
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အလွတ်ခုန်လေထီး (အမျိုးသမီး) သင်တန်းအမှတ်စဉ် (၁)မှ အရာရှိ၊ စစ်သည်များအား နည်းပြများမှ လေ့ကျင့် သင်ကြားနေမှုနှင့် နည်းပြများ၏ စွမ်းရည်သရုပ်ပြမှုအား ကြည့်ရှုအားပေးကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ရေးဆိုင်ရာများအား မှာကြားပြီး အလွတ်ခုန်လေထီး (အမျိုးသမီး) သင်တန်းအမှတ်စဉ်(၁)မှ အရာရှိ၊ စစ်သည်များနှင့် နည်းပြများ အတွက် ချီးမြှင့်ငွေများပေးအပ်ခြင်း၊ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Royal Sportainment Complex အတွင်းရှိ ရေခဲပြင်စကိတ်အားကစားကွင်းအတွင်း နည်းပြများ ၏ သရုပ်ပြမှုများအားကြည့်ရှုကြပြီး Bowling ကစားကွင်းအတွင်းလှည့်လည်ကြည့်ရှုကြ သည်။ အဆိုပါပါ Royal Sportainment Complex အား ၂၀၁၉ ခုနှစ် ဧပြီလ ၂၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်သူများကျန်းမာရေးနှင့် အားကစားကဏ္ဍတွင် မျိုးဆက်သစ် လူငယ် များနှင့် မိသားစုများအလိုက် ပျော်ရွှင်စွာကစားနိုင်ရန်နှင့် အပျော်တမ်းလေ့ကျင့် နိုင်ရန်ရည်ရွယ်၍ နိုင်ငံတကာ စံချိန်မီ ရေခဲပြင်စကိတ်ကစားကွင်းနှင့် Bowling ကစားကွင်းအား ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်သည်။
ယနေ့ မွန်းလွဲပိုင်းတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမကြီးအနီးရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ DENTOMEC သွားတိုက်တံနှင့် သွားတိုက် ဆေးစက်ရုံသို့ရောက်ရှိကြရာ စက်ရုံမှူးက ဘဏ္ဍာရေးနှစ်အလိုက် သွားတိုက်တံနှင့် သွားတိုက်ဆေးများ ထုတ်လုပ်နေမှုနှင့် ဈေးကွက်အတွင်း ဖြန့်ချိရောင်းချနေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း၊ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်ပသွင်းကုန် များအစားထိုးရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး ထုတ်ကုန်များသည် ခေတ်မီပြီး အရည်သွေးကောင်းမွန်ရန်၊ သုံးစွဲသူများ၏ကြိုက် နှစ်သက်မှုနှင့်ကိုက်ညီရန်လိုကြောင်း၊ ဈေးကွက်အတွင်း ဈေးချင်းတူလျှင် ပစ္စည်းကောင်းရမည်၊ ပစ္စည်းချင်း တူလျှင် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချနိုင်ရမည်ဖြစ်ကြောင်း၊ ဈေးကွက်ပိုမိုရရှိစေရေးအတွက် ဆောင်ရွက်ကြရန်လိုကြောင်း၊ အခြားပြည်တွင်းသွားတိုက်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများ နှင့်လည်း လက်တွဲဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်းဖြစ်ကိုအားပေးကြရမည် ဖြစ်ကြောင်းနှင့် FDA ၏ သတ်မှတ်ချက်များအတိုင်း လိုက်နာရမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။
ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း သွားတိုက်တံနှင့် သွားတိုက် ဆေးများထုတ်လုပ်နေမှု၊ ကုန်ကြမ်းများသိုလှောင်ထားရှိမှုနှင့် ဓာတ်ခွဲခန်းအတွင်း ဓာတ်ခွဲစမ်းသပ်နေမှု အခြေ အနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများကလိုက်လံရှင်းလင်းတင်ပြကြသည်။
အဆိုပါ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေးစက်ရုံအား ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဂျာမနီနိုင်ငံနှင့်ဆွီဒင်နိုင်ငံတို့မှ နည်းပညာများဖြင့် နိုင်ငံတကာ အဆင့်မီစက်သစ်ကြီးများ အသုံးပြုကာ ပြည်ပသွင်းကုန်အစားထိုး (Import Substitution) ထုတ်ကုန်အဖြစ် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဈေးနှုန်းသက်သာသည့် သွားတိုက်တံနှင့် သွားတိုက်ဆေးများ ထုတ်လုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment