Pages
Wednesday, June 26, 2019
အမေရိကန်မှာ အလုပ်ထုတ်ခံရသူက ကုမ္ပဏီကို သေနတ်နဲ့ ဝင်ပစ်
အမေရိကန်ပြည်ထောင်စု၊ မြောက် ကယ်လီဖိုးနီးယား ဖို့ဒ် ကားအရောင်းပြခန်းမှာ အလုပ်ထုတ်ခံရသူ တစ်ဦး ရောက်လာပြီး သေနတ်နဲ့ပစ်လို့ အလုပ်သမား နှစ်ဦး သေဆုံးပြီး သေနတ်သမားလည်း သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ ဇွန်လ ၂၅ ရက်နေ့က ရဲတွေရောက်လာချိန်မှာ ကိုယ့်ကိုယ်ကို ပစ်ခတ်ထားပုံရတဲ့ လူတစ်ဦး လဲနေတာ တွေ့ကြောင်း၊ သူ့လက်ထဲမှာလည်း သေနတ်တစ်လက် ကိုင်ထားကြောင်း ရဲတပ်ကြပ် ဘီလ် နော်မန်က ပြောပါတယ်။ အဆောက်အဦထဲမှာလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးနေသူ နှစ်ဦးကို တွေ့ရှိခဲ့ပါတယ်။ သေနတ်သမားနဲ့ သေဆုံးသူတွေ ဘယ်သူဆိုတာကို ရဲက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ အဲဒီမှာ အလုပ်လုပ်သူ တစ်ယောက်ကတော့ သေနတ်သမားဟာ အရင်က အလုပ်သမားဟောင်း တစ်ဦးဖြစ်တယ်လို့ မီဒီယာတွေကို ပြောပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment