
ထိုသုံးဦးကို ပြီးခဲ့သည့်နှစ်ဇူလိုင်က ဟိုချီမင်းစီးတီးတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ သုံးဦးသည် နိုင်ငံအလယ်ပိုင်းဒေသသို့ ခရီးထွက်ကာ အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူများကို စည်းရုံးသိမ်းသွင်းပြီး အပြန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။
ငုယင်နှင့် အပေါင်းအပါများ အစိုးရဖြုတ်ချရေး အစီအစဉ်သည် အကောင်အထည် မပေါ်ခဲ့ပေ။ငုယင်သည် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အောရိန်းစီရင်စုမှဖြစ်သည်။ ငုယင်၏ ဇနီးသည်ကမူ ထောင်ဒဏ်ချမှတ်ခံရခြင်းအတွက် စိတ်ပျက်မိကြောင်း၊ အမေရိကန်ကို ထိုးနှက်ချက်ဖြစ်ကြောင်း ဝေဖန်ပြောကြားသည်။
ဗီယက်နမ်တွင် အစိုးရဆန့်ကျင်ဆန္ဒထုတ်ဖော်မှုများ အလွန်ရှားပါးပြီး ကွန်မြူနစ်အာဏာပိုင်များသည် အစိုးရကို ဝေဖန်မှုများကို သည်းခံလေ့မရှိကြောင်း တွေ့ရသည်။ပြီးခဲ့သည့်နှစ်အတွင်း လူတစ်ဒါဇင်ကျော် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများဖြင့် ရုံးတင်ခံခဲ့ရသည်။
ဗီယက်နမ်သည် မိမိခံယူချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အနည်းဆုံး နိုင်ငံများထဲ၌ ပါဝင်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ (HRW) ကလည်း အဆင့်သတ်မှတ်ထားသည်။
No comments:
Post a Comment