ဘက်ဟိုးဖြင့် ၀င်ရှင်းလင်း ရန် ကြိုတင်အသိပေးပြီး နှောင့်ယှက်ခြင်း မပြုရန်သတိပေးခဲ့သည် ဟု တစ်သျှူးငှက်ပျောခင်းရှင်းလင်း ရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောသည်။ ‘‘လာရှုပ်ရင် တရားထပ်စွဲ မယ်လို့ ပြောထားတယ်’’ ဟု အ ထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
ယခင်က ချန်းရင်ခူး ကုမ္ပဏီက စိုက်ပျိုးပြီး ယခုအခါ ဒေသခံတစ်ဦီးအမည်ဖြင့်ရှိနေသော အထက်ပါ တစ်သျှူးငှက်ပျောခင်း များကို ရှင်းလင်းရာ၌ ပြည်နယ်အစိုးရ၏ ယင်းလုပ်ရပ်ကို ဒေသခံများက ထောက်ခံသည်။
‘‘ဧက ၅၅၀ လုံး ရှင်းလင်းမှာ။အခုကတော့ ဘက်ဟိုးနဲ့ ရှင်းနေ ပြီ။ နောက်ပိုင်းတော့ ဒေသခံတွေ အကူအညီနဲ့ ရှင်းမှာ’’ ဟု တစ်သျှူးငှက်ပျောခင်းများ ရှင်းလင်းရေးသို့ သွားရောက်သတင်းယူသည့် ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီပြန်ကြားရေး ကော်မတီအဖွဲ့ဝင် ဦးဉာဏ် ထွန်းက ပြောသည်။
ဝိုင်းမော်မြို့နယ်ရှိ သစ်တောကြိုးဝိုင်း ဧက ၅,၀၀၀ ကျော်တွင် လွယ်ဖူးဘွမ်၊ ရှိန်သာ၊ ချမ်းရင်ခူး၊ မျိုးဆက် ကြယ်ပွင့်နှင့် မလိခနဂါးကုမ္ပဏီတို့က တစ်သျှူးငှက်ပျော တရားမ၀င်စိုက်ပျိုး ထားရာ သစ်တောဦးစီးဌာနက တရားစွဲဆိုခဲ့သည်။ ကုမ္ပဏီများ ဖယ်ရှားပေးရန် တရားရုံးက အမိန့်ချခဲ့ သော်လည်း ထွက်ခွာမသွား၍ သတိပေးစာသုံးကြိမ် ထုတ်ထားသည်။ ‘‘ကျန်တာတွေက တရား ရုံးအမိန့် မပြတ်သေးဘူး။ ပြီးတာနဲ့ ကျွန်တော်တို့က သစ်တောပြန် လည် ထူထောင်ရေး လုပ်ငန်း လုပ်ရမယ်’’ဟု ဦးခင်မောင်ဦးက ပြောသည်။
ကချင်ပြည်နယ်တွင် ဗန်းမော်၊ ၀ိုင်းမော်၊ မိုးမောက်၊ ဒေါ့ဖုန်းယန်မြို့နယ်တို့၌ တစ်သျှူးငှက်ပျော အများအပြား စိုက်ပျိုးပြီး စိုက်ခင်းဧကအတိအကျကို အစိုးရက တိုင်းတာနိုင်ခြင်း မရှိသေးပေ။ ၀ိုင်းမော်မြို့နယ်တွင် အများဆုံးစိုက်ပျိုးထားပြီး တစ်မြို့နယ်လုံး မြေဧရိယာ၏ ၁၂ ရာခိုင်နှုန်းဖြစ်သည့် ဧကတစ်သိန်း လေးသောင်းကျော် ရှိသည်ဟုကချင်ပြည်နယ်အခြေစိုက် မြေယာလုံခြုံမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကွန်ရက်အဖွဲ့က ၂၀၁၈ အတွင်း ပြုလုပ်ခဲ့သော သုတေသနစာတမ်း၌ ဖော်ပြထားသည်။ ကချင်ပြည်နယ် အစိုးရအဖွဲ့ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး နေရာအ ပြောင်းအလဲ ဖြစ်ခဲ့သည့် ၂၀၁၉ ဇန်န၀ါရီနောက်ပိုင်းက စတင်ကာတစ်သျှူးငှက်ပျော စိုက်ပျိုးရေး ပြဿနာကို ယခင်ကထက် ပိုမိုကိုင်တွယ် ဖြေရှင်းလာသည်။
No comments:
Post a Comment