သို့ဖြစ်ရာ ရေခဲတောင်သို့ သွားရာ လမ်းခရီးတစ်လျှောက် တွင် အရေးအပါဆုံးဖြစ်သည့် ဖုန် ရင်ချောင်းတံတားကို မစိမ့်ထက် အတွက် ကုသိုလ်ဖြစ်စေရန် ရည် ရွယ်ပြီး ဆောက်လုပ်မည်ဖြစ် ကြောင်း မစိမ့်ထက်မိသားစုထံ အကြောင်းကြားခဲ့ရာ မစိမ့်ထက်မိသားစုက တံတားမတည်အ လှူငွေအဖြစ် ကျပ် ၂၃ သိန်းစတင်လှူဒါန်းကြောင်း ကိုမိုးမင်းသိန်း က ပြောသည်။
မစိမ့်ထက်၏ သူငယ်ချင်း မိတ်ဆွေများ၊ တောင်တက်အဖွဲ့ ၀င်များ လှူဒါန်းသည့်ငွေကြေး များဖြင့် တံတားဆောက်လုပ်ရန် လိုအပ်သည့် ပစ္စည်းများဝယ်ယူစုဆောင်းကာ စက်တင်ဘာတွင် ဆောက်လုပ်မည်ဖြစ်သည်။
ဖုန်ရင်ချောင်းတွင် တံတားဆောက်လုပ်နိုင်ပါက ဒေသခံများ၊ တောင်တက်ခရီးသွားများ ဖုန်ရင်ရာဇီရေခဲတောင်သို့ ရာသီ မရွေးအလွယ်တကူသွားရောက် နိုင်မည်ဖြစ်၍ ခရီးသွားလုပ်ငန်းနှင့် ဒေသခံများအတွက်ပါ အထောက်အကူပြုနိုင်မည်ဟု ကိုမိုးမင်းသိန်း ပြောသည်။
တံတားဆောက်လုပ်မည့် ဖုန်ရင်ချောင်းသည် ပူတာအိုမြို့ မှ ၃၇ မိုင်ကွာဝေးပြီး ဇီယာဒမ်း ကျေးရွာနှင့် ဖုန်ရင်ရာဇီစခန်း (၁) ကြားတွင်ရှိသည်။ ဆောက်လုပ် မည့် တံတားအရှည် ပေ ၂၅၀ ခန့်ရှိကာ သံမဏိကြိုးများအသုံးပြုမည် ဖြစ်သည်။
မစိမ့်ထက်သည် ဖန်ဂရန် ရာဇီရေခဲတောင်ကို တောင်တက် အဖွဲ့ဝင် ၂၀ ဦးပါဝင်သည့် The Summiter အဖွဲ့နှင့် ဧပြီ ၆ ရက် တွင် ပူတာအိုမြို့ ဇီယာဒမ်းကျေး ရွာက စတင်ထွက်ခွာပြီး ဧပြီ ၁၂ ရက် နံနက် ၈ နာရီ မိနစ် ၂၀ ၌ တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။ ထို့နောက် တောင်ထိပ်မှပြန်ဆင်းသည့် မိနစ်ပိုင်းတွင် ခြေချော်၍ ပေ ၂,၀၀၀ ခန့်ရှိသည့် ချောက်အတွင်းသို့ ပြုတ်ကျခြင်း ဖြစ်သည်။
No comments:
Post a Comment