
သေဆုံးသူ Pol Lt Col Chatuporn ရဲ့အမေနဲ့ Nuchanart ရဲ့ဆွေမျိုးကတော့ သေဆုံးသူအစား ဘတ်ငွေ ၂.၅သန်းစီ လျော်ကြေးရရှိခဲ့ပါတယ်။ အသက်၁၅ နှစ်နဲ့ ၁၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သမီးနှစ်ယောက်ကတော့ ဘတ်ငွေ ၁၅ သန်းစီရရှိခဲ့ပြီး ၄င်းတို့အား အရွယ်ရောက်လာတဲ့အချိန်ထိ ထိန်းကျောင်းရန် အရွယ်ရောက်ပြီးသား ယုံကြည်ရသူနဲ့ ၄င်းတို့ရဲ့မိသားစုရှေ့နေထံ အပ်နှံခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူဟာ ၄င်းမှာလည်း သမီးနှစ်ယောက်ရှိတဲ့အတွက် ယင်းဖြစ်ရပ်အတွက် အပြစ်ရှိတယ်လို့ ခံစားရတာကြောင့် အဲ့ဒီနောက်ပိုင်း အရက်ဖြတ်လိုက်ကြောင်း ၄င်း၏ ရှေ့နေထံမှ သိရပါတယ်။
၎င်းစီးပွားရေးသမားဟာ သေသူ ၂ ဦးရဲ့ ကလေးနှစ်ယောက်အတွက် ဘတ် ၅ သန်းစီ ထပ်ပေးခဲ့ပြီး အဆိုပါယာဉ်တိုက်မှုကြောင့် ဦးနှောက်သွေးယိုစိမ့်မှု ခံစားခဲ့ရတဲ့ သမီးအငယ်ရဲ့ ဆေးကုသစရိတ်အတွက် ၁.၅သန်း ကိုပေးခဲ့ပါတယ်။ ထိုမိန်းကလေးမှာ ပြန်လည်ကျန်းမာကာ ကျောင်းပြန်တက်နေပြီဖြစ်ပါတယ်။
အဆိုပါယာဉ်တိုက်မှုဟာ Thiwi Watthana Kanchanphisek လမ်းတွင် ဧပြီ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်သူဟာ ကားမောင်းပြီး အိမ်ကိုပြန်မလာခင် ဘီယာသောက်ခဲ့ပါတယ်။ ၄င်းဟာ ကားမောင်းရင်းနဲ့ အိပ်ငိုက်နေခဲ့ပြီး ယာဉ်တိုက်မှုဖြစ်မှ လန့်နိုးသွားခဲ့ပါတယ်။
အရှေ့တောင်အာရှရဲ့ အကြီးဆုံးဖြစ်ရမယ်လို့ ကြွေးကြော်ခဲ့တဲ့ ထိုင်း ကာဗွန်နဲ့ ဂရက်ဖစ် ကုမ္ပဏီသူဌေးဟာ အရက်သေစာသောက်စားပြီး ကားမောင်းခဲ့တာကြောင့် လူသေစေခဲ့ပြီး သင်္ကြန်ပွဲတော်ကာလ အရက် သောက်ပြီး ကားမမောင်းဖို့တားမြစ်ထားတဲ့ အစိုးရရဲ့ဥပဒေကို ပထမဆုံးချိုးဖောက်သူ ဖြစ်လာခဲ့ပါတယ်။
၎င်းအပေါ် တင်လာတဲ့ စွဲချက်များအနက် နှစ်ခုကို Taling Chan တရားရုံးက ပယ်ချခဲ့ပြီး အရက်သောက်ပြီး ကားမောင်းမှုကြောင့် လူသေစေမှု၊ ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရမှုနဲ့ ဥစ္စာပစ္စည်းဆုံးရှုံးမှု စတဲ့ စွဲချက် သုံးခုကိုတော့ လက်ခံခဲ့ပါတယ်။
No comments:
Post a Comment