Wednesday, June 12, 2019

တရုတ်နိုင်ငံမှ ထားရှိသည့် မူဝါဒများကို နားလည်မှု အားနည်းသည့်အတွက် ပို့ကုန်များ တင်ပို့ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရခြင်းဖြစ်ဟု စီးပွားကူးသန်းဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံမှထားရှိသည့် မူဝါဒသဘောထား များကိုမိမိတို့ဘက်မှ နားလည်မှုအားနည်းသည့်အတွက် တရုတ်နိုင်ငံသို့ ပို့ကုန်များတင်ပို့ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။ ဇွန် ၁ဝ ရက်က နေပြည်တော် ရှိ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အစည်းအ ဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တရုတ်နိုင်ငံသို့ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့နိုင်ရေးကိစ္စနှင့် ပတ်သက်သောညှိနှိုင်းအစည်းအဝေးတွင်ပြောခြင်းဖြစ်သည်။



စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနဒုတိ ယဝန်ကြီးဦးအောင်ထူးက''မြန်မာနိုင်ငံမှာ ယခုနှစ်တွင်ဆန်စပါး တန်ချိန် ၃ဒသမ၂သန်း ကျန်ရှိနေတာကိုသိရှိရပါတယ်။ဒီဆန်စပါး တွေတင်ပို့ နိုင်ရေးအတွက်တရုတ် နိုင်ငံအပါအဝင် နိုင်ငံတကာဆန် ဈေးကွက်ကို ရောင်းချနိုင်ရေးကို တတ်နိုင်သမျှ ပြင်ဆင်ဆောင် ရွက်နေပါတယ်။ ဆောင်ရွက်တဲ့ အခါ အဓိကဈေးကွက်က ဘယ်ကို သွားလဲဆိုရင်တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကိုသွားပါတယ်။ တရုတ်ပြည် သူ့သမ္မတနိုင်ငံက ပြီးခဲ့တဲ့နှစ်အ တွင်းနယ်စပ်ကနေ တင်ပို့တဲ့အခါ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါ တယ်။ ဒီလိုအခက်အခဲတွေနဲ့ ကြုံတွေ့ရတာလည်း တရုတ်ပြည် သူ့သမ္မတနိုင်ငံဘက်က ထားရှိတဲ့ မူဝါဒသဘောထားတွေကိုမိမိတို့ ဘက်ကနေ နားလည်မှုအားနည်း တဲ့ အချက်တွေကြောင့်ဖြစ်တယ် ဆိုတာတွေ့ရပါတယ်''ဟု ယင်းအ စည်းအဝေးတွင် ပြောသည်။

တရုတ်နိုင်ငံသို့ ဆန်တင်ပို့ ရာတွင် အဓိကဆောင်ရွက်မှု ၄ ရပ်ရှိပြီးယင်းတို့မှာ တရုတ်နိုင်ငံ ဘက်ကနယ်စပ်နှစ်ဖက်ပြည်သူများ အတွက်တစ်ဦးလျှင်ယွမ် ၈ဝဝဝ တင်ပို့ခွင့်ပြုထားခြင်း၊ တရုတ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များကို ကိုတာခွင့်ပြုပေးခြင်း၊ မောင်နှမ မြို့တော်အစီအစဉ်အရ စီးပွား ရေးကုန်သွယ်မှုလုပ်ငန်းများကုန် ချင်းဖလှယ်ခြင်းနှင့် G to G ဆောင် ရွက်ခြင်းတို့ဖြစ်ကြောင်းသိရသည်။

ဒုတိယဝန်ကြီးဦးအောင်ထူးက ''တရုတ်ဘက်ကိုဆန်တင်ပို့တဲ့ နေရာတွင်အဓိက ဆောင်ရွက်မှု လေးရပ်ရှိပါတယ်။ တရုတ်နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့ခြင်းဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးအရ ဆန်ကြမ်း၊ ဆန်ကွဲတို့ကို နယ်စပ်ကုန်သွယ်ရေးက တင်ပို့၍ရပါတယ်။ နယ်စပ်ကုန်သွယ်ရေးစနစ်အရ တင်ပို့တဲ့နေရာမှာ တရုတ်ဘက်မှ နယ်စပ်နှစ်ဖက်ပြည်သူတွေအ တွက်တစ်ဦးကို ယွမ်၈ဝဝဝ ဖိုး တင်ပို့ခွင့်ရှိပါတယ်။ တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေကို ပေး တဲ့ကိုတာတွေရှိပါတယ်။ တရုတ် နိုင်ငံကတစ်နှစ်တစ်ခါ ဆန်တင် သွင်းမှုကိုကိုတာသတ်မှတ်ပါတယ်။ ကိုတာသတ်မှတ်တဲ့ အခါ G to G တင်သွင်းနိုင်သည့်ပမာဏနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တင် သွင်းနိုင်တဲ့ပမာဏဆိုပြီး ခွဲခြား သတ်မှတ်ပါတယ်။ ဒီနှစ်မှာဆို တန်ချိန်လေးသန်းလောက် သတ် မှတ်ထားတာရှိပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ နောက်ဆုံးနည်း လမ်းဖြစ်တဲ့ မောင်နှမမြို့တော် အစီအစဉ်ကစီးပွားရေး ကုန်သွယ် မှုလုပ်ငန်းများကုန်ချင်း ဖလှယ်တဲ့ နည်းလမ်းဖြစ်ပါတယ်''ဟုပြောသည်။

တရုတ်နိုင်ငံကူမင်းမြို့တော် နှင့်ရန်ကုန်မြို့တော်ကြား မောင်နှမမြို့တော်အဖြစ် သဘောတူ လက်မှတ်ရေးထိုးထားပြီး ယင်းသ ဘောတူညီချက်အရ ကုန်စည်ဖလှယ်သည့်စနစ်ကို ကျင့်သုံး ဆောင်ရွက်ရန်အတွက် ပထမဆုံးအကြိမ် ဆန်တန်ချိန်တစ်သောင်း ကိုရောင်းချရန် လက်မှတ်ရေးထိုး ထားပြီးထပ်မံ၍ ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာသန်း၅ဝဝ ခန့် အပြန်အလှန် နှစ်နိုင်ငံကုန်ပစ္စည်း များကိုဝယ်ယူရန် ညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment