
လေပြင်းတိုက်ခတ်မူကြောင့် ဒီလှိုင်းအုပ်စု၊ ညောင်ပင်သာကျေးရွာတွင် နေအိမ်(၁၅)လုံး၊ဗျက်ကြီးအုပ်စု၊ ဗျက်ကြီးကျေးရွာတွင် နေအိမ်(၁၀)လုံး၊ ရွှေလောင်းအုပ်စု၊ ရွှေလောင်းကျေးရွာနှင့် ဆင်ချောင်းကျေးရွာတွင် နေအိမ်(၄)လုံး၊ ညောင်ဝန်းအုပ်စု၊မြောက်လွတ်ပင်ကျေးရွာတွင် နေအိမ်(၁)လုံး၊သာယာကုန်းအုပ်စု၊သာယာကုန်းကျေးရွာတွင်နေအိမ်(၆) လုံးတို့ အမိုးလန်ပျက်ဆီးခဲ့ပြီး၊အင်းဘုတ်ကုန်းအုပ်စု၊အင်းဘုတ်ကုန်းကျေးရွာတွင် နေအိမ်(၇)လုံးအမိုးလန်နှင့်နေအိမ်တစ်လုံးပြိုလဲခဲ့ကြောင်း၊ စုစုပေါင်းနေအိမ်(၄၅)လုံးအမိုးလန်ပြီးနေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့ပြီး၊ စုစုပေါင်းဆုံးရှုံးမူတန်ဖိုးငွေ (၄၇၇၂၀၀၀) ကျပ်ခန့်ပျက်ဆီး ဆုံးရှုံးခဲ့ကြောင်း၊ လူနှင့် တိရစ္ဆာန်များထိခိုက်ပျက်ဆီးဆုံးရှုံးမူ မရှိခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်ခံရသည်နေအိမ်များမှ မိသားစုဝင်များအား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နှင့်အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များတွင် ယာယီပြောင်းရွှေ့နေထိုင်နိုင်ရန် စီစဉ်ပေးထားကြောင်းနှင့်လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။
No comments:
Post a Comment