
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ လေ့လာရေး အလည်အပတ်ခရီး ရောက်ရှိနေသော နိုင်ဂျီးရီးယားနိုင်ငံ၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းအမှတ်စဉ်(၂၇)မှ ဗိုလ်မှူးချုပ် Lawrence Ayaegbunem FEJOKWU ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗန်ကောက်အခြေစိုက် နိုင်ဂျီးရီးယားသံရုံးမှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ လေ့လာရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ အထင်ကရ နေရာများသို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment