မြေဧက ၃၀၀ ခန့်ပေါ်ရှိ ခြံစည်းရိုး တိုင်များနှင့် ကန့်သတ်နယ်မြေ၊ မ ကျူးကျော်ရ၊ ဖြတ်သန်းမသွားရ ဟူသည့် ဆိုင်းဘုတ်များ ဖြုတ် သိမ်းခဲ့သည်။
ထိုသို့ ဖြုတ်သိမ်းနေစဉ် တပ်ရင်းမှူးတစ်ဦး အပါအ၀င် တပ်မတော်သား ၁၅ ဦးခန့်က ယင်းသို့မပြုလုပ်ရန် လာရောက် တားမြစ်ရာမှ နှစ်ဖက်အပြန်အ လှန်စကားများပြီး တောင်သူ များဘက်ကလည်း ‘ဤတောင် ယာသည် မူရင်းပိုင်ရှင်ရှိသည်၊ မ ကျူးကျော်ရ’ ဟူသည့် ဆိုင်းဘုတ် များ စိုက်ထူခဲ့ကြောင်း ကရင်နီ ပြည်တောင်သူလယ်သမားများ သမဂ္ဂဥက္ကဋ္ဌ ခူးတူရယ်က ရှင်းပြ သည်။
ယင်းသို့ အပြန်အလှန် တင်း မာနေချိန် ယမန်နေ့မွန်းလွဲ ၂ နာရီခန့်တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ် ချုပ်ရေးမှူးအပါအ၀င် တာဝန် ရှိသူများ ရောက်ရှိလာပြီး နှစ်ဖက် ယာယီပြေလည်မှုရရှိခဲ့ကြောင်း ၎င်းကဆိုသည်။
အဆိုပါမြေများကို တပ်မ တော်က ၁၉၉၁ ကတည်းကသိမ်း ဆည်းထားကြောင်း သိရသော် လည်း ယင်းသို့သိမ်းယူထားသည့် မြေများတွင် တောင်သူများလုပ် ပိုင်ခွင့်ပုံစံ (၇) ရရှိထားသည့်မြေ များလည်း ပါဝင်နေကြောင်း ခူး တူရယ်က ဆိုသည်။
‘‘တောင်သူဘက်ကလည်း သူတို့ပုံစံ (၇) ရထားတယ်။ သူတို့ မြေပါလို့ပြောတယ်။ အခုဖြစ်ရပ် က ပုံစံ (၇) က တောင်သူတွေကို လုံခြုံမှုမပေးဘူး၊ အကာအကွယ် မပေးဘူးဆိုတာ ပေါ်လွင်နေတယ် ပေါ့’’ဟု ၎င်းက ရှင်းပြသည်။
လက်ရှိတွင် အဆိုပါမြေ ယာ အငြင်းပွားမှုနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်နှင့် သက် ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များထံ သို့လည်း စာပေးပို့တင်ပြထားသ ဖြင့် ဥပဒေနှင့်အညီသာ ဖြေရှင်း ရန်လိုအပ်ကြောင်း ခူးတူရယ်က ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ တောင်သူများထံ 7Day Daily သတင်းစာက ဇွန်လ ၂၁ ရက် ည ၆ နာရီခွဲခန့်တွင် ဖုန်းဆက်သွယ် သော်လည်း ဆက်သွယ်မရခဲ့ ပေ။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခင်မောင်ဝင်းက ‘‘ဒကစ (ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်လွိုင်ကော်) ဧရိယာဖြစ်နေတော့သူတို့ကို မေး ကြည့်မှရမယ်။ ဒီဘက်ကို တရား ၀င်တက်မလာသေးဘူး’’ ဟု ဇွန် လ ၂၁ ရက်ည ၇ နာရီခန့်တွင်ပြော သည်။ အလားတူ ပြီးခဲ့သည့်တစ် ပတ်က ဒီးမော့ဆိုမြို့နယ် ဒေါဆို ရှေ့ကျေးရွာတွင် ဒေသခံတောင် သူများနှင့် အမှတ်(၃၆၀) အမြောက် တပ်တို့ကြား မြေယာအငြင်းပွားမှု အပြန်အလှန် ဖြစ်ပွားခဲ့ရာ တပ် မတော်က တောင်သူခြောက်ဦးကို အကျိုးဖျက်ဆီးမှု၊ တောင်သူ ၃၆ ဦးကို ပိုင်နက်ကျူးလွန်မှုတို့ဖြင့် ဒီးမော့ဆိုမြို့မရဲစခန်း၌ အမှုဖွင့် ထားသည်။
No comments:
Post a Comment