
မီးလောင်မှု ဖြစ်ချိန် အဆောက်အဦအတွင်း ကျောင်းသား ၅၀ ထက် မနည်း ရှိနေတယ်လို့ အစိုးရ တာဝန်ရှိသူတဦးက ပြောပါတယ်။
အဆောက်အဦအတွင်း မီးသတ်လုံခြုံရေး ကိရိယာ တပ်မထားသလို မီးသတ်လှေကားလည်း မရှိဘူးလို့ မီးသတ်တာဝန်ရှိသူတဦးက ဆိုပါတယ်။
ဒဏ်ရာရသူတွေကို ဆေးရုံအမြန် ပို့ဆောင်ခဲ့ပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။
ဂူဂျာရတ်ပြည်နယ်အစိုးရက ဒီဖြစ်စဉ်ကို စုံစမ်းဖို့ ညွှန်ကြားထားသလို မီးလောင်ခဲ့ရာ ဆူရတ်မြို့က ကျောင်း၊ ကောလိပ်၊ သင်တန်းတွေနဲ့ ဈေးဝယ်စင်တာတွေရဲ့ မီးသတ်လုံခြုံရေးစစ်ဆေးဖို့ကို အမိန့်ထုတ်ပြန်ထားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
No comments:
Post a Comment