးက မူ အောက်ပါအတိုင်း မှတ်ချက်ပြု သည်။ ‘‘JMC ကို ကျွန်တော်တို့အ သက်ကို ပြန်သွင်းရလိမ့်မယ်။ JMC ရဲ့ အခန်းကဏ္ဍက ကျွန် တော်တို့ အပစ်အခတ်ရပ်စဲရေးမှာ အင်မတန်မှ အဓိကကျတယ်။ အဲ ဒီတော့ JMC အလုပ်ပြန်လုပ်လာ နိုင်အောင် နှစ်ဖက်စလုံးက ဝိုင်း ကြိုးစားပေးဖို့ လိုပါတယ်’’ ဟု ၎င်းကပြောသည်။
No comments:
Post a Comment