ဒါပေမယ့်လည်း စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်က အဲဒီနှစ်သင်းကို နောက်ကောက်ချသွားနိုင်တော့မှာဖြစ်ပြီး ဖိလစ်ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေ ရောက်နေပြီလို့ စပိန် နာမည်ကြီးသတင်းစာ မာကာက ဖော်ပြသွားပါတယ်။
အက်သလက်တီကိုမက်ဒရစ် အသင်းဟာ ဂျိုအာဖိလစ်ရဲ့ စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ပေါင် ၁၀၇ သန်းနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဖိလစ်ဟာ ပြီးခဲ့တဲ့ရာသီက ပေါ်တူဂီလိဂ်မှာ ၄၃ ပွဲ ကစားခဲ့ပြီး သွင်းဂိုး ၂၀ နဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
No comments:
Post a Comment