ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကလေးနှစ်ဦးအပါအဝင် မိသားစုလေးယောက်စီးနင်းလာသည့် ဆိုင်ကယ်နှင့် မော်တော်ယာဉ်တစ်စီး မျက်နှာချင်းဆိုင်တိုက်မိသဖြင့် ဆိုင်ကယ်စီးလာသည့်မိသားစု ဒဏ်ရာရသွားကြောင်း သိရသည်။ တာလေမြို့  အမှတ် (၃၁၆) ခြေမြန်တပ်ရင်းအနီး မြေနီကုန်းအကွေ့ တွင် ၂၀၁၉ ခုနှစ်၊ မေလ (၁၂)ရက်နေ့ နံနက် (၆)နာရီကျော်က မျက်နှာချင်းဆိုင်ယာဉ်ကြောအသီးသီးတွင် မောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်တို့ အကွေ့တွင်အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ တာလေနယ်မြေရဲစခန်းမှ လာရောက်စစ်ဆေးပြီး မော်တော်ယာဉ်နှင့် ယာဉ်မောင်းအား ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
ဒဏ်ရာရသွားသည့် မိသားစုကို တာလေမြို့ လောကပါလပရဟိတ လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်ဖြင့် တာချီလိတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
No comments:
Post a Comment