Pages
Saturday, June 22, 2019
လေဖိအားနည်းရပ်ဝန်း အိန္ဒိယနိုင်ငံကမ်းခြေသို့ ဝင်ရောက် ဒေသငါးခု၌ မိုးတိမ်တောင်အန္တရာယ်ရှိနေ
ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံကမ်းခြေသို့ ဝင် ရောက် သော်လည်း လေထုမတည် မငြိမ်ဖြစ်စဉ်ကြောင့် ဒေသငါးခု၌ မိုးတိမ်တောင်အန္တရာယ်သတိပြု ရန် လိုကြောင်း မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင်က ပြော သည်။ ဘင်္ဂလား ပင်လယ်အော် တွင် ဇွန်လ ၁၉ ရက်က စတင်ဖြစ် ခဲ့သော လေဖိအားနည်းရပ်ဝန်း သည် ဇွန်လ ၂၀ ရက် ညဥ့်နက် ပိုင်းနှင့် ဇွန်လ ၂၁ ရက်၌ အိန္ဒိယ နိုင်ငံကမ်းခြေသို့ ဝင်ရောက်ခဲ့ သည်။ လေထုမတည်မငြိမ်ဖြစ်စဉ် ကြောင့် မိုးတိမ်တောင် အန္တရာယ် ကျန်ရှိနေပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မကွေး တိုင်းဒေသကြီး တောင်ပိုင်းတို့၌ လေပြင်းနှင့် မိုးကြိုးပစ်ခြင်းများ သတိပြုနေထိုင်ရန် ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။ ထို့အပြင် ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ပါဝင်သော မြန်မာနိုင်ငံမြောက် ပိုင်းဒေသတွင် ပုံမှန်ထက်မိုးပို ကောင်းလာနိုင်ကြောင်း မိုးလေဝ သပညာရှင်က ခန့်မှန်းထားသည်။ လက်ရှိရာသီဥတုအခြေအ နေအရ မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ပင် လယ်ပြင်တွင် မိုးသက်လေပြင်း ကျရောက်နိုင်ပြီး လှိုင်းနှင့်လေ သတိပြုရန် မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment