
အိင်္ဂလိပ်-ချင်း-မြန်မာ အဘိဓာန် ပြုစုရေးသားသူ ဆရာကြီးဒေါက်တာဘွေဟူး (၈၆)နှစ် သည် ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်း ၃းဝဝ နာရီအချိန်တွင် ဟားခါးမြို့ ၎င်းနေအိမ်၌ ကွယ်လွန်ခဲ့ပါသည်။
မြောက်ကိုရီးယားနိုင်ငံမှာ ကိုယ်ပိုင်စမတ်ဖုန်းအသစ်တစ်မျိုးကို ထုတ်ပြန်လိုက်တယ်လို့ စပွန်နစ်သတင်းမှာ ဖော်ပြထားပါတယ်။ Pyongyang 2425 လို့ အမည်ပေးထားတဲ့ အဲ့ဒီစမတ်ဖုန်းမှာ iPhone တစ်လုံးရဲ့ လုပ်ဆောင်ပုံတွေအားလုံး ပါဝင်နေတယ်လို့ဆိုပါတယ်။ အသုံးပြုသူရဲ့ မျက်နှာကို အသိအမှတ်ပြုတဲ့ စနစ်၊ ကြိုးမဲ့ အားသွင်းတာတွေနဲ့ processor (၈)လုံး ပါဝင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲ့ဒီစမတ်ဖုန်းဟာ မြောက်ကိုရီးယား အစိုးရက အသိအမှတ်ပြုထားတဲ့ နိုင်ငံပိုင် ဆက်သွယ်ရေးကွန်ရက်ဖြစ်တဲ့ Mirae ဆိုတဲ့ ၀ိုင်ဖိုင်နဲ့သာ ချိတ်ဆက် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီဖုန်းဟာ ပြည်ပနိုင်ငံတွေက ၀ိုင်ဖိုင် ဒါမှမဟုတ် အင်တာနက်ကွန်ရက်နဲ့ ချိတ်ဆက်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီစမတ်ဖုန်းတွေဟာ တရုတ်နိုင်ငံမှာ ထုတ်လုပ်ပုံရတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ အဲ့ဒီနောက် မြောက်ကိုရီးယားနိုင်ငံကို တင်ပို့ပြီး မြောက်ကိုရီးယားနိုင်ငံထဲမှာ အချောသတ် ပြန်လည်တပ်ဆင်တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြ ပါတယ်။
(၆၅)နှစ်မြောက် ဂျပန်ကိုယ်ပိုင်ကာကွယ် ရေးတပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ဇွန်လ ၂၈ရက်နေ့ ည ၇ နာရီတွင် ရန်ကုန် မြို့ရှိ PARKROYAL Hotel ၌ ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက် ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးညိုစော၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် စစ်သံမှူးများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ သတ္တုတူးဖော်ရေးကုမ္ပဏီ တစ်ခုတွင် သတ်မှတ်နယ်မြေကျော်လွန်ကာ ရောက်ရှိနေသည့် တရုတ်နိုင်ငံသား(၂)ဦးအား တွေ့ရှိရ၍ ဗီဇာစည်းကမ်းချိုးဖောက်မှုဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။ တာချီလိတ်တပ်နယ်နှင့်သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၊ လ၀က နှင့် ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၉ခုနှစ် ဇွန်လ(၂၈)ရက်နေ့ ညနေ(၃)နာရီခွဲ ၀န်းကျင်က တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ အားရဲရှိ သတ္တုတူးဖော်ရေးကုမ္ပဏီ၏ လုပ်ကွက်တွင် ၀င်ရောက်စစ်ဆေးရာက ဗီဇာစည်းကမ်းဖောက်ဖျက်နေထိုင်သည့် တရုတ်နိုင်ငံသား အသက်(၄၉)နှစ်ရှိ ဟုန်ဆက်ပိုင် နှင့် အသက်(၅၁)နှစ်ရှိ ချင်းဖုန့်ချုန်းတို့အား စစ်ဆေးတွေရှိရခြင်း ဖြစ်ကြောင်း သိရသည်။
အိန္ဒိယအနောက်ပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ နံရံပြိုကျခဲ့မှုကြောင့် ကလေးသုံးဦး အပါအဝင် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် Pune မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီး အလုပ်သမားတွေ နေထိုင်ကြတဲ့ ယာယီတဲများပေါ်သို့ နံရံပြိုကျခဲ့ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ (ဇွန် ၂၉ ရက်) ပြောပါတယ်။ ယနေ့ မနက်အစောပိုင်း ၁ နာရီ ၄၅ မိနစ်ဝန်းကျင်က နံရံပြိုကျခဲ့စဉ် ယာယီတဲများအတွင်း ဆောက်လုပ်ရေး အလုပ်သမားတွေနဲ့ ၎င်းတို့မိသားစုတွေ အိပ်ပျော်နေခဲ့ကြတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်း ဒေသတွင် ဒေါ်လာ သန်း ၅၀ ကျော် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့် ကမ်းလွန်ရေနံတွင်းများအတွက် MPRL E&P Group of Companies ၏ ကမ်းလွန် ထောက်ပံ့ ပို့ဆောင်ရေး စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်မည်ဖြစ်ကြောင်း MPRL E&P Group of Companies မှ သိရသည်။အဆိုပါ ကမ်းလွန်ရေနံတွင်းများအတွက် ကမ်းလွန်ထောက်ပံ့ပို့ဆောင်ရေး အခြေစိုက်စခန်း တည်ဆောက်ပြီး လိုအပ်သော ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း လုပ်ငန်းစီမံကိန်းသည်
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ ဇွန်လ ၂၈ ရက်နေ့က ဂျပန်နိုင်ငံ အိုဆာကာမြို့မှာပြုလုပ်တဲ့ G20 ထိပ်သီးဆွေးနွေးပွဲရဲ့ ဆက်စပ်အစည်းအဝေးမှာ တွေ့ဆုံခဲ့ပါတယ်။ သမ္မတ ထရမ့်နဲ့ သမ္မတ ပူတင်တို့ရဲ့ အခုတကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ဟယ်စင်ကီ ထိပ်သီးဆွေးနွေးပွဲ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အသက် ၃၄ နှစ် ရှိ ထောင်ကျ အကျဉ်းသား မင်းမင်း(ခ)ငနိုင်ထံ မူးယစ်ဆေးပေးပို့သည့် ဇနီးဖြစ်သူကို ဇွန်လ ၂၈ နေ့ ညနေပိုင်းက ဖမ်းဆီးရမိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးးရုံးမှ သိရသည်။ေ မ်ာလမြိုင်ကျွန်းမြို့ ရှောက်ချောင်းကျေးရွာ နေထိုင်သူ မင်းမင်း (ခ) ငနိုင်၏ ဇနီးဖြစ်သူ အသက် ၂၅ နှစ်ရှိ မဝေဝေလှိုင် (ခ)မငွေသဇင်သည် ထောင်ဝင်စာပစ္စည်းများဖြစ်သော မုန့်မျိုးစုံနှင့် ငရုပ်သီးတောင့်များပါသည့် အိတ်များနှင့် စားစရာထည့်သည့် ဗူးများအတွင်းမှ YW စာတန်းပါ မူးယစ်ဆေးများကို ပေးပို့သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောသည်။
ကိုယ်ကမန်းလေးကျုံး foodbox မှာအမြဲလှူတဲ့အလှူရှင်ပါ .... ဒါပေမယ့် အာ့တာတွေရှိနေသမျှ နောက်ထက်ဘယ်တော့မှ မလှူတော့ပါဘူး ... အာ့နေ့က စိတ်တွေတို ဒေါသတွေထွက် အကုသိုလ်တွေများပီး ပြန်လာခဲ့ရပါတယ်.. ဘာလို့လဲဆိုတော့ ရေသန့်ဗူးရောင်းတာကိုဗန်းပြပီး ပုံထဲကလူတွေနဲ့ ကလေးတွေက လာလှူသမျှမုန့်တွေကို တယောက်ကို ၅ထုပ်စီလောက်လာလာယူပီး သူတို့ဖေမေတွေနားက ပီနံအိတ်တွေထဲကို သွားသွားပီးထည့်ပါတယ် .... ၆ယောက်လောက်က လာပြေးယူလိုက် သူတို့အိတ်တွေထဲကို သွားထည့်လိုက်နဲ့ တော်တော်ကိုစိတ်ပျက်စရာပါ ....
အမြန်လမ်းမကြီး မန္တလေး-နေပြည်တော်အပိုင်း မိုင်တိုင်အမှတ် ၃၁၄/၂ တွင် ဇွန်လ ၂၈ ရက် ည ၁၁း၄၅ နာရီအချိန်ခန့်က ကားဘီးပေါက်သဖြင့် လမ်းဘေးချ ဘီးလဲနေသော ခရီးသည်တင် Express ယာဉ်အား ကုန်တင်ယာဉ်တစ်စီးက နောက်မှဝင်တိုက်မှု ဖြစ်ပွားခဲ့သည်။ြ ဖစ်စဉ်မှာ ယာဉ်မောင်း ကိုထွန်းထွန်းဝင်း မောင်းနှင်လာသည့် 1E/---- ရွှေစင်ရတနာ ခရီးသည်တင် Express ယာဉ် သည် နောက်ယာဘက်ဘီးပေါက်သဖြင့် မြေသားလမ်းပေါ်ရပ်ကာ ဂျိုက်ထောက် ဘီးလဲလှယ်နေစဉ် လာရားတူနောက်မှယာဉ်မောင်း ကိုဥာဏ်စိန်မောင်းနှင်လာသည့် 2L/----(၆)ဘီး ကုန်တင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး Express ယာဉ်၏ ဝဲဘက်နောက်အား ဝင်တိုက်သဖြင့် Express ယာဉ်မှ ကျား (၂)ဦး စိုးရိမ်ရဒဏ်ရာရရှိပြီး နောက်မှ ဝင်တိုက်သည့် ကုန်တင်ယာဉ်မောင်းကို ဉာဏ်စိန်သည် သေဆုံးသွားကြောင်း သတင်းရရှိသည်။
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာအုပ်စု သိမ်ကုန်းကျေးရွာ၊ ပေါက်ကုန်းကျေးရွာအုပ်စု ကျောင်းစုကျေးရွာ၊ အရှေ့လေးအိမ်ကျေးရွာအုပ်စု မြင်းခြံစုကျေးရွာတို့တွင် ဇွန် ၂၈ ရက် နံနက် ၉ နာရီက ဧရာဝတီ မြစ်ကမ်းပါး ပြိုကျလာမှုကြောင့် လူနေအိမ် ၁၆ လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) မှ ဆောင်ရွက်နေသော အခြားစီမံကိန်း လုပ်ငန်းများကို ပံ့ပိုးနိုင်ရန် အိပ်ခ်ျအိုင်ဗွီ တီဘီရောဂါ လူနာများအတွက် ကုသနေသော အင်းစိန်ဆေးခန်းကို ဇွန်၂၇ ရက်က တရားဝင် ပိတ်သိမ်းခဲ့ပြီး ယင်းဆေးကုခန်းတွင် ကုသလျက်ရှိသော လူနာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ အမျိုးသား ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) အင်းစိန်ဆေးခန်းမှ ဆေးခန်းမန်နေဂျာ ဒေါက်တာမြသီတာက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့တွင် ဇွန် ၂၈ ရက်က ပြုလုပ်ခဲ့သော တောင်သူလယ်သမားများတွေ့ဆုံပွဲသို့ တက်ရောက်လာခဲ့သည့် နိုင်ငံတော်၏အတိုပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မအူပင်မြို့နယ် မလက်တိုကျေးရွာမှ မြေသိမ်းခံလယ်သမားများမှ မြေယာပြသနာများ ကူညီဖြေရှင်းပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။ ထို့အတူ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေရုံ စီမံကိန်း ပဋိပက္ခနှင့် ပက်သက်ပြီး ဖမ်းဆီးခံထားရသော ကိုးတန်းကျောင်းသား ကိုထူးဝေယံလွတ်မြောက်ရေးနှင့် အဆိုပါ ပဋိပက္ခနှင့် ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် အကျဉ်းထောင်အတွင်း အသက်ဆုံးပါးခဲ့သူ ကိုထွန်းမြင့်ဝင်း၏ အမှုအား အမှုမှန်ပေါ်ပေါက်ရေးအတွက် ဓနုဖြူမြို့နယ် ကျောင်းသားများ သမဂ္ဂမှ ကျောင်းသားအချို့က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။
ပိုင်နက်အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်၌ ဖြစ်ပွားခဲ့သော သင်္ဘောတိုက်မှုဖြစ်စဉ်တွင် တရုတ်ကို ကာကွယ်ပေးနေသည်ဆိုသည့် စွပ်စွဲမှုများနှင့် ကြုံနေရသည့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ゞင်းကို စွပ်စွဲပြစ်တင်လာပါက ဝေဖန်သူများကို ထောင်ချပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဒူတာတေးသည် လူထု၏ ခိုင်မာသော ထောက်ခံမှုကို ရရှိနေသော်လည်း သယံဇာတ ရင်းမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး တရုတ်နှင့် ထိပ်တိုက်တွေ့မှုတွင် ဘေးထွက်နေသည့်အတွက် အားနည်းချက်တစ်ခုအနေနှင့် နိုင်ငံထဲတွင် ဝေဖန်ခံနေရသည်။
ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ဇွန် ၂၈ ရက်၌စတင်ခဲ့သော ဂျီ-၂၀ ထိပ်သီးသို့ တက်ရောက်လာခဲ့ကြသည့် ကမ္ဘာ့ခေါင်းဆောင်များသည် စီးပွားရေးတိုးတက်မှုအား ခြိမ်းခြောက်နေမှုကို ကာကွယ်ရန်အတွက် တောင်းဆိုမှုကြုံနေရစဉ် ゞင်းတို့၏ ပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်အဖြစ် ဆယ်စုနှစ်များစွာ ထိန်းသိမ်းလာခဲ့သော တန်ဖိုးထားမှုများနှင့်ပတ်သက်၍ အချင်းများခဲ့ကြသည်။ လွတ်လပ်ပြီး ပွင့်လင်းသော စီးပွားရေးသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံဖြစ်ကြောင်း နှစ်ရက်ကြာမြင့်မည့် ဂျီ-၂၀ ထိပ်သီးဖွင့်ပွဲတွင် အိမ်ရှင်ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တက်ရောက်လာသည့် ကမ္ဘာ့ခေါင်းဆောင်များအား ပြောကြားခဲ့သည်။ ထိုခေါင်းဆောင်များသည် ကုန်သွယ်ရေး၊ ဂလိုဘယ်လိုက်ဇေးရှင်း၊ အီရန်နျူကလီးယား သဘောတူညီချက် ပျက်ပြားနိုင်သည့် အန္တရာယ်စသည့် ကြီးမားသော တင်းမာမှုများနှင့် ရုန်းကန်နေရသည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ပြန်လည်ရွေးကောက်ခံရမှုကို ပယ်ဖျက်ပေးရန် ဗိုလ်ချုပ်ဟောင်းပရာဘိုဝိုဆူဘီယန်တို၏ တောင်းဆိုချက်ကို အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဇွန် ၂၇ ရက်တွင် ပယ်ချခဲ့ပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟူသော ဆူဘီယန်တို၏ ပြောကြားချက်များသည် အခြေအမြစ်မရှိဟုလည်း ထုတ်ပြန်ခဲ့သည်။
အလုပ်ခွင်မှာ လိင်တူစုံမက်သူတွေကို မနှစ်မြို့သူတွေရဲ့ မတရား အနိုင်ကျင့်ခံရတာကြောင့်လို့ ဆိုပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တဲ့ Myanmar Imperial တက္ကသိုလ်က လိင်တူချစ်သူ ကိုကျော်ဇင်ဝင်း သေဆုံးခဲ့တဲ့ ကိစ္စကို တရားမျှတအောင် ဆောင်ရွက်ပေးဖို့အတွက် ဒီကနေ့ လိင်တူချင်း စုံမက်သူတွေအရေး ထောက်ခံလှုပ်ရှားသူတွေက တောင်းဆိုဆန္ဒပြကြပါတယ်။ Myanmar Imperial တက္ကသိုလ် အနေနဲ့ ကိုကျော်ဇင်ဝင်းအတွင်း တရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးရမှာဖြစ်ပြီး ဒီလိုဖြစ်ရပ်မျိုး နောက်ထပ်မကြုံရအောင် ဟန့်တားရလိမ့်မယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ AFP ဆောင်းပါးကိုအခြေခံပြီး မခင်ဖြူထွေးက ပြောပြပေးပါမယ်။
အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာတော့ အဓမ္မပြုကျင့်ဖို့ကြိုးစားတာ ငြင်းလို့ဆိုပြီး အမျိုးသမီးနှစ်ယောက်ကို ကတုံးရိတ်ခဲ့တဲ့ လူတစ်စုထဲက လူနှစ်ယောက်ကို ရဲကဖမ်းလိုက်ပါတယ်။ အဲဒီအုပ်စုထဲမှာ ဒေသခံအရာရှိတစ်ယောက်ပါပြီး သူတို့ဟာ အမေနဲ့ သမီးနှစ်ယောက်ထဲရှိတဲ့အိမ်တစ်အိမ်ထဲဝင်ပြီး အဓမ္မကျင့်ဖို့ ကြိုးစားတဲ့တယ်လို့ရဲတွေက ပြောပါတယ်။ အမျိုးသမီးတွေက ရုန်းကန်ငြင်းဆန်တဲ့အခါ သူတို့ကို ထိုးကြိတ်ရိုက်နှက်ပြီး သူတို့ရဲ့ ဆံပင်တွေကို ရိတ်ပြီး ရွာထဲမှာ လှည့်ပြခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် လူငါးဦးကို လိုက်ရှာနေဆဲလို့ သိရပါတယ်။ ကျွန်မတို့ကို တုတ်တွေနဲ့ ရိုက်တာ တကိုယ်လုံး ဒဏ်ရာတွေရခဲ့တယ်၊ ကျွန်မသမီးမှာလည်း ဒဏ်ရာတွေနဲ့လို့ မိခင်ဖြစ်သူက အေအဲန်အိုင်သတင်းဌာနကို ပြောပါတယ်။ သူတို့ကို တစ်ရွာလုံးရှေ့မှာ ကတုံးရိတ်ခဲ့တာလို့လည်း သူက ပြောပါတယ်။
တရုတ် ယဉ်ကျေးမှုအသင်းဆိုင်းဘုတ် တင်ပွဲနှင့် အလှူငွေပေးအပ်ပွဲအ ခမ်းအနားကို ဇွန် ၂၇ ရက်တွင် အသင်းတည်ရှိရာ အမှတ် ၁၆၆၊ လေးထောင့်ကန်လမ်း၊ တာမွေမြို့ နယ်ရှိRoyal Holiday Hotel ၌ကျင်းပခဲ့ပြီး တရုတ်နိုင်ငံ ပေကျင်း မြို့တွင် နှစ် ၄၀ အတွင်း ဖွံ့ဖြိုး တိုးတက်မှုနှင့် တရုတ်ယဉ်ကျေးမှု မြင့်မားခဲ့မှုကို ဖော်ညွှန်းသည့်ပြ ပွဲပြုလုပ်သကဲ့သို့ မြန်မာနိုင်ငံတွင် အမျိုးသားယဉ်ကျေးမှုများ ထွန်း ကားမြင့်မားခဲ့ပုံကို ဖော်ထုတ်ပြီး နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။