မော်ရိုကို ရေတပ်၏ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က မေလ ၁၀ ရက် ညပိုင်း အချိန် မှ စတင်၍ ၁၁ ရက် နံနက်ပိုင်း အချိန်ထိ မြေထဲပင်လယ် ၌ တရား မဝင်နိုင်ငံ ဖြတ်ကျော် ရွှေ့ပြောင်းသွားလာသူ ၁၁၇ ဦး အား ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရှိခဲ့ရသည်။ေ မ်ာရိုကို နိုင်ငံပိုင် သတင်းဌာန၏ ဖော်ပြချက်အရ ပုံမှန်ကင်းလှည့်နေသည့် မော်ရိုကို ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က မြေထဲပင်လယ်တွင် ဒုက္ခရောက် နေသည့် ရော်ဘာလှေ ၃ စင်းအား တွေ့ရှိခဲ့ပြီး လှေပေါ်ရှိ လူ ၁၁၇ ဦး အား ကယ်ဆယ်နိုင်ခဲ့ကြောင်း ၊ ကယ်ဆယ်ခံရသူများ က ကျန်းမာရေး ကောင်းမွန်ပြီး ၄င်းတို့အား နိုင်ငံမြောက်ပိုင်းရှိ Nador မြို့ နှင့် Ksar es Seghir မြို့ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။သတင်းဖော်ပြချက်များအရ လတ်တလောကာလအတွင်း တရားမဝင် နိုင်ငံ ဖြတ်ကျော်ရွှေ့ပြောင်းသွားလာသူများ မကြာခဏ ဝင်ရောက်လေ့ရှိ သောကြောင့် မော်ရိုကို ရေတပ်က နိုင်ငံမြောက်ပိုင်း ပင်လယ်ပြင်တွင် ကင်းလှည့်ခြင်းကို တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment