အိန္ဒိယ သမ္မတ Ram Nath Kovind ရမ်နတ် ကိုဗင် က Narendra Modi နရင်ဒရာ မိုဒီ ကို ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် တာဝန်ယူဖို့ မနေ့က တရားဝင် ခန့်အပ်လိုက်ပါတယ်။ တဆက်တည်းမှာပဲ ဝန်ကြီးချုပ် မိုဒီ ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ပါဝင်မယ့် ဝန်ကြီးစာရင်းနဲ့ ကျန်းသစ္စာကျိန်ဆိုမယ့် နေ့ရက်တွေကို တင်ပြဖို့လည်း ပြောကြားလိုက်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရ BJP ပါတီ ဦးဆောင်တဲ့ NDA (National Democratic Alliance - အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့) က မိုဒီကို သူတို့အဖွဲ့ရဲ့ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို သမ္မတ ကိုဗင်ရဲ့ ကြေညာချက် ပေါ်ထွက်လာတာပါ။ သမ္မတ ကိုဗင် ကို မိုဒီ နဲ့ အတူ ညွန့်ပေါင်း ခေါင်းဆောင်တချို့လည်း မနေ့က လိုက်ပါတွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ် မိုဒီ ဟာ လာမယ့် ကြာသပတေးနေ့မှာ ကျန်းသစ္စာကျိန်ဆိုဖွယ် ရှိပါတယ်။
Pages
Sunday, May 26, 2019
နရင်ဒရာ မိုဒီ ကို ဝန်ကြီးချုပ်အဖြစ် ထပ်မံခန့်အပ်လိုက်ပြီ
အိန္ဒိယ သမ္မတ Ram Nath Kovind ရမ်နတ် ကိုဗင် က Narendra Modi နရင်ဒရာ မိုဒီ ကို ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် တာဝန်ယူဖို့ မနေ့က တရားဝင် ခန့်အပ်လိုက်ပါတယ်။ တဆက်တည်းမှာပဲ ဝန်ကြီးချုပ် မိုဒီ ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ပါဝင်မယ့် ဝန်ကြီးစာရင်းနဲ့ ကျန်းသစ္စာကျိန်ဆိုမယ့် နေ့ရက်တွေကို တင်ပြဖို့လည်း ပြောကြားလိုက်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရ BJP ပါတီ ဦးဆောင်တဲ့ NDA (National Democratic Alliance - အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့) က မိုဒီကို သူတို့အဖွဲ့ရဲ့ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို သမ္မတ ကိုဗင်ရဲ့ ကြေညာချက် ပေါ်ထွက်လာတာပါ။ သမ္မတ ကိုဗင် ကို မိုဒီ နဲ့ အတူ ညွန့်ပေါင်း ခေါင်းဆောင်တချို့လည်း မနေ့က လိုက်ပါတွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ် မိုဒီ ဟာ လာမယ့် ကြာသပတေးနေ့မှာ ကျန်းသစ္စာကျိန်ဆိုဖွယ် ရှိပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment