
နိုင်ရေးအတွက်ဆောင်ရွက်နေပါတယ်ဆိုပြီးနှိုးဆော်လိုက်တာဖြစ်ပါတယ်။ မိဘပြည်သူများကို နှိုးဆော်သလို ပညာရေးဝန်ကြီးဌာနမှာ တာဝန်ယူဆောင်ရွက်နေတဲ့ဆရာ၊ ဆရာမတွေ အသိပေးနှိုးဆော်လိုက်တာဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက အလုံမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် မေ ၂၅ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားတွင် ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်လက်ခံ ဆောင်ရွက်ရာတွင်သက်ဆိုင်ရာ ကျောင်းအလိုက် သတ်မှတ်ထားသည့် ဧရိယာဖြစ်သော မြို့နယ်၊ ကျေးရွာအတိုင်းသာ ကျောင်းအပ်လက်ခံရန် ကြေညာဆောင်ရွက်ခဲ့ပြီး ကျောင်းသားသစ်များ၊ကျောင်းသားဟောင်းများ စသည်ဖြင့် ကျောင်းအပ်ရက်များကိုခွဲကာ သတ်မှတ်လက်ခံခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ကျောင်းအပ်များ လက်ခံနေသော်လည်း တချို့ကျောင်းများမှ သင်ရိုးသစ် သင်တန်းများရှိနေသည့်အတွက် လက်မခံနိုင်သေးကြောင်း အခြေခံပညာကျောင်းများမှ သိရသည်။
''ဒီနေ့က သင်ရိုးသစ်သင်တန်းတွေရှိတော့ အခန်းမအားသေးလို့ ကျောင်းအပ်လက်မခံနိုင်သေးပါဘူး။ မေ ၂၆ ရက်က စပြီးတော့ ကျောင်းအပ်လက်ခံမှာပါ''ဟုသန်လျင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမတစ်ဦးက ပြောဆိုသည်။
''မူလတန်းပြတွေက ဒီနေ့မှာ သင်ရိုးသစ်သင်တန်းပြီးတော့ မနက်ဖြန်မှပဲ ကျောင်းအပ်စပြီးလက်ခံရမှာပေါ့ ။ ကျောင်းတွေပဲ သင်တန်းပေးတယ်။ အထက်တန်းကျောင်းတွေကတော့ ဒီနှစ်ကစပြီး ကျောင်းအပ်လက်ခံတာပေါ့။ ကျွန်တော်တို့ကတော့ မနက်ဖြန်မှပဲ စပြီး ကျောင်းအပ်လက်ခံမှာပါ''ဟု ပဲခူးတိုင်းဒေသကြီးရှိ အလယ်တန်းကျောင်းအုပ်တစ်ဦးဖြစ်သူက ပြောဆိုသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံရာ၌ မူလတန်းအဆင့်အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံနှင့် ယခင်နှစ်ကပေးအပ်နေသည့် ကျောင်းစိမ်းဝတ်စုံတစ်စုံအစားဗလာစာအုပ်ခြောက်အုပ်ကို ထပ်တိုး၍ ဗလာစာအုပ်တစ်ဒါဇင်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အထက (၄) အလုံမှ တတိယ ကျောင်းသူတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်သန်းသန်းဝင်းကလည်း''ကျောင်းအပ်တာတော့ အဆင်ပြေပါတယ်။ ဘာပိုက်ဆံမှလည်း မပေးရဘူး။တောင်းတာတွေလည်း မရှိပါဘူး။ သေချာစိစစ်ပြီးတော့ ကျောင်းအပ်လက်ခံပါတယ်။
ကျောင်းအပ်တဲ့နေ့မှာပဲ ပုံနှိပ်စာအုပ်တွေကတော့ အကုန်ရပါတယ်။ ကျောင်းဝတ်စုံအစားပေးတဲ့ ဗလာစာအုပ်တစ်ဒါဇင်ကတော့ အခုကျောင်းအပ်တဲ့အချိန်မှာ မရသေးဘူး။ကျောင်းဖွင့်တဲ့အချိန်မှ ရမယ်လို့ပြောပါတယ်။ ကျန်တာတော့ အားလုံးအဆင်ပြေပါတယ်။ ဘာအခက်အခဲမှ မရှိပါဘူး။ ၀တ်စုံအစား စာအုပ်ခြောက်အုပ် ထပ်ပေးတော့တစ်ဒါဇင်ဖြစ်သွားတယ်။ ၀တ်စုံလေးပေးတော့လည်း ကောင်းပါတယ်။ မရှိတဲ့မြို့နယ်တွေမှာ ဆိုရင်တော့ ဒီကျောင်းဝတ်စုံက တော်တော်လေးကို ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘတွေအတွက်တော့ အဆင်ပြေပါတယ်''ဟု ပြောဆိုသည်။
ကျောင်းအပ်လက်ခံရာတွင် အလယ်တန်းအဆင့်အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံတို့ကို အခမဲ့ပေးအပ်ခဲ့ပြီး ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာနှင့် စာကြည့်တိုက်ကြေး ကင်းလွတ်ခွင့်ပေးခဲ့ကာ အထက်တန်းအဆင့် အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံ အခမဲ့ ပေးအပ်ခဲ့ပြီး ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာနှင့် စာကြည့်တိုက်ကြေး ကင်းလွတ်ခွင့်ပေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment