
Food Box ကို တာချီလိတ်မြို့မှာ ပထမဆုံး အကြိမ်ထားရှိတာဖြစ်ပြီး အလှူရှင် မနန်းမိုး နဲ့ Facebookသူငယ်ချင်းများ၊ ပါရမီရှင် လူငယ်လေးများအသင်းတို့က စတင်ထားရှိတာဖြစ်ပြီး Food Box ထားရှိတဲ့ အစီအစဉ်ကို မန္တလေးမြို့ ကျုံးနံဘေးမှာ စတင်ခဲ့တာကနေ မော်လမြိုင်၊ ရန်ကုန် တောင်ကြီး နဲ့အခြားမြို့တွေမှာလည်း ဒီအစီအစဉ်ကို လုပ်ဆောင်လာတာတွေရှိနေပါတယ်။
Food Boxမှာ လိုအပ်သူတွေစားသုံးဖို့ ပါဝင်လှူဒါန်းလိုပါက မနန်းမိုး ``Nang Moe´´ facebook အကောင့်နဲ့ တာလော့ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်ရှိ ကြယ်တံခွန် ကုန်စုံဆိုင်ရှေ့ Happy Mobile ဖုန်းဆိုင် ကိုလာရောက်လှူဒါန်းနိုင်သလို ဖုန်းနံပတ် 09 258222492 ကိုဆက်သွယ်လှူဒါန်းနိုင်သလို ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်ရှိ Food Box မှာလည်း သွားရောက်ထည့်နိုင်တယ်လို့ သိရပါတယ်။
No comments:
Post a Comment