
"ကျွန်တော်တို့ တမြို့နယ်မှာ ဆေးဆိုင်လေးဆိုင် ငါးဆိုင်လောက်စစ်ဆေးပါတယ်။ တလ ခြောက်မြို့နယ်နှုန်းနဲ့ စစ်ဆေးနေတာပေါ့။ စစ်ဆေးတဲ့အခါမှာ စည်းကမ်းသတ်မှတ်ချက်နဲ့မညီလို့ ဆိုင် ၆ ဆိုင်ကို ၃ ပိတ်သိမ်းအရေးယူထားပါတယ်"ဟု FDA (ရန်ကုန်) ညွှန်ကြားရေးမှူး ဒေါက်တာမင်းဝန်က ပြောသည်။
ထို့အပြင် ဆေးဆိုင်တစ်ဆိုင် မှာ ဆေးဝါးရောင်းချခွင့်လိုင်စင် မရှိဘဲ ဆေးဝါးရောင်းချနေကြောင်း တွေ့ရှိရခြင်းကြောင့် ဆေးဝါးဆက်လက်ရောင်းချခြင်းမရှိစေရန်နှင့် လိုအပ်သောအရေးယူမှုများပြုလုပ်ရန် ဆက်လက်လုပ်ဆောင်နေကြောင်း ဒေါက်တာမင်းဝန်ကဆက် ပြောသည်။
ယင်းသို့စစ်ဆေးရာတွင် မြို့နယ်အလိုက်ဖွင့်လှစ်ရောင်းချနေသည့် ဆေးဝါး (လက်လီ၊လက္ကား) ဖြန့်ဖြူးရောင်းချသူများ၊ ဆေးဆိုင်များတွင် ဆေးဝါးအတု၊ စံမညီဆေးဝါး၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မရှိသောဆေးဝါးများ၊ စပ်ဆေးများ ရောင်းချမှုစစ်ဆေးတွေ့ရှိပါက ပထမတကြိမ် ဆိုင် ၃ လပိတ်သိမ်းခြင်း၊ ဒုတိယတကြိမ်စစ်ဆေးတွေ့ရှိပါက ဆိုင် ၆ လပိတ်သိမ်းခြင်းနှင့် တတိယတကြိမ်စစ်ဆေးတွေ့ရှိပါက အမျိုးသားဆေးဝါးဥပဒေဖြင့် တရားစွဲဆိုပြီး ဆေးဝါးရောင်းချခွင့်လမ်းစင်ပိတ်သိမ်းအရေယူကြောင်း သိရသည်။
၂ဝ၁၉ ခုနှစ် ၅ လအတွင်း မြို့နယ် တမြို့နယ်ဆေးဆိုင် ၅ ဆိုင်နှုန်းဖြင့်စစ်ဆေးခဲ့ရာ တောင် ဥက္ကလာပမြို့၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ တွံတေးမြို့နယ်၊ ဒဂုံမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ တောင်ဒဂုံ၊ အင်းစိန်၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်မြို့နယ် အစရှိသည့်မြို့နယ်များမှ ဆေးဆိုင်များ၊ ဈေးများကို စစ်ဆေးခဲ့ကြောင်း FDA (ရန်ကုန်)မှ တာဝန်ရှိသူတဦးကပြောသည်။
No comments:
Post a Comment