Pages
Monday, May 27, 2019
လူငယ်ကြယ်ပွင့် ဆန်ချိုကို ရောင်းချရန်အစီအစဉ်မရှိဟု ဒေါ့မွန်အသင်း ပြောကြား
နေရပ်စွန့်ခွာများအရေး မြန်မာအစိုးရကို ကူညီမည်ဟု ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ကတိပြု
ဧည့်လမ်းညွှန်လိုင်စင်နံပါတ်များ ယခင်အတိုင်း ဆက်လက်ထားရှိရန် သဘောတူညီ
ဧည့်လမ်းညွှန်များ၏ လိုင်စင်နံပါတ်ကို ယခင်အတိုင်းမပြောင်းလဲဘဲ ဆက်လက်ထားရှိ ရန်နှင့် ဧည့်လမ်းညွှန်လုပ်ငန်း (G) လိုင်စင်တွင် Licensed TourGuide အစား National Licensed Tour Guide ဟူ၍ပြင်ဆင်ဖြည့်စွက်ရန် ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန နှင့် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းတို့ မေလ ၂၄ ရက်တွင် သဘောတူညီခဲ့သည်။ အသစ်ပြဋ္ဌာန်းခဲ့သည့် ခရီးသွားလုပ်ငန်း ဥပဒေအရ ဧည့်လမ်းညွှန်လိုင်စင်များကို ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနအစား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ပြောင်းလဲထုတ်ပေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမှတ်အသားများ ပါဝင်ခြင်းနှင့် လိုင်စင်နံပါတ်များ ပြောင်းလဲခြင်းကို ဧည့်လမ်းညွှန်များက မေလ ၁၈ ရက် တွင် ကန့်ကွက်ခဲ့သည်။
ပြည်ခိုင်ဖြိုးနှင့် ပူးပေါင်း ၂၆ ပါတီ ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ခွင့်တောင်း ကော်မရှင်ဆောင်ရွက်ချက် တရားမျှတသော ရွေးကောက်ပွဲနှင့် ဆန့်ကျင်နေဟုဝေဖန်ထား
ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေး နွေးရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နှင့်တွေ့ဆုံဆွေးနွေး လိုကြောင်း ပြည်ခိုင်ဖြိုးအပါအ ၀င် ၂၆ ပါတီက ကော်မရှင်သို့ အိတ်ဖွင့်စာ ပေးပို့တောင်းဆို သည်။ ‘‘အဓိကကတော့ လွတ်လပ် ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် မျက်နှာချင်းဆိုင် ပွင့်လင်းမြင်သာစွာနဲ့ အချိန်လုံ လုံလောက်လောက်နဲ့ပေါ့။ သင့် လျော်တဲ့အချိန်တစ်ခု သတ်မှတ် ပြီးတော့ စီစဉ်ဆောင်ရွက်ပေးဖို့ ဒီအိတ်ဖွင့်ပေးစာပေးပို့ပြီးတောင်းဆိုတာပါ’’ ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်း ဦးက ပြောသည်။
စက်ရေတွင်းမှ ရေငန်သာထွက်ရှိပြီး သောက်သုံးရေလိုအပ်နေသည့် ညောင်ဦးမြို့နယ် ကန်နီပေါက်နှင့် ကျောက်ကန်ကျေးရွာများသို့ Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ရေသွားရောက်လှူဒါန်း
စက်ရေတွင်းက ရေငန်သာထွက်ရှိပြီး သောက်သုံးရေလိုအပ်နေသည့် ညောင်ဦးမြို့နယ် ကန်နီပေါက်နှင့် ကျောက်ကန်ကျေးရွာများသို့ Eleven Media Group နှင့် စေတနာရှင်များပူးပေါင်း၍ မေ ၂၆ ရက်က သောက်သုံးရေသွားရောက် လှူဒါန်းခဲ့သည်။ ကန်ရေခန်းခြောက်သွားသည့်အတွက် သောက်သုံးရေအခက်အခဲကြုံတွေ့နေရပြီး စက်တွင်းရေငန်ကိုသာ သုံးစွဲနေရခြင်းကြောင့် Eleven Media Group ရေလှူဒါန်းမှု အစီအစဉ်သို့ အရေးပေါ်အကူအညီ တောင်းခံလာခြင်းကြောင့် ရေချိုသွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
Space X က ゞင်း၏ အင်တာနက် ကွန်ရက်အတွက် ပထမဆုံးဂြိုဟ်တု အလုံး ၆၀ လွှတ်တင်
Space X ကုမ္ပဏီသည် အာကာသမှ မြန်နှုန်းမြင့် အင်တာနက် လွှင့်ပေးရန် ရည်ရွယ်ထားသည့် ゞင်း၏ Starlink ဂြိုဟ်တုအစုအတွက် ပထမဆုံးဂြိုဟ်တု အလုံး ၆၀ သယ်ဆောင်ထားသည့် ဒုံးပျံကို မေ ၂၃ ရက်တွင် လွှတ်တင်ခဲ့သည်။ Space X ကုမ္ပဏီ၏ Falcon 9 ဒုံးပျံတစ်စင်းကို မေ ၂၄ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဖလော်ရီဒါရှိ Canaveral အငူမှ အခက်အခဲမရှိဘဲ လွှတ်တင်နိုင်ခဲ့သည်။ တစ်နာရီ အကြာတွင် ယင်းဒုံးပျံသည် ပင်လယ်ပြင်အထက် အမြင့် ၂၈၀ မိုင် (၄၅၀ ကီလိုမီတာ) တွင် ဂြိုဟ်တု တစ်ခုချင်းစီကို ဂြိုဟ်တုပတ်လမ်းသို့ စတင်လွှတ်တင်ခဲ့သည်ဟု Space X က ထုတ်ပြန်ခဲ့သည်။ရေတာရှည်မြို့တွင် ကုန်တင်ယာဉ်မောင်းတစ်ဦးအား ရိုက်နှက်လုယက်ထွက်ပြေးသော လူလေးဦးပူးပေါင်းအဖွဲ့ကို ဖမ်းဆီးရမိပြီး လုယက်သူလေးဦးအနက် တစ်ဦးမှာ ပြီးခဲ့သော ခုနစ်လအတွင်းက လူသတ်မှုပုဒ်မဖြင့် အမှုဖွင့်အရေးယူခံရဖူးသူဖြစ်နေ
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် မေ ၂၆ ရက် နံနက်အစောပိုင်းက ကုန်တင်ကားတစ်စီးမှ ယာဉ်မောင်းကို လူလေးဦးပူးပေါင်းပါအဖွဲ့က ရိုက်နှက်၍ ပစ္စည်းလုယူထွက်ပြေးမှုဖြစ်ပွားခဲ့ရာ အဆိုပါရိုက်နှက် လုယက်သူလေးဦးအား နေ့တွင်းချင်း ဖမ်းဆီးရမိခဲ့ပြီး လုယက်ထွက်ပြေးသူလေးဦးအနက် တစ်ဦးမှာ ပြီးခဲ့သောခုနစ်လက လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဖမ်းဆီးခံထား ရဖူးသူဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ဖန်ဂရမ်ရာဇီရေခဲတောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် မစိမ့်ထက်၏ အလောင်းအား တွေ့ရှိဟုသိရ
ဖန်ဂရမ်ရာဇီရေခဲတောင်ပေါ်တွင် ပြုတ်ကျသေဆုံးခဲ့သည့် မစိမ့်ထက်၏ အလောင်းအား တွေ့ရှိပြီဖြစ်ကြောင်း မစိမ့်ထက်၏ ဖခင်ဖြစ်သူက The Daily Eleven သတင်းစာသို့ အတည်ပြုပြောကြားသည်။ “အသေးစိတ်တော့ မသိဘူး။ ကျွန်တော်က ရန်ကုန်မှာဆိုတော့။ ကယ်ဆယ်ရေးမှာ ဘော်ဒီရပြီဆိုတာပဲ သိတယ်” ဟု မစိမ့်ထက်၏ ဖခင် ဦးမောင်မောင်လေးက ပြောကြားသည်။ မစိမ့်ထက်မှာ ရေခဲတောင်ပေါ်မှ ပြုတ်ကျ၍ သေဆုံးခဲ့သည်မှာ ၄၅ ရက် ကြာပြီဖြစ်သည်။
ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း အိန္ဒိယ၏ အတိုက်အခံကွန်ဂရက်ပါတီက ဂန္ဒီကို ဆက်လက်ထောက်ခံ
အိန္ဒိယရွေးကောက်ပွဲတွင် ကွန်ဂရက်ပါတီက နှစ်ကြိမ်ဆက်တိုက် အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီးနောက် နေရူးဂန္ဒီမျိုးဆက်တစ်ဦး ဖြစ်သည့် အတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဒီက မေ ၂၅ ရက်တွင် ပါတီဥက္ကဋ္ဌဌရာထူးမှ နုတ်ထွက်ခွင့်တင်ခဲ့သော်လည်း ပါတီဝင်များက ကန့်ကွက်ခဲ့ကြသည်။ ဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် ဒုတိယသက်တမ်းအတွက် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် မဟာမိတ်ပါတီများ၏ အဖွဲ့ဝင်များထံမှ ကတိသစ္စာခံခြင်းကို လက်ခံနေစဉ် ကွန်ဂရက်ပါတီ ခေါင်းဆောင်များသည် နယူးဒေလီတွင် အထူးအစည်းအဝေးတစ်ခု ပြုလုပ်ပြီး ゞင်းတို့၏ ရှုံးနိမ့်မှုအတွက် ပြန်လည်အားယူနေသည်။ဗင်နီဇွဲလားအစိုးရအဖွဲ့နှင့် လုပ်ဆောင်မည့် ဆွေးနွေးပွဲများအတွက် အတိုက်အခံခေါင်းဆောင်ဂွါအီဒိုက ကိုယ်စားလှယ်များ စေလွှတ်မည်
လာမည့်သီတင်းပတ်တွင် နော်ဝေနိုင်ငံ အော်စလိုမြို့၌ကျင်းပမည့် သမ္မတနီကိုးလပ်စ် မာဒူရိုအစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် မျက်နှာစုံညီ ညှိနှိုင်းဆွေးနွေးပွဲသို့ ကိုယ်စားလှယ်များ စေလွှတ်မည်ဖြစ်ကြောင်း ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်ဂွါအီဒိုက မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ “ကျွန်တော်စေလွှတ်မယ့် ကိုယ်စားလှယ်အဖွဲ့က ဗင်နီဇွဲလားအစိုးရအဖွဲ့ ကိုယ်စားလှယ်တွေနဲ့သာမက နော်ဝေအစိုးရအဖွဲ့နဲ့ပါ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု သတင်းထုတ်ပြန်ချက်အတွင်း ဂွါအီဒိုက ပြောကြားခဲ့သည်။
ဥရောပအနာဂတ်လမ်းကြောင်းအတွက် ပါလီမန်ရွေးကောက်ပွဲကို နောက်ဆုံးနေ့အဖြစ် ကျင်းပ
ဥရောပအနာဂတ်လမ်းကြောင်းကို ပုံဖော်ရန်အတွက် အမျိုးသားရေးဝါဒီ လက်ယာအစွန်းရောက်များနှင့် ဥရောပကို လိုလားသည့် ပါတီများအကြား ယှဉ်ပြိုင်ကြသည့် ဥရောပပါလီမန်ရွေးကောက်ပွဲ နောက်ဆုံးနေ့ကို မေ ၂၆ ရက်တွင် ကျင်းပခဲ့ရာ ကျန်ရှိသောနိုင်ငံ ၂၁ နိုင်ငံမှ မဲဆန္ဒရှင်သန်းပေါင်းများစွာက မဲပေးခဲ့ကြသည်။ ဂရိ၊ ဟန်ဂေရီ၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယား၊ လစ်သူယေးနီးယားနှင့် ဆိုက်ပရပ်စ်တို့တွင် အစောပိုင်း၌ မဲရုံများ ဖွင့်လှစ်ခဲ့ကြပြီး နာရီပိုင်းအကြာတွင် ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ကျန်နိုင်ငံများ၌ မဲပေးမှုများကို ပြုလုပ်ခဲ့ကြသည်။
လစ်ဗျားသည် ရေနံမှရသည့် ကြွယ်ဝမှုများအား စစ်ပွဲအတွက် ဖြုန်းတီးပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံနေသည်ဟု ကုလသမဂ္ဂ ရှုတ်ချ
ကုလသမဂ္ဂသံတမန် ဂါဆန်ဆာလာမီက လစ်ဗျားတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများအား ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး လစ်ဗျားသည် ရေနံမှရသည့် ကြွယ်ဝမှုများအား စစ်ပွဲအတွက် အချည်းနှီး ဖြစ်စေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေကြောင်း ပြောကြားခဲ့သည်။မြောက်အာဖရိကရှိ လစ်ဗျားနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများသည် ယနေ့ခေတ်၌ ပြည်ပစွက်ဖက်မှုများ၏ စံပြနမူနာတစ်ခု ဖြစ်ကြောင်း ဆာလာမီက နယူးယောက် အခြေစိုက် ပညာရှင်များအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် International Peace Institute (IPI) ကို မေ ၂၂ ရက်နှောင်းပိုင်း၌ ပြောကြားခဲ့သည်။
သျှမ်း ထိုင်းနယ်စပ်တလျှောက် ဒုက္ခသည်စခန်းများ လုံခြုံရေး ခြိမ်းခြောက်ခံနေရ
သျှမ်း – ထိုင်းနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် ဒုက္ခသည် ၆ ထောင်ကျော်၏ ဘဝလုံခြုံရေးခြိမ်းခြောက်ခံနေရကြောင်း သတင်းရရှိသည်။ သျှမ်း-ထိုင်းနယ်စပ် တလျှောက်ရှိ သျှမ်းဒုက္ခသည်စခန်း (၅) ခုအနီးသို့ မြန်မာအစိုးရတပ် နှင့် UWSA တပ်တို့ မှ လုံခြုံရေး တိုးမြှင့်ဝင်ရောက်လာနေကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နှင့် သျှမ်းပြည်နယ်ဒုက္ခသည်များ ဆိုင်ရာကော်မတီ (ထိုင်းနယ်စပ်) ၏ မေ ၂၃ ရက်နေ့ထုတ် အစီရင်ခံစာတွင် ရေးသားထားသည်။
မိတ္ထီလာ၌ ယာဉ်တစ်စီးချောက်ထဲတိမ်းမှောက်ပြီး ယာဉ်မောင်းဖြစ်သူထွက်ပြေးတိမ်းရှောင်
မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့နယ် ရတနာမာရ်ရပ်ကွက်နယ်မြေရန်ကုန်-မန္တလေး ကားလမ်းမ မိုင်တိုင်အမှတ် ၃၃၇ / ၃ နှင့် ၃၃၇ / ၄ အကြားဖောင်တော်ထိပ်ဘုရား အနီးရှိချောက်ထဲသို့ မေ ၂၆ နံနက် ၆ နာရီခန့်က ယာဉ်တစ်စီးတိမ်းမှောက်ပြီးယာဉ်မောင်းဖြစ်သူထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းသိရသည်။ြ ဖစ်စဉ်မှာနံနက် ၈ နာရီ ၃၀ မိနစ်ခန့်ကယာဉ်တစ်စီးချောက်ထဲတွင် တိမ်းမှောက်နေကြောင်းသတင်းရရှိသဖြင့် မြို့မရဲစခန်းမှ ဒုရဲအုပ်သက်ပိုင်စိုးသည် တပ်ဖွဲ့ဝင်များ ၊ အသိသက်သေများနှင့်အတူ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။ နမ့်ခမ်းမြို့က စစ်ဘေးဒုက္ခသည်တချို့နေရပ်ပြန်
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှာရှိတဲ့ ဂျော်ဝမ်းနဲ့ ဂျော်တူးဆိုတဲ့ ကချင်စစ်ရှောင်စခန်းက ဒုက္ခသည်တချို့ အခုရက်ပိုင်းအတွင်းမှာပဲ နေရပ်ပြန်သွားကြတယ်လို့ စခန်းတာဝန်ခံ ဦးဇော်ရော် က ပြောပါတယ်။ အဲဒီစခန်း နှစ်ခုစလုံးဟာ အစိုးရတပ်မတော်နဲ့ KIA တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာတာဖြစ်ပြီး ဂျော်ဝမ်းစခန်းကို ၂၀၁၁ ခုနှစ်က ဖွင့်ထားတာဖြစ်ပြီး ဂျော်တူး စခန်းကတော့ ၂၀၁၄ ခုနှစ်မှာ ဖွင့်ထားတာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးသဘောတူညီချက်မရရင် ကချင်ဒုက္ခသည်တွေပြန်ဖို့ မဖြစ်နိုင်
ကချင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် နှစ်နဲ့ချီ စစ်ရှောင်နေရတဲ့ ပြည်သူတွေ နေရပ်ရင်း လုံခြုံစိတ်ချစွာပြန်နိုင်ရေးကတော့ ကချင် လွတ်မြောက်ရေးတပ် KIA နဲ့ မြန်မာအစိုးရတပ်တို့ကြား ငြိမ်းချမ်းရေးသဘောတူညီမှု ခိုင်မာမှပဲ ပြန်ဖို့ဖြစ်နိုင်မယ်လို့ ကချင်စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်ရေး ဦးဆောင်ဆောင်ရွက်နေတဲ့ ကော်မတီဥက္ကဋ္ဌကပြောပါတယ်။ ကချင်ပြည်သူတွေ ပြန်ကြမယ့် မူလနေရာတွေမှာ မိုင်းရှင်းလင်းရေး၊ ပုံမှန်နေလူမှုဘဝတွေမှာ ပြန်လည်အခြေချနေထိုင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကုစားနိုင်မယ့် အရေးတွေကိုလည်း စနစ်တကျ အချိန်ယူဆောင်ရွက်ဖို့လိုမယ်လို့ ကချင်ဘာသာရေးခေါင်းဆောင်ကဆိုပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
ဆိုင်ကယ်အားတိုက်၍ ယာဉ်နှင့်အတူပြေး ဆိုင်ကယ်မောင်းသူနှင့်လိုက်ပါသူပွဲချင်းပြီးသေဆုံး
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်lဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အမှတ်(၉၀)ရပ်ကွက် ပုဏ္ဏမီလမ်းပေါ်တွင် မေ ၂၅ ရက် နံနက် ၂ နာရီ ခွဲ ခန့် ကယာဉ်တစ်စီး(ယာဉ်အမျိုးအစားမသိ) ကဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးအားတိုက်ကာ မောင်းနှင် ထွက်ပြေးသွားခဲ့သည်။ ယာဉ်တိုက်သည့်အသံကြားသဖြင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများ ရောက်ရှိလာသည့်အခါ လူနှစ်ဦး ဒဏ်ရာများဖြင့်လဲကျ နေသည်ကိုသာတွေ့ရှိရပြီး တိုက်သည့်ယာဉ်ကိုမတွေ့ရှိရပေ ။
အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို Mobile Payment များအသုံးပြု၍ထုတ်ယူနိုင်သကဲ့သို့ Myanmar Mobile Money ဖြင့်လည်း ထုတ်ယူနိုင်
အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို မိုဘိုင်းပေးမင့် (Mobile Payment) များအသုံးပြု၍ ထုတ်ယူနိုင်သကဲ့သို့ ဘဏ်ခွဲ ၂၈၁ ခုတွင် Myanmar Mobile Money ဖြင့်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို လစဉ် ၂၁ ရက်နေ့ နောက် ပိုင်း ဘဏ်ဖွင့်ချိန်တိုင်း နေ့စဉ် ထုတ်ယူနိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၄၂၀၀ ကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်တွင် ဒေသကာလပေါက်ဈေးငွေကျပ် ၄၂၁၀.၈၇၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀,၇၂၅ပြား အားသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ က ယနေ့သတင်းထုတ်ပြန်သည်။ြ ဖစ်စဉ်မှာ မေလ ၂၄ ရက် ၀၆း၃ဝ နာရီ တွင် တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့နယ်၊ တာတီးဝမ်း ကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ကြံခင်းအတွင်းရှိ လူမနေသည့်တဲအဟောင်းအတွင်း ကြမ်းခင်း ပေါ်ရှိ ဆာလာအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀,၇၂၅ ပြားNLD အစိုးရ တတိယတစ်နှစ်တာကာလ စစ်ဖက်ကနေ အရပ်ဖက်ပြောင်းသူ ၈၀ ကျော်ရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် တတိယ တစ်နှစ်တာ ကာလအတွင်း ကာကွယ်ရေး ဝန်ကြီးဌာနကနေ အရပ်ဖက် ဝန်ကြီးဌာနကို ပြောင်းလဲလာတဲ့ အရာထမ်း ဦးရေ ၂၂ ဦးရှိပြီး အရပ်ဖက် ဝန်ကြီးဌာနတွေကနေ ကာကွယ်ရေး ဝန်ကြီးဌာနဆီကို ပြန်တမ်းဝင် အရာရှိတောင်းခံလို့ ပြောင်းလာရသူ အရာထမ်း ၆၀ ဦးရှိတယ်လို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေက ပြောပါတယ်။
KNU ရဲ့အားလုံးပါဝင်ရေး အဆိုပြုချက်ကို UWSA အကောင်းမြင်
အပစ်မရပ်သေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်လာနိုင်အောင် တိုင်းရင်းသား အဖွဲ့စု ဖွဲ့မူအသစ်တခုကိုဖွဲ့စည်းဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့အဆိုပြုချက်ကို လက်ခံသိရှိ ထားပြီး ကောင်းတဲ့အကြံပြုချက်ပဲလို့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ လားရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောပါတယ်။
အသက်ခံရတဲ့ လီဆူတိုင်းရင်းသား သုံးဦးအတွက် KIA က နစ်နာကြေးပေးခဲ့
ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဖမ်းဆီးထားစဉ်အသက်သေဆုံးခဲ့ရတဲ့ လီဆူတိုင်းရင်းသား သုံးဦးနဲ့ ရိုက်နှက်ခံရသူ တစ်ဦးတို့ကို KIA အဖွဲ့က နစ်နာကြေးအဖြစ် ပေးလိုက်တယ်လို့ သိရပါတယ်။ အသတ်ရခံသူတွေနဲ့ပတ်သက်ပြီး လီဆူညှိနှိုင်းပေးရေးကော်မတီအဖွဲ့၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့၊ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ KIA ကိုယ်စားလှယ်၊ ရပ်မိရပ်ဖအဖွဲ့တွေက မေလ၂၁ ရက်နေ့မှာ တွေ့ဆုံညှိနှိုင်းပြီး သဘောတူခဲ့တာဖြစ်ပါတယ်။
အမေရိကန်စစ်သင်္ဘောများကို လျှို့ ဝှက်လက်နက်များအသုံးပြု၍ နှစ်မြှုပ်ပစ်မည်ဟု အီရန်ခြိမ်းခြောက်
အီရန်နိုင်ငံတွင် ထိပ်တန်းလျှို့ ဝှက်လက်နက်သစ်နှစ်မျိုးရှိကြောင်း နှင့် ယင်းအားအသုံးပြု၍ အမေရိကန်စစ်သင်္ဘောများကို နှစ်မြှုပ်ပစ်မည်ဟု အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) တပ်မှူးချုပ်၏ အကြံပေးဖြစ်သူ တစ်ဦးက မေ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ “ ပင်လယ်ကွေ့ ရေပြင်ထဲမှာ ရန်သူဖက်က မိုက်မဲတဲ့ လုပ်ရပ်သေးသေးလေးတစ်ခု လုပ်ဆောင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဖက်က သူတို့ ကို ဘယ်လို လုပ်ဆောင်သွားမလဲဆိုတာကို သူတို့ သိရလိမ့်မယ် ” ဟု Morteza Qorbani ၏ပြောကြားချက်ကို ကိုးကား၍ တီဟီရန်တိုင်းမ်စ်နေ့ စဉ်သတင်းစာက ဖော်ပြခဲ့သည်။
အောက်မေ့ဘွယ်နေ့ဂုဏ်ပြုတဲ့ Rolling Thunder အဖွဲ့
သြဇာကြီးတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Prem Tinsulanonda ကွယ်လွန်
ထိုင်းနိုင်ငံရေးမှာ သြဇာကြီးမားပြီး၊ ဘုရင့်အတိုင်ပင်ခံကောင်စီဝင်တဦးလည်းဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်း Prem Tinsulanonda ဟာ ဒီကနေ့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ဘန်ကောက်ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး၊ ကွယ်လွန်ချိန်မှာတော့ အသက် ၉၈ နှစ် ရှိပြီဖြစ်တယ်လို့ ထိုင်းအစိုးရ လူထုဆက်ဆံရေးဌာနက ကြေငြာလိုက်ပါတယ်။မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှု အရေးမကြီးသလို ထရမ့်ပြော
မကြာသေးခင်က မြောက်ကိုရီးယား လုပ်ခဲ့တဲ့ ဒုံးကျည် စမ်းသပ်မှုတွေအပေါ် စိုးရိမ်မကင်း ဖြစ်နေမှုတွေနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ ထရမ့်က အရေးမကြီးသယောင် ပြောကြားလိုက်ပါတယ်။ ဒါဟာ သူ့ရဲ့ လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် ပြောခဲ့တာတွေနဲ့ ဖီလာ ဆန့်ကျင် ဖြစ်နေပါတယ်။ တနင်္ဂနွေနေ့တုန်းက ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့ပြီးပြီးချင်းမှာပဲ သမ္မတ ထရမ့်က မြောက်ကိုရီးယား စမ်းသပ် ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ အသေးစားတွေသာ ဖြစ်တယ်လို့ သူ့ရဲ့ တွစ်တာမှာ ဖေါ်ပြခဲ့ပါတယ်။
ချင်းတွင်းမြစ်အတွင်း မော်တော်(၂)စင်း တိုက်မိမှုဖြစ်ပွား၊ အလောင်း ၃ လောင်း ဆယ်ယူရရှိ၊ ပျောက်ဆုံးသူ ၂ ဦးအား ရှာဖွေနေဆဲ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းတံတား အနီးမှာ မေ(၂၆)ရက် မနက်ပိုင်းက သစ်ထုတ်ရေးလုပ်ငန်းက ဖောင်ဆွဲမော်တော်နဲ့ ကုန်တင် မော်တော်- ဒေသအခေါ်(ဖလက်မော်တော်) တို့ တိုက်မှုဖြစ်ပွားခဲ့ ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ဖောင်ဆွဲမော်တော် နစ်မြုပ်ခဲ့တယ်လို့ မုံရွာမြို့ မီးသတ်ဦးစီးဌာနက အတည်ပြုပြောဆိုပါတယ်။
Sunday, May 26, 2019
ပန်းဘဲတန်းမြို့နယ်ကို Smart Township အဖြစ် NLDအစိုးရသက်တမ်းအတွင်း အပြီး ဆောင်ရွက်မည်
ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်ကို Smart Township အဖြစ် ကျန်ရှိတဲ့ NLD အစိုးရသက်တမ်း နှစ်နှစ်အတွင်း အပြီး ဆောင်ရွက်သွားမယ်လို့ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေဖူးဘဆွေက ပြောပါတယ်။ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်ကို Smart Township အဖြစ် ကျန်ရှိတဲ့ NLD အစိုးရသက်တမ်း နှစ်နှစ်အတွင်း အပြီး ဆောင်ရွက်သွားမယ်လို့ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေဖူးဘဆွေက ပြောပါတယ်။
ဂျာမန် DFB ဖလား ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်က လိုက်ဇစ်ကို အနိုင်ယူ
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန် DFB ဖလား ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်က လိုက်ဇစ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဘိုင်ယန်မြူးနစ်အတွက်တော့ လက်ရှိရထားတဲ့ ဘွန်ဒတ်စ်လီဂါဖလားအပြင် DFB ဖလားကိုပါ ဒီနှစ်ရာသီထဲမှာ သိမ်းပိုက်သွားတာပါ။ ဘိုင်ယန်မြူးနစ်အတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက ၂ ဂိုးနဲ့ ကိုးလ်မန်က ၁ ဂိုး အသီးသီးသွင်းယူပါတယ်။ ဒီပွဲမှာ ကစားနေကျ ပုံစံအတိုင်း ဘိုင်ယန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့သလို ဂိုးပေါက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။ လိုက်ဇစ်ကလည်း အခွင့်အရေးတွေ ရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဘိုင်ယန်မြူးနစ် နည်းပြ ကိုဗက်အတွက်တော့ အသင်းကို တာဝန်ယူတဲ့ ပထမရာသီမှာပဲ ပြည်တွင်းဖလားနှစ်လုံးဖြစ်တဲ့ ဘွန်ဒတ်စ်လီဂါနဲ့ DFB ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
ဘားအံမြို့တွင် ကျပ်သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
တောဆင်ရိုင်းများ ဖမ်းဆီးသတ်ဖြတ်မခံရရေး ၀ိုင်းဝန်းကူညီရန် ဦးဖြိုးမင်းသိန်းပြော
ဝက်သားဈေးကြီးမြင့်သဖြင့် ပြင်သစ်အသင့်စား အသားထုတ်လုပ်ငန်းများ ပြိုလဲနိုင်
အာဖရိက ၀က်အပြင်းဖျားရောဂါကြောင့် တရုတ်နိုင်ငံမှာ ၀က်အကောင်ရေ သန်းချီ သတ်ဖြတ်ခံရပြီး ပြင်သစ်အသင့်စား အသားထုတ်လုပ်သူတွေဟာလည်း ၀က်သားဈေး ကြီးမြင့်တဲ့ဒဏ်ကို ခါးစည်းခံနေရပါတယ်။ အဲဒီအတွက် အသားထုတ်လုပ်ငန်း ပြိုလဲတာတွေ ဖြစ်နိုင်တယ်ဆိုပြီး ထုတ်လုပ်သူတွေက မေလ ၂၄ ရက်နေ့က ပြောပါတယ်။ ကူးစက်နှုန်းမြင့်မား ဗိုင်းရပ်စ်တမျိုးဖြစ်တဲ့ အာဖရိက ၀က်အပြင်းဖျားရောဂါဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကစပြီး တရုတ်နိုင်ငံ ပြည်နယ်တိုင်းမှာ ကူးစက်ပျံ့နှံ့နေတာဖြစ်ပါတယ်။ ဒီအတွက် ကမ္ဘာ့ကြီးဆုံး ၀က်သားထုတ်လုပ်တဲ့ တရုတ်နိုင်ငံမှာ ၀က်ကောင်ရေ သန်းချီ သတ်ဖြတ်ခဲ့ရပြီး ဒီနှစ် အစောပိုင်းမှာ ၀က်သားတွေကို နိုင်ငံခြားကနေ တင်သွင်းခဲ့ရပါတယ်။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ပရမ်တင်ဆူလာနွန် ကွယ်လွန်
ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်ဟောင်း ပရမ်တင်ဆူလာနွန်ဟာ မေလ(၂၆)ရက်နေ့ မနက်ပိုင်းက ဘန်ကောက်မြို့ရှိဆေးရုံမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ StraitsTimes သတင်းဖော်ပြချက်အရ သိရပါတယ်။ ဆူလာနွန်ဟာ ကွယ်လွန်ချိန်မှာ အသက်(၉၈)နှစ်အရွယ်ရှိပြီဖြစ်ပြီး၊ နှလုံးရောဂါနဲ့ကွယ်လွန်သွားတာဖြစ်တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ ဆူလာနွန်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း အဖြစ်သာမက ထိုင်းစစ်ဦးစီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်ပြီး၊ ထိုင်းဘုရင်အကြံပေးအဖွဲ့ရဲ့ အကြီးအကဲတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဆူလာနွန်ဟာ ထိုင်းတပ်မတော်နဲ့ ထိုင်းနိုင်ငံရေးလောကမှာ ဆယ်စုနှစ်များစွာ အရှိန်အ၀ါကြီးခဲ့သူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ်(၂၇)မှ လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ လေ့လာရေး အလည်အပတ်ခရီး ရောက်ရှိနေသော နိုင်ဂျီးရီးယားနိုင်ငံ၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းအမှတ်စဉ်(၂၇)မှ ဗိုလ်မှူးချုပ် Lawrence Ayaegbunem FEJOKWU ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗန်ကောက်အခြေစိုက် နိုင်ဂျီးရီးယားသံရုံးမှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ လေ့လာရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ အထင်ကရ နေရာများသို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြကြောင်း သတင်း ရရှိသည်။
Lenovo က ကမ္ဘာ့ပထမဆုံးခေါက်ချိုးနိုင်သည့် လက်ပ်တော့ကို ထုတ်ဖော်ပြသ
ကမ္ဘာပေါ်တွင်ရှိနေပြီးသားခေါက် ချိုးနိုင်သည့်လက်ပ်တော့များသည် ဖန် သားပြင်သာဖြစ်သော်လည်း ယခုအခါ Lenovo က ကမ္ဘာ့ပထမဆုံးအနေဖြင့် ကိုယ်ထည်ကြီးတစ်ခုလုံးကို ခေါက်ချိုးချ နိုင်သည့်လက်ပ်တော့ကို တီထွင်ဖန်တီးပြ သခဲ့သည်ဟု သိရသည်။ တက်ဘလက်ပုံစံဖြစ်သော်လည်း လက်ပ်တော့ပုံစံအသုံးပြုရန်ခေါက်ချိုး လိုက်ပြီဆိုပါက ထွက်ပေါ်လာသည့်ဖန် သားပြင်နှစ်ခုထဲမှတစ်ခုတွင် ကီးဘုတ် ပေါ်လာလိမ့်မည်ဖြစ်သည်။ ဖန်သားပြင် ကို မြင်ကွင်းကျယ်ကြည့်ချင်ပါကလည်း ခေါက်ချိုးဖန်သားပြင်ကို Bluetooth အ သုံးပြု၍ ပြင်ပကီးဘုတ်နှင့်ချိတ်ဆက်အ သုံးပြုနိုင်သည်။ကျောက်တောင်ပြိုကျ မှုကြောင့် (၂) ဦးသေဆုံး ၊ (၂) ဦးဒဏ်ရာရ
မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ ဂျပန်လျိုတွင် ကျောက်ထုတ်လုပ်ရေးလုပ်နေသည့် နေရာ၌ ကျောက်တောင်ပြိုကျကာ (၂) ဦးသေဆုံး ၊ (၂) ဦးဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရသည် ။ ကျောက်ထုခတ်လုပ်ရေးတွင် ထော်လာဂျီဖြင့် ကျောက်တင်နေစဉ် တုန်ခါမှုတစ်ခုကြောင့် ကျောက်တောင်ပေါ်မှ ကျောက်အအလွှာ ပြိုကျခြင်းဖြစ်ကာ တောင်အောက်ရှိ ကျောက်ထုပ်ရေးမှ အလုပ်သမားများ ပိမိခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ က သိရသည် ။ အဆိုပါဖြစ်စဉ်ကြောင့် လူ (၂) ဦးနေရာတွင် သေဆုံးခဲ့ပြီး(၂) ဦးမှာ ဒဏ်ရာရရှိခဲ့ကာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ထားကြောင်း သိရသည် ။ လက်ရှိအခြေအနေတွင် ထော်လာဂျီ တစ်စီးနှင့် လူတစ်ဦး ပိမိနေသေးသည်ဟုဆိုကာ ရှာဖွေကယ်ဆယ်မှုများဆောင်ရွက်လျှက်ရှိသည် ။
အိမ်ထောင်ရေး ဖောက်ပြန်မှု၊ နှိပ်စက်ညှဉ်းပန်းမှု
အိမ်ထောင်ရေး ဖောက်ပြန်မှု၊ လင်က မယားကိုဖြစ်စေ၊ မယားက လင်ကိုဖြစ်စေ နှိပ်စက်ပါက ဥပဒေကြောင်းအရ ဘယ်လို ကွာရှင်းရသလဲ စတာတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်က မေးမြန်းလာတာတွေကို တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မေသန်းအား ဒီဗွီဘီသတင်းထောက် နေရီရီက တွေ့ဆုံမေးမြန်းထားပါတယ်။
ဖြူးမြို့တွင် မိုးကြိုးထိမှန်၍ အမျိုးသားတဦးသေဆုံး
ပဲခူးတိုင်း ဖြူးမြို့ ဆားဂွန်းကျေးရွာမှာ မေလ ၂၅ ရက်နေ့ ညနေပိုင်းက မိုးကြိုးထိမှန်ပြီး အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဖြူးမြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ အဆိုပါအမျိုးသားဟာ မိုးရွာချိန်လယ်ကွင်းအတွင်း နွားကျောင်းနေစဉ်မှာ မိုးကြိုးအပစ် ခံခဲ့ရတာဖြစ်ပြီး နေရာမှာပင် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အေဂျက်စ်လူငယ်ကစားသမား ဒီလစ်ကို ပေါင် သန်း ၇ဝ ဖြင့် မန်ယူကမ်းလှမ်း
စပါးဈေးကျသဖြင့် ဖြူးမြို့နယ် နွေစပါးစိုက်တောင်သူများ အခက်ကြုံ
ပဲခူးတိုင်း ဖြူးမြို့နယ်အတွင်းမှာ နွေစပါးပေါ်ချိန်မှာ စပါးဈေးကျဆင်းလာတဲ့အတွက် တောင်သူတွေအနေနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ နွေစပါးစိုက်တောင်သူတွေက ပြောပါတယ်။ အရင်နှစ်က နွေစပါးပေါ်ချိန်မှာ တင်း ၁၀၀ ကို ကျပ်ငွေ ၆ သိန်းလောက် ရောင်းချခဲ့ ရပေမယ့်လည်း အခုနှစ်မှာ ၄ သိန်းခွဲတောင် ၀ယ်ယူမယ့်သူ မရှိဖြစ်နေတာလို့ တောင်သူတွေက ဆိုပါတယ်။
ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဆေးဆိုင် ၆ ဆိုင်ကို သက်တမ်းလွန်ဆေးရောင်းချသဖြင့် ယာယီပိတ်သိမ်း
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ဆေးဆိုင် ၆ ဆိုင်အား သက်တမ်းလွန်ဆေးဝါးများရောင်းချနေခြင်းကြောင့် မေ ၂၁ ရက်မှစတင်၍ ယာယီပိတ်သိမ်းထားကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်)FDAမှ သိရသည်။ ယင်းဆေးဆိုင်များအားစစ်ဆေးရာတွင် ဆေးဆိုင် (၆) ဆိုင်မှ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်( Myanmar Registration No.) မပါရှိသောဆေးဝါး (၇၉) မျိုး၊ သက်တမ်းလွန်ဆေးဝါး (၆) မျိုး နှင့် စပ်ဆေးဟုယူဆရသောဆေး ထုပ် (၆) ထုပ်တို့ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ပြီး ယင်းဆေးဝါးအရောင်းဆိုင်များအား စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူနိုင်ရန်အတွက်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း FDA မှ သိရသည်။ကားဘီး ရွှံ့ကာကြား ကျောက်စိမ်း (၂၈၅)တုံးဝှက်၍ သယ်လာသူနှစ်ဦးကို ကျောက်မဲမြို့တွင် ဖမ်းမိ
(၈)ကြိမ်မြောက် အိန္ဒိယ-မြန်မာ ပူးတွဲကင်းလှည့်မှုပိတ်ပွဲအတွက် အိန္ဒိယရေတပ်သင်္ဘောများ ရန်ကုန်မြို့သို့ လာမည်
(၈)ကြိမ်မြောက် အိန္ဒိယ-မြန်မာ ပူးတွဲကင်းလှည့်မှု ပိတ်ပွဲ အခမ်းအနားအတွက် အိန္ဒိယရေ တပ်မှ Dornier လေယာဉ်တစ်စီး နှင့်အတူ အိန္ဒိယရေတပ်သင်္ဘော နှစ်စီးသည် ရန်ကုန်မြို့သို့ ယခုလ ၂၆ ရက် (ယနေ့)မှ ၂၈ ရက်အထိ လာရောက်မည်ဖြစ်သည်။
အမေရိကန်သမ္မတကတော်နှင့် ဂျပန်ဝန်ကြီးချုပ်ကတော် တိုကျိုပြတိုက်ကို သွားကြည့်
အမေရိကန်သမ္မတကတော် မီလန်နီယာထရမ့်နဲ့ ဂျပန်ဝန်ကြီးချုပ်ကတော် Akie တို့ဟာ သူတို့ခင်ပွန်းတွေ ဂေါက်ကစားနေတဲ့တစ်ချိန်တည်းမှာပဲ မေလ(၂၆)ရက်က တိုကျိုမြို့က ဒစ်ဂျစ်တယ်အနုပညာပြတိုက်ကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ နာမည်ကြီး Teamlab Borderless " ပြတိုက်ကို ပြီးခဲ့တဲ့နှစ်က ဖွင့်လှစ်ခဲ့ပြီး၊ ပြတိုက်မှာ မီးအိမ်နဲ့ကျောက်တွေကို အသုံးပြုထားတဲ့ လက်ရာတွေနဲ့ ဒစ်ဂျစ်တယ်ငါးပြတိုက်တစ်ခုကိုလည်း ပြသထားပါတယ်။သမီးလေးတွေနဲ့ ပတ်သက်ပြီးဝေဖန်သူတွေကို ပြန်ချေပလိုက်တဲ့ နန္ဒာလှိုင်
သူမတင်တဲ့ ပို့စ်တွေကို သဘောမကျရင် ကျော်သွားပါလို့ ဆိုပါတယ်။ သမီးလေးတွေနဲ့ ပတ်သက်ပြီး ဝေဖန်သူတွေကို ပြန်ချေပလိုက်တာ ဖြစ်ပါတယ်။ သူမတင်တဲ့ ပို့စ်တွေကို သဘောမကျရင် ကျော်သွားပါလို့ ဆိုပါတယ်။ သမီးလေးတွေနဲ့ ပတ်သက်ပြီး ဝေဖန်သူတွေကို ပြန်ချေပလိုက်တာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေး သုံးယောက်ကို ပိုင်ဆိုင်ထားတဲ့ နန္ဒာလှိုင်ဟာ သမီးလေးတွေရဲ့ ပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ အမြဲတင်လေ့ရှိပါတယ်။သူမယခုလို ပုံလေးတွေ တင်ခြင်းဟာ ကလေးတွေ ကြီးလာရင် ပြန်ကြည့်ဖို့အတွက် တင်တာ ဖြစ်ပြီး သူမတင်တဲ့ပို့စ်တွေကို မကြိုက်ရင် ကျော်သွားနိုင်ပါတယ်လို့ ပြောထားပါတယ်။မြန်မာနိုင်ငံတွင် အသက်မပြည့်သေးသော ကလေးငယ်များ အဓမ္မခိုင်းစေခံရမှု အများဆုံး ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
မြန်မာနိုင်ငံတွင် အသက်မပြည့်သေးသော ကလေးငယ်များ အဓမ္မခိုင်းစေခံရမှု အများဆုံး ဖြစ်နေကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ေ မ ၂၅ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ပြုလုပ်သော အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ သုံးပွင့်ဆိုင် ဆွေးနွေးပွဲဖိုရမ် ပြုလုပ်ပြီးနောက် သတင်းမီဒီယာများက မေးမြန်းရာတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တစ်ပတ်အတွင်း ကမ္ဘာ့ရေနံဈေး ခုနစ်ရာခိုင်နှုန်းခန့် ပြန်ကျသော်လည်း ပြည်တွင်းစက်သုံးဆီဈေးများ ဆက်တက်နေပြီး ဇန်နဝါရီလဆန်းဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်
တစ်ပတ်အတွင်း ကမ္ဘာ့ရေနံဈေးနှုန်း ခုနစ်ရာခိုင်နှုန်းကျော် ပြန်ကျသော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ဆက်တက်နေပြီး ဇန်နဝါရီလဆန်း ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများအရ သိရသည်။
ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများကို စောင့်ရှောက်ရန် မြန်မာအလုပ်သမား စေလွှတ်နိုင်ရေး ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အစည်းအဝေးတွင် ခွင့်ပြုခဲ့
ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများကို စောင့်ရှောက်ရန် မြန်မာအလုပ်သမား စေလွှတ်နိုင်ရေး ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အစည်းအဝေးတွင် သဘောတူ ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အို စောင့်ရှောက်မှု သင်တန်းကျောင်းနှင့် တူညီသည့် သင်တန်းကျောင်းကို မတ် ၇ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။
သားအဖချင်း စကားများရန်ဖြစ်ပြီး သားဖြစ်သူက ဖခင်အား ကတ်ကြေးဖြင့် ထိုးရာမှ လူသေဆုံးမှု ထန်းတပင်မြို့နယ်တွင် ဖြစ်ပွား
ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် အင်းယားကြီး ကျေးရွာအုပ်စု ချောင်းကမ်းကျေးရွာတွင် မေ ၂၄ ရက် ည ၉ နာရီ ခွဲခန့်က တစ်အိမ်တည်း အတူနေ သားအဖနှစ်ဦး စကားများ ရန်ဖြစ်ကြရာမှ သားဖြစ်သူက အဖေဖြစ်သူအား ကတ်ကြေးဖြင့်ထိုး၍ လူသေဆုံးမှု ဖြစ်ပွားခဲ့သဖြင့် သားဖြစ်သူကို လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း ထန်းတပင်မြို့မရဲစခန်းမှ သတင်းရရှိသည်။ ဖြစ်စဉ်ဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်ပြီး ထန်းတပင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး နေလင်းအောင်က “သူတို့သားအဖနှစ်ယောက် စကားများတာပေါ့။ သားဖြစ်သူက မူးနေတော့ အဲဒါစကားများရင်းနဲ့ ကတ်ကြေးနဲ့ ထိုးလိုက်တာ ဒါပါပဲဗျ၊ ဒဏ်ရာက တစ်ချက်ထဲပါ။ သူ့ကိုလည်း မိပါတယ်။ ကျွန်တော်တို့က ၃၀၂ နဲ့ပဲ အမှုဖွင့်မှာပါ” ဟု ပြောကြားသည်။
အမြန်လမ်းတွင် ခရီးသည်တင်မှန်လုံယာဉ်က ရှေ့မှ မောင်းနေသော လိုက်ထရပ်ယာဉ်အား ဝင်တိုက်မိရာမှ လိုက်ထရပ်ယာဉ်ပေါ်ပါသူ အမျိုးသမီး ၂ ဦးသေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၂၅၈ မိုင်အနီးတွင် မေလ ၂၆ ရက် နံနက်အစောပိုင်းက နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်နေသော လိုက်ထရပ်မော်တော်ယာဉ်အား Famous ခရီးသည်တင် မော်တော်ယာဉ်က နောက်မှဝင်တိုက်မိပြီး လိုက်ထရပ်ယာဉ်ပေါ်လိုက်ပါသူ ခရီးသည်များအနက် အမျိုးသမီး၂ ဦးသေဆုံးကာ ၈ ဦးခန့်ထိခိုက် ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းမှ သိရသည်။၂၀၁၉ ခုနှစ်တွင် တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်၌ လူကုန်ကူးမှုများ မြင့်တက်
တရုတ်နိုင်ငံသားများနှင့် လက်ထပ်ရန် လူကုန်ကူးခံရသော မြန်မာအမျိုးသမီးများ အရေအတွက်သည် ၂၀၁၉ ခုနှစ်တွင် မြင့်တက်လာခဲ့ကြောင်း မြန်မာ-တရုတ်နယ်စပ်၌ စခန်းထိုင်သော အရာရှိများက ထိန်းသိမ်းထားသည့် စာရင်းဇယားများအရ သိရသည်။ မူဆယ်ခရိုင်ရှိ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့မှ ရဲမှူး ဦးကျော်ညွန့်က လူကုန်ကူးခံရသော အမျိုးသမီးအများအပြားသည် ပိုမိုကောင်းမွန်သော ဘဝရရှိမည်ဟု ကတိပေးခံရကာ နယ်စပ်ကို ဖြတ်ကျော်လျက် ဖြားယောင်း သွေးဆောင်ခံရသော်လည်း တရုတ်နိုင်ငံသို့ ရောက်ရှိသည်နှင့် ゞင်းတို့သည် လူကုန်ကူးသူများ ပြုသမျှ နုရသည့်ဘဝသို့ ကျရောက်သွားခဲ့ကြောင်း ပြောပြခဲ့သည်။
AAအဖွဲ့ လုံခြုံရေးအတွက် မှဲ့တစ်ပေါက်မစွန်းစေရဟု တပ်မတော်က အာမခံထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များတွေ့ဆုံရန် AA အဖွဲ့က ゞင်းတို့၏ လုံခြုံရေးကို စိုးရိမ်နေသောကြောင့် တွေ့ဆုံမည့်နေရာညှိနှိုင်းနေပြီး လုံခြုံရေးအတွက် မှဲ့တစ်ပေါက်မစွန်းစေရဟု တပ်မတော်က အာမခံထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့်ပတ်သက်၍ မြန်မာနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့ သဘောတူညီချက် လက်မှတ်ရေးထိုး
ဘင်္ဂါလီ မွတ်စလင်များကို ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ နိုင်ငံရေးဆန္ဒကို နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်နေချိန်တွင် မြန်မာအစိုးရသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး (UNHCR) နှင့် ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ခဲ့ကြောင်း သိရသည်။မေ ၂၀ ရက်မှစတင်သည့် ငါးရက်ကြာခရီးစဉ်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေ သည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီနှင့် အကျိုးရှိသော ဆွေးနွေးမှုတစ်ရပ်ကို မြန်မာအာဏာပိုင်များအနေဖြင့် မကြာသေးမီက ပြုလုပ်နိုင်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။တရုတ်ဘက်မှ ရနိုင်သမျှ ၀ယ်ယူနေမူကြောင့် မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပေါ်ဦးပေါ်ဖျားနှမ်းနက်များ ယမန်နှစ်ထက် အဖွင့်ဈေးကောင်းရနေ
တရုတ်နိုင်ငံဘက်က ရနိုင်သမျှဝယ်ယူနေလို့ မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ ပေါ်ဦးပေါ်ဖျားနှမ်းနက်ရဲ့အဖွင့် ဈေးမှာ အရင် နှစ်ကထက် ဈေးကောင်းရနေတယ်လို့ မန္တလေးမြို့ပဲနှမ်းကုန်သည်တွေထံက သိရပါတယ်။
မန္တလာသီရိအားကစားကွင်း တွင် Sai Sai Mandalay Show ကျင်းပ
မေလ ၂၅ ရက်နေ့ ညနေ ၅ နာရီက မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းတွင် အဆိုတော်စိုင်းစိုင်းခမ်းလှိုင် ၏ ၁၅ ကြိမ်မြောက် Sai Sai Mandalay Show ကျင်းပခဲ့ကြောင်း သိရသည်။ ယခု Show ပွဲသည် မန္တလေးမြို့တွင် ၅ ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး သီချင်းပုဒ်ရေ ၅၀ နီးပါးခန့် သီဆို ဖျော်ဖြေခဲ့သည်။ဘန်နီဖြိုး၊ Snare ၊ ငယ်ငယ်၊ မျိုးကျော့မြိုင်၊ အမရာဘုန်းနှင့် အနုပညာရှင်များစွာ ကလည်း Dancer Group များဖြင့် ပါဝင် သီဆိုဖျော်ဖြေခဲ့သည်။
မုံရွာမြို့ချင်းတွင်းတံတားအနီး ဖောင်ဆွဲစက်လှေနှင့် ကုန်တင်ရေယာဉ်တိုက်မှုဖြစ်ပွားခဲ့မှုကြောင့် လူ၅ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ မုံရွာမြို့တွင် မေလ ၂၆ ရက် (ယနေ့) နံနက်ပိုင်းက ချင်းတွင်းတံတားအနီး ဖောင်ဆွဲစက်လှေနှင့် ကုန်တင်ရေယာဉ်တိုက်မှုဖြစ်ပွားခဲ့မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။ အဆိုပါဖြစ်စဉ်ကို ဌာနဆိုင်ရာများ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးကိုယ်တိုင် အနီးကပ်ကွက်ကဲကာ ရှာဖွေရေးများ ဆောင်ရွက်နေကြောင်း သိရသည်။ ဖောင်ဆွဲစက်လှေအတွင်း သေဆုံးသူများ၏ ရုပ်အလောင်းများကို ရှာဖွေကယ်ထုတ်နေပြီး ဆယ်ယူရရှိခဲ့သည့် သေဆုံးသူများ၏ ရုပ်အလောင်းများကို နာရေးကူညီမှု အသင်းများက ဆေးရုံသို့ ပို့ဆောင်ပေးနေကြောင်း သိရသည်။
ဆည်းဆာကို ငဲ့စောင်းကြည့်လေသော်
ကျွန်တော် ဆည်းဆာတွေ ကို ချစ်သည်။ ချစ်၍လည်း တစ် နေ့ပြီးတစ်နေ့ ရောက်တိုင်း ဆည်း ဆာတွေကို ငေးကြည့်ဖို့အမြဲအား ထုတ်ဖူးသည်။ သို့သော် ကြည့်ရ သည်လည်းရှိ၏၊ မကြည့်ရသည် လည်းရှိ၏။ တကယ်တော့ နေ့ တစ်နေ့၏အလှတွင် ဆည်းဆာ လည်းပါသည်။ ဟုတ်သည်။ ဆည်းဆာသည် တကယ်လှ၏။
တောင်အာဖရိက သမ္မတသစ် ကျမ်းကျိန်
တောင်အာဖရိကနိုင်ငံရဲ့ သမ္မတသစ်အဖြစ် Cyril Ramaphosa ဒီကနေ့ စနေနေ့မှာ ကျမ်းသစ္စာကျိန်ဆိုပါတယ်။ မြို့ တော် Pretoria မှာကျင်းပတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဒေသတွင်းခေါင်းဆောင်တွေနဲ့ ဧည့်သည်တော် ၃ သောင်းလောက် တက်ရောက်လာတာပါ။ သူ့အပေါ် ထားတဲ့ ယုံကြည်မှုတွေအပေါ် တန်ဖိုးထားတဲ့အပြင် တောင်အာဖရိကနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း သတိပြုမိကြောင်းနဲ့ ပြည်သူပြည်သားတွေအနေနဲ့ ပိုမိုကောင်းတဲ့ အနာဂတ် မျှော်မှန်းနေကြတယ်လို့လည်း သမ္မတသစ် Ramaphosa ကကျမ်းသစ္စာကျိန်ဆိုပွဲမှ ပြောဆိုသွားပါတယ်။ဧဝရက်တောင်တက်ရင်းသေဆုံးသူ တောင်တက်သမား တစ်ပတ်အတွင်း ငါးဦးရှိ
ယခုအပတ်အတွင်း ဧဝရက်တောင်တက်ရင်း အမေရိကန်နိုင်ငံသားတစ်ဦး၊ အိန္ဒိယနိုင်ငံသားနှစ်ဦး၊ သြစတြီးယားနိုင်ငံသားတစ်ဦးနှင့် အိုင်ယာလန်နိုင်ငံသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း နီပေါတောင်တက်မှုကြီးကြပ်ရေးအရာရှိများက မေ ၂၄ ရက်တွင် ပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံသား ဒွန်ကက်ရှ်သည် တောင်ထိပ်သို့ရောက်ရှိပြီးနောက် အမြင့်ရောက်သည့်အခါဖြစ်တတ်သည့် ခေါင်းမူးခေါင်းကိုက်ခြင်း၊ အသက်ရှူမဝခြင်းနှင့် နှလုံးအားနည်းခြင်းတို့ဖြစ်လာခဲ့ရာ ၎င်းကို ရှာပါလမ်းပြနှစ်ဦးတို့က အရေးပေါ်သူနာပြုနည်းဖြင့် ပြုစုခဲ့သော်လည်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လမ်းပြဝန်ဆောင်မှုပေးနေသည့် ပိုင်အိုးနီးယားအဗန်ချာလုပ်ငန်းက မေ ၂၄ ရက်တွင်ပြောဆိုခဲ့သည်။
ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သံသယရှိသူကို ရဲတပ်ဖွဲ့က ရှာဖွေနေ
ပြင်သစ်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သော လိုင်ယွန်မြို့လယ်တွင် လူသွားစင်္ကြံတစ်ခုပေါ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က သံသယရှိသူတစ်ဦးအား မေ ၂၅ ရက်တွင် လိုက်လံရှာဖွေခဲ့သည်။ ပြိုင်ဆိုင်မှု ပြင်းထန်သော ဥရောပပါလီမန် ရွေးကောက်ပွဲများအား ပြင်သစ်၌မကျင်းပမီ တစ်ရက်အလိုတွင် ထိုပေါက်ကွဲမှုကြောင့် လူတစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့သည်။
မူးယစ်သောက်စားပြီး ကားမောင်းခဲ့တဲ့ ထိုင်းလုပ်ငန်းရှင်တစ်ဦး လူသေစေမှုအတွက် ဘတ် ၄၅ သန်း လျော်ကြေးပေးလိုက်ရ
ဘန်ကောက်မြို့တွင် ထိုင်း သင်္ကြန်ပွဲတော်ကာလတုန်းက ကားပစ္စည်းလုပ်ငန်းရှင် Somchai Wayrotepipat ဆိုသူသည် ရဲအရာရှိတစ်ဦးနှင့်ဇနီးတို့အား ကားဖြင့်တိုက်မိပြီး သေဆုံးစေခဲ့ပါတယ်။ ထိုဖြစ်ရပ်ကြောင့် သေသူ ၂ ဦရဲ့ သမီး ၂ ယောက်နဲ့ ဆွေမျိုးတို့ အားလျော်ကြေးငွေ ဘတ်ငွေ ၄၅ သန်း ပေးဆောင်ဖို့ သဘောတူခဲ့ပါတယ်။ Pol Lt Col Chatuporn ၄၈နှစ်နဲ့ ၄င်း၏ဇနီး Nuchanart ၄၄ နှစ်တို့၏ သေဆုံးမှုအတွက် ၄င်းတို့မိသားစုအတွက် သင့်လျော်တဲ့ လျော်ကြေးငွေပေးဖို့ သဘောတူခဲ့ရာတွင် ပြစ်မှု ကျူးလွန်သူရဲ့ ရှေ့နေ ၊ သေဆုံးသူရဲ့ ဆွေမျိုးနဲ့ အာမခံကိုယ်စားလှယ်တွေပါဝင်ပြီး Bang Kae ခရိုင် Sala Daeng ရဲစခန်းမှာ ကြာသပတေးနေ့က ဖြေရှင်းခဲ့ကြတယ်လို့ သိရပါတယ်။ပါကစ္စတန်မှာ ကလေးများစွာ HIV ပိုး ကူးစက်ခံထားရသည်ကို တုန်လှုပ်ဖွယ်တွေ့ ရှိ
ပါကစ္စတန်နိုင်ငံ တောင်ဘက်ပိုင်းမှာ ရက်သတ္တပတ်အတွင်း ပုံစံတူဖျားနာတဲ့ ကလေးအရေအတွက်တွေ တိုးလာခဲ့ပြီး ဆေးကုသပေမယ့် ပျောက်ကင်းမှုမရှိတာကြောင့် ဒေါက်တာ Imran Aarbani ဆိုသူက ၄င်းအခြေအနေကို သံသယရှိလာပြီး သွေးအဖြေကိုစစ်ဆေးကြည့်တဲ့အခါ သူစိုးရိမ်သလိုပဲ ကလေးတွေမှာ HIVရောဂါကူးစက်ခံနေရတာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဘာကြောင့် ဒီလိုကူးစက်ခံခဲ့ရတာလဲ ဆိုတဲ့ အကြောင်းအရင်းကိုတော့ ဘယ်သူမှမသိပါဘူး။
တာချီလိတ်တွင် နိုင်ငံတော်ဘဏ္ဍာသိမ်းအဖြစ် သတ်မှတ်ထားသည့် ဆိုဒီယမ်ဆိုင်ယာနိုဒ် ကီလို (၁၈,၀၀၀)ကို လေလံဆွဲလိုသူ လက်ရှိတွင် စာရင်းအရ (၅)ဦးရှိနေ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြို့နယ်တရားရုံးက သက်သေခံပစ္စည်းဘဏ္ဍာသိမ်းဖြစ်ပြီး ရွှေတူးဖော်ရေးလုပ်ငန်းတွင် အသုံးပြုသည့် ဆိုဒီယမ်ဆိုင်ယာနိုဒ်( Sodium Cyanide )များကို ၂၀ ၁၉ ခုနှစ်၊ မေလ (၂၉)ရက်နေ့၌ မြို့မရဲစခန်းတွင် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း အသိပေးထားရှိပြီးနောက် လေလံဆွဲဝယ်ယူမည့်သူ စာရင်းမှာ (၅)ဦးရှိကြောင်း သိရသည်။ဥရောပပါလီမန်ရွေးကောက်ပွဲကို တတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပ
လူအများကြိုက်ဝါဒီများက အဓိက တိုးတက်မှု ရရှိနိုင်ရန်နှင့် လာမည့်ငါးနှစ်အတွင်း ဥရောပနိုင်ငံရေးကို အနှောင့်အယှက်ပေးနိုင်ရန် မျှော်မှန်းထားစဉ် ဥရောပပါလီမန်ရွေးကောက်ပွဲများအား မေ ၂၅ ရက်တွင် တတိယ မြောက်နေ့အဖြစ် မော်လ်တာ၊ ဆလိုဗက်ကီးယားနှင့် လတ်ဗီးယားတို့၌ ကျင်းပခဲ့ကြသည်။
"ဟာဝိုင်အီ သစ်တောထဲမှာ နှစ်ပတ်ကျော်ကြာ ပျောက်နေခဲ့တဲ့ အမျိုးသမီးကို အသက်ရှင်လျက်ပြန်တွေ့"
ဟာဝိုင်အီကျွန်းစုရှိ Maui ကျွန်းပေါ်မှာ သီတင်းနှစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ခြေလျင်ခရီးထွက်သူ အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ကြကြောင်း သိရပါတယ်။ ဟာဝိုင်အီကျွန်းစုရှိ Maui ကျွန်းပေါ်မှာ သီတင်းနှစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ခြေလျင်ခရီးထွက်သူ အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ကြကြောင်း သိရပါတယ်။အခွန်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော အရက်၊ စီးကရက်၊ ဝိုင်၊ ဆေးပေါ့လိပ်များ ထုတ်လုပ်ဖြန့်ဖြူး သိုလှောင် လက်ဝယ်ထားသူများနှင့် ပတ်သက်၍ သတင်းပေးပါက ဒဏ်ငွေ၏ ရာခိုင်နှုန်း ၂၀ ဆုချီးမြှင့်မည်
အခွန်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော အရက်၊ စီးကရက်၊ ဝိုင်၊ ဆေးပေါ့လိပ်များ ထုတ်လုပ်ဖြန့်ဖြူး သိုလှောင် လက်ဝယ် ထားသူများနှင့် ပတ်သက်၍ သတင်းပေးပါက ဒဏ်ငွေ၏ ရာခိုင်နှုန်း ၂၀ ကို ဆုအဖြစ် ချီးမြှင့်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် မေ ၂၅ ရက်တွင် ကြေညာခဲ့သည်။
ကုမ္ပဏီပေါင်း (၄၀၀) မှာအလုပ်လျှောက်ခဲ့ပေမယ့် အလုပ်မရသေးတဲ့အမျိုးသား
လူတွေမှာ တစ်ယောက်နဲ့တစ်ယောက်ကံကောင်းပုံခြင်းမတူကြပါဘူး၊ တချို့ကမိဘကံကောင်းတယ်၊ တချို့ကျတော့သားသမီးကံကောင်းတယ်၊ တချို့က ပိုက်ဆံချမ်းသာချင်မှချမ်းသာမယ် ကျန်းကျန်းမာမာပျော်ပျော်ရွှင်တော့နေရတယ်၊ တချို့ကအလုပ်နဲ့ပတ်သက်ရင် ကံကောင်းတယ်အဲဒီလိုပဲ မိတ်ဆွေကံကောင်းတဲ့သူ၊ စီးပွားရေးကံကောင်းတဲ့သူ စသဖြင့်အမျိုးမျိုးရှိကြတယ်။ ဒါပေမဲ့ အဲဒီလိုကံကောင်းတဲ့သူတွေထဲ အထူးသဖြင့်အလုပ်နဲ့ပတ်သက်ပြီး ကံကောင်းတဲ့သူတွေထဲ Jake Hopes ဆိုတဲ့အမျိုးသားတော့မပါရှာပါဘူး။ကလေးဝမြို့နယ် ပလူဇဝမိုင်းတွင်း မြေပြိုကျမှုဖြစ်ပွားပြီး မိုင်းလုပ်သားတစ်ဦး သေဆုံး
ဂျပန်နဲ့ ကုန်သွယ်မှု အခြေအနေ သမ္မတ Trump မကျေနပ်
ဂျပန်နိုင်ငံကို စနေနေ့က ဆိုက်ရောက်သွားတဲ့ အမေရိကန် သမ္မတ Donald Trump က ခရီးစဉ် ပထမဆုံးနေ့မှာပဲ အမေရိကန်နဲ့ ဂျပန်ကြား ကုန်သွယ်ရေး မညီမျှမှုကို ပြောဆိုခဲ့ပါတယ်။ ၂ နိုင်ငံ ဆက်ဆံရေးမှာ အပေးအယူမျှစေဖို့ အမေရိကန် ပို့ကုန်တွေ အပေါ် အတားအဆီးတွေကို ဖယ်ရှားရေးနဲ့ ကုန်သွယ်ရေး မညီမျှမှုကို ဒီသဘောတူညီချက်နဲ့ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း၊ သဘောတူညီချက်ရဖို့ နီးစပ်လာပြီ ဖြစ်ကြောင်း သမ္မတ Trump က ပြောဆိုခဲ့တာပါ။
ဗလင်စီယာအသင်း ချန်ပီယံဆုကို (၈)ကြိမ်မြောက် ရယူ
တနင်္ဂနွေနေ့ မနက်အစောပိုင်းက ဆီဗီလာရဲ့ ဘင်နီတို ဗီလာမာရင်းကွင်းမှာ ကစားသွားတဲ့ စပိန်ဘုရင့်ဖလား (ကိုပါဒရေ)ဗိုလ်လုပွဲစဉ်မှာ ဗလင်စီယာအသင်းဟာ ဘာစီလိုနာကို (၂-၁)ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို (၈)ကြိမ်မြောက် ရယူသွားခဲ့ပါတယ်။ ဒါဟာ ဗလင်စီယာအသင်းအတွက် ၂၀၀၇-၂၀၀၈ ရာသီနောက်ပိုင်း ဘုရင့်ဖလားကို ပြန်လည်ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကတော့ နောက်ထပ်ပြည်တွင်းဖလား (၁)လုံးရယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။
ချောက်မြို့တွင် သစ်ပင်စိုက်ပျိုးရန် မြေကျဉ်းတူးနေစဉ် မီးလောင်နေသည်ကို မြင်သောကြောင့် ခလရ ၁၃ မှ တပ်မတော်သားများ သွားရောက်ငြိမ်းသတ်ပေးခဲ့
ချောက်မြို့ အမှတ် (၁၀) အေးစေတီရပ်ကွက်တွင် မေလ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က နေအိမ်တစ်လုံး မီးလောင်ကျွမ်းနေ၍ နယ်မြေခံ တပ်မတော်မှ အရာရှိစစ်သည်အင်အား (၃၀) ကျော်က လာရောက်ပြီး မီးငြိမ်းသတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းတပ်မတော်သားများသည် နယ်မြေခံ ခလရ ၁၃ မှဖြစ်ပြီး ရွှေတိဂုံပုံတူ ရတနာမာန်အောင်ဘုရားပတ်ဝန်းကျင်တွင် သစ်ပင်စိုက်ပျိုးရန်မြေကျင်းတူးနေရာမှ မီးလောင်ကျွမ်းနေသည်ကိုမြင်သောကြောင့် လာရောက်ငြှိမ်းသတ်ခဲ့ခြင်းဖြစ်သည်။ ယင်းမီးလောင်ကျွမ်းရာ နေအိမ်သို့ မီးသတ်ယာဉ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့အင်အား ၂၀ တို့ဖြင့် မီးငြိမ်းသတ်ခဲ့ရပြီး မီးလောင်ကျွမ်းသွားသော အိမ်ရှင် ဒေါ်သန်းဌေး (၄၈ နှစ်)အား ချောက်မြို့မရဲစခန်း (ပ) ၅၉၈/ ၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းမှ သိရသည်။
မြောက်ကိုရီးယား ဒုံးလက်နက်စမ်းသပ်မှုများသည် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အမေရိကန်လုံခြုံရေးအကြံပေး ဂျွန်ဘိုတန် ပြောကြား
မော်လမြိုင် တောင်ဝိုင်းမဟာစည်မီးလောင်
ရာသီဥတုပြောင်းလဲမှုအရေးအတွက် ကမ္ဘာတစ်ဝန်း ကျောင်းသားများဆန္ဒပြ
ရာသီဥတုပြောင်းလဲမှုအရေးကို ကိုင်တွယ်ဖြေရှင်းရန် တောင်းဆိုသည့် သောကြာနေ့လှုပ်ရှားမှု ဆန္ဒပြပွဲများကို ကမ္ဘာတစ်ဝန်းရှိ ကျောင်းသားများက ပြုလုပ်ခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ေ သာကြာနေ့က နိုင်ငံပေါင်း ၁၁၀ ခန့်တွင် တစ်ပြိုင်တည်း စီစဉ်ပြုလုပ်သော ဆန္ဒပြပွဲများတွင် ကျောင်းသူကျောင်းသားပေါင်း တစ်သန်းခန့် ပါဝင်ဆင်နွှဲခဲ့သည်ဟု စီစဉ်သူများက ပြောကြားသည်။ ၎င်းတို့က ကမ္ဘာကြီးပူနွေးလာမှုကို အရေးပေါ် ကိုင်တွယ်ဆောင်ရွက်ရန် အစိုးရများနှင့် ကုမ္ပဏီများအား တောင်းဆိုခဲ့ကြသည်။ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းနှင့် လုပ်ခလစာ နည်းပါးခြင်းတို့ကြောင့် ထိုင်းနိုင်ငံသို့ MoU လုပ်သား လစဉ် ၁၅၀၀၀ အထက်တွင် ထွက်ခွာနေ
ပြည်တွင်း၌ အလုပ်ရုံ စက်ရုံ တည်ဆောက်လည်ပတ်နိုင်မှု အားနည်းခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ တချို့သော မြို့ကြီးများတွင် အလုပ်အကိုင် ရှိသော်လည်း လုပ်ခလစာ နည်းပါးခြင်း၊ ကျေးလက် တောရွာများတွင် အလုပ်အကိုင် ပိုမိုနည်းပါးလာခြင်းတို့ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် သွားရောက် လုပ်ကိုင်သူ ယခုနှစ်တွင် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။
နရင်ဒရာ မိုဒီ ကို ဝန်ကြီးချုပ်အဖြစ် ထပ်မံခန့်အပ်လိုက်ပြီ
အိန္ဒိယ သမ္မတ Ram Nath Kovind ရမ်နတ် ကိုဗင် က Narendra Modi နရင်ဒရာ မိုဒီ ကို ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် တာဝန်ယူဖို့ မနေ့က တရားဝင် ခန့်အပ်လိုက်ပါတယ်။ တဆက်တည်းမှာပဲ ဝန်ကြီးချုပ် မိုဒီ ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ပါဝင်မယ့် ဝန်ကြီးစာရင်းနဲ့ ကျန်းသစ္စာကျိန်ဆိုမယ့် နေ့ရက်တွေကို တင်ပြဖို့လည်း ပြောကြားလိုက်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရ BJP ပါတီ ဦးဆောင်တဲ့ NDA (National Democratic Alliance - အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့) က မိုဒီကို သူတို့အဖွဲ့ရဲ့ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို သမ္မတ ကိုဗင်ရဲ့ ကြေညာချက် ပေါ်ထွက်လာတာပါ။ သမ္မတ ကိုဗင် ကို မိုဒီ နဲ့ အတူ ညွန့်ပေါင်း ခေါင်းဆောင်တချို့လည်း မနေ့က လိုက်ပါတွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ် မိုဒီ ဟာ လာမယ့် ကြာသပတေးနေ့မှာ ကျန်းသစ္စာကျိန်ဆိုဖွယ် ရှိပါတယ်။
ကုန်သွယ်ရေးအငြင်းပွားမှုမြင့်တက်နေစဉ် သမ္မတထရမ့် ဂျပန်သို့ တရားဝင်ရောက်ရှိ
ကမ္ဘာ့ကုန်သွယ်ရေးတွင် အငြင်းပွားမှုများ မြင့်တက်နေစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မယ်လင်နီယာ ထရမ့်တို့သည် ဂျပန်နိုင်ငံသို့ မေ ၂၅ ရက်၌ တရားဝင်အလည်အပတ် ရောက်ရှိခဲ့သည်။ ဂျပန်နှင့်ဆက်ဆံရေးအားကောင်းမှုကို ပြသရာလည်းရောက်သည့် ခရီးစဉ်အတွင်း အိမ်ရှင်ဂျပန်ကလည်း ဂေါက်သီး ကစားပွဲများ၊ ဆူမိုနပမ်းပွဲများဖြင့် ဧည့်ခံရန် ပြင်ဆင်ထားသည်။မင်းလှ၌ လေပြင်းတိုက်ခတ်မူကြောင့်နေအိမ်(၄၅)လုံးအမိုးလန်ပျက်ဆီးဆုံးရှုံမူဖြစ်ပွား
ဟောင်ကောင်လှုပ်ရှားသူတွေ ခိုလှုံခွင့်ပေးမှု ဂျာမဏီကို တရုတ် ကန့်ကွက်
ဟောင်ကောင်ကျွန်းကို တရုတ်ပြည်မလက်အောက်က လွတ်မြောက်ရေးအတွက် လှုပ်ရှားခဲ့သူ နှစ်ဦးကို ဂျာမဏီ အစိုးရက နိုင်ငံရေး ခိုလှုံခွင့်ပေးလိုက်တဲ့အတွက် တရုတ်အစိုးရက စနေနေ့ မနေ့က ကန့်ကွက်လိုက်ပါတယ်။ အဲဒီ Ray Wong ရေဝေါင် နဲ့ Alan Li အလန် လီ ဆိုသူ နှစ်ဦးကို ၂ဝ၁၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဟောင်ကောင် လွတ်မြောက်ရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တရားစွဲခဲ့ရာမှာ အာမခံနဲ့ နေထိုင်စဉ် တိုင်ဝမ်က တဆင့် ဂျာမဏီ နိုင်ငံကို ၂ဝ၁၇ ခုနှစ်မှာ ထွက်ပြေးသွားခဲ့ကြပါတယ်။တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ် စတင်လက်ခံ
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အခြေခံပညာကျောင်းများတွင် မေ ၂၅ ရက်မှစတင်ကာ မေ ၃၁ ရက်အထိကျောင်းအပ်များ စတင်လက်ခံလျက်ရှိကြောင်း အခြေခံပညာကျောင်းများမှသိရသည်။ ''ပညာရေးဝန်ကြီးဌာနဟာ မေ ၂၅ ရက်က ၃၁ ရက်အတွင်းကို မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းရောက်နိုင်ဖို့အတွက် ကျောင်းအပ်နှံ သီတင်းပတ်အဖြစ် လှုပ်ရှားဆောင်ရွက်ကြတာဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ မိဘပြည်သူအားလုံး၊အသက်အရွယ်ပြည့်တဲ့ကျောင်းနေအရွယ်ကလေးများအားလုံးကမိမိတို့ရဲ့ ၀န်ထုပ်ဝန်ပိုးမဖြစ်စေဘဲအခြေခံပညာရေးကျောင်းတွေထဲမှာ ပညာသင်ကြားမင်္ဂလာဒုံမြို့နယ်၌ မူးယစ်ဆေးဝါးဖမ်းဆီးစဉ် ရန်ပြုသဖြင့် သတိပေးပစ်ခတ်ရာမှ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရရှိမှု
၂၀၁၉ ခုနှစ်၊မေလ ၂၅ ရက် ၁၄၀၅ အချိန် မမစ(မင်္ဂလာဒုံ)မှ ရဲအုပ် သန်းပိုင်ဦး ဦးစီးပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ (၃/ခ)ရပ်ကွက်နေ ဦးဖိုးလမ်း(ခ)ဝင်းမင်းထွေး(၄၈)နှစ်၊ ဗမာ/ဗုဒ္ဓ၊ကျပန်း၊ (ဖ)ဦးမြသွင်၏နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ ခြံတံခါးဖွင့်မပေးသောကြောင့် ကျော်နင်းဝင်ရောက်စဉ် ဦးဖိုးလမ်း(ခ)ဝင်းမင်းထွေးနှင့် ၎င်း၏သားလင်းမာန်ဦး(၂၀)နှစ်၊ဗမာ/ဗုဒ္ဓ၊ ကျပန်းတို့မှ ဓားရှည်များ ကိုယ်စီကိုင်ဆောင်၍ပြန်လည်ရန်ပြုသဖြင့် ရဲတသ ပြည့်ဖြိုးအောင်မှ၎င်းကိုင်ဆောင်သည့် MA-13 သေနတ်ဖြင့် ၄ ချက် သတိပေးပစ်ခတ်ခဲ့ရာဝန်ကြီးချုပ်ဟောင်း ချွန် လိပိုင် ကို ထိုင်းလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်
တိဘက်တွေ လွတ်လပ်ခွင့်ပေးဖို့ တရုတ်ကို ကန် တိုက်တွန်း
တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြီးခဲ့တဲ့ အပတ်အတွင်း သွားရောက်လည်ပတ်ခဲ့တဲ့ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Terry Branstad တယ်ရီ ဘရန်စတက်က ဗုဒ္ဓဘာသာဝင် တိဘက် လူမျိုးတွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ သွားလာလှုပ်ရှားခွင့်တွေကို တရုတ်အစိုးရက ဝင်ရောက်စွက်ဖက်နေမှုတွေအတွက် စိုးရိမ်ပူပန်ကြောင်း ကြေညာချက်တစ်စောင် စနေနေ့ မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။အချိန်မီခွင့်ပြုချက်မရသဖြင့် ပုဒ်မ ၅၉(စ) ကန့်ကွက်ပွဲ နေရာ (၃) နေရာခွဲ ပြုလုပ်
အခြေခံဥပဒေ ပုဒ်မ ၅၉(စ) ကန့်ကွက်ခြင်းနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးပွဲကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မနော်ရမ္မံလူထုဟစ်တိုင်ကွင်းတွင် ကျင်းပရန်စီစဉ်ထားသော်လည်း အချိန်မီခွင့်ပြုချက်မရသောကြောင့် နေရာ (၃) နေရာခွဲ၍ ကျင်းပခဲ့ရသည် ။ ၂၀၀၈ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၊ အမရပူရမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၊ ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး တို့တွင် ကျင်းပခဲ့သည် ။အိန္ဒိယ ဈေးဝယ်စင်တာ မီးလောင်မှု သေဆုံးသူ ၂၀ ရှိပြီ
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် ဆူရက်မြို့ အထပ် ၄ ထပ်ရှိ ဈေးဝယ်စင်တာအဆောက်အဦ မီးလောင်မှုကြောင့် သေဆုံးသူဦးရေ အယောက် ၂၀ ရှိပြီလို့ ရဲတပ်ဖွဲ့က မေ ၂၅ ရက်နေ့မှာ ပြောပါတယ်။ အဲဒီအတွက် ရဲတပ်ဖွဲ့က လူ ၃ ယောက်ကို အမှုဖွင့်ခဲ့ပြီး အဲဒီထဲက တယောက်ဟာ အဆောက်အဦအတွင်း ကျူရှင်ဖွင့်ထားသူ ဖြစ်ပါတယ်။ မီးလောင်မှုမှာ သေဆုံးသူ အများစုဟာ အဲဒီကျူရှင်တက်နေတဲ့ ကျောင်းသားလေးတွေ ဖြစ်ပါတယ်။ ကနဦးစုံစမ်းချက်အရ အဆောက်အဦ လှေကားခွင်အတွင်း ၀ါယာရှော့ဖြစ်ရာကနေ မီးစတင်လောင်ခဲ့တယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံတွင် အိမ်နီးချင်းမိန်းကလေးကို သတ်ပြီးဆိုင်ကယ်နှင့်အတူ မီးရှို့ပစ်ခဲ့သူအား အလောင်းမှ DNA အရ ကျူးလွန်သူကို ဖမ်းဆီးရမိ
ထိုင်းနိုင်ငံတွင် အိမ်နီးချင်း အသက်(၁၈)နှစ်အရွယ် မိန်းကလေးကို လည်ပင်းညှစ်သတ်ပြီး ဆိုင်ကယ်နှင့်အတူ မီးရှို့ထားခဲ့သည့် လူငယ်အား ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းဆဲန်မြို့ရှိနေအိမ်တွင် ဖမ်းဆီးရမိထားကြောင်း သိရသည်။ အဆိုပါ အသတ်ခံရသည့် မိန်းကလေးမှာ ၂၀၁၉ ခုနှစ် မေလ (၁၃)ရက်နေ့ကတည်းက ပျောက်ဆုံးသွားသဖြင့် လူပျောက်တိုင်ထားသူဖြစ်ပြီး ချင်းဆဲန်မြို့ လမ်းဘေးခြုံအတွင်း ဆိုင်ကယ်တစ်စီးနှင့် မီးရှို့ခံထားရသည့် အလောင်းအားတွေ့ရှိရာမှ ရဲတပ်ဖွဲ့က ဖေါ်ထုတ်နိုင်ခဲ့ပြီး မေလ (၂၅)ရက်နေ့တွင် သွားရောက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။စစ်သွေးကြွအဖွဲ့ခေါင်းဆောင်အား သုတ်သင်လိုက်ပြီဟု အိန္ဒိယပြော
အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ စစ်သွေးကြွအဖွဲ့ခေါင်းဆောင်ကို အိန္ဒိယ တပ်ဖွဲ့ဝင်တွေက သုတ်သင်လိုက်ပြီလို့ ရဲတပ်ဖွဲ့က မေလ ၂၄ ရက်နေ့မှာ ပြောပါတယ်။ အသက် ၂၅ နှစ်အရွယ် ဇာကာမူဆာ ခေါ် ဇာကာ ရာရှစ် ဘတ်ကို ကတ်ရှ်မီးယားဒေသ ပူလ်ဝါမာမြို့တောင်ပိုင်းက နေအိမ်အတွင်း ပိတ်ဆို့ဖမ်းဆီးခဲ့တာလို့ အကြီးတန်း ရဲအရာရှိ တဦးက ပြောပါတယ်။
မန္တလေး မဟာမုနိဘုရား ငါးကန်မှ အသားစားငါးများ ဖယ်ရှားမည်
မန္တလေး မဟာမုနိဘုရားရှိ ငါးကန် လိပ်ကန်တွေ သန့်ရှင်းတာနဲ့ အသားစားငါးတွေ ဖယ်ရှားတာကို အခုလအတွင်း စတင် ဆောင်ရွက်မယ်လို့ သိရပါတယ်။ ဘုရားဖူးလာသူတွေ ကုသိုလ်ပြု ငါးလွှတ်မှုမှာ အသားစား ငါးခူးတွေ ပါဝင်နေတာကြောင့် ငါးကန်အတွင်း မထားတော့ဘဲ ဖယ်ရှားသွားမယ်လို့ မန္တလေးမဟာမုနိဘုရား ဂေါပက အဖွဲ့ဝင် ဦးသန်းလွင်က ပြောပါတယ်။ILO မှာ အလုပ်သမားအရေးဖြေရှင်းနိုင်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာန ဆွေးနွေးပွဲလုပ်
လာမယ့် ဇွန်လအတွင်း ဂျီနီဗာ မှာ ကျင်းပမယ့် အလုပ်သမားညီလာခံမှာ မြန်မာ့အရေးဆွေးနွေးတဲ့အခါ ဖြေရှင်းနိုင်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာနက ဒီကနေ့ ဆွေးနွေးပွဲ ကျင်းပလိုက်ပါတယ်။ ဆွေးနွေးပွဲကို အမျိုးသားအဆင့် ကျင်းပတာဖြစ်ပြီး ဝန်ကြီးဌာန ၊ အလုပ်သမားကိုယ်စားလှယ် ၊ အလုပ်ရှင်တွေ ပါဝင်ဆွေးနွေးကြပါတယ်။ မြန်မာနိုင်ငံမှာ အတင်းအဓမ္မ အလုပ်စေခိုင်းခံရတာတွေနဲ့ပတ်သက်ပြီး အကောင်းဆုံးအဖြေရှာဖို့ လိုအပ်နေသလို ဒီလို ကိစ္စတွေကို တိုင်တန်းဖို့ လိုတယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
Subscribe to:
Posts (Atom)






မော်လမြိုင် တောင်ဝိုင်းမဟာစည်မီး (6:25)အချိန်တွင် မီးထိန်းနိုင်ပါပြီး။ မီးစက်ခန်းမှ မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ ဝင်များ မော်လမြိုင်မြို့ပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့များ ဝိုင်းဝန်းကူညီ ငြိမ်းသတ် ပေးနိုင်ခဲ့ပါသည်။


