Pages
Wednesday, June 26, 2019
ဒီနှစ်ဘတ်ဂျက်ရှစ်လတာအတွင်း အခွန်ကျပ်ဘီလီယံလေးထောင်ကျော်ရထားပြီ
ဒီနှစ်ဘတ်ဂျက်ရဲ့ ရှစ်လတာ အတွင်း ကျပ်ဘီလီယံလေးထောင်ကျော် ကောက်ခံရရှိပြီးပြီဖြစ်ကာ ဒါဟာ လျာထားချက်ရဲ့ ၆၅ ကျော် အကောင်အထည်ဖော်နိုင်ခဲ့တာလို့ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဘတ်ဂျက်တစ်နှစ်လုံးအတွက် ကောက်ခံဖို့ စုစုပေါင်းလျာထားတဲ့ ပမဏဟာ ကျပ်ဘီလီယံ ၇၅၀၀ ကျော် ဖြစ်ပါတယ်။ မေလကုန်ပိုင်းအထိ ကောက်ခံရရှိထားတဲ့ အခွန်ဟာ ပုဂ္ဂလိက ကဏ္ဍ ကအများဆုံးဖြစ်ကာ ကျပ်ဘီလီယံ ၃၃၀၀ ကျော်ရှိတယ်လို့သိရပါတယ်။ ကျန်တာကတော့ သမဝါယမ ကဏ္ဍ က ကျပ်တစ်ဘီလီယံကျော်နဲ့ နိုင်ငံပိုင် ကဏ္ဍက ကျပ်ဘီလီယံ ၇၅၀ ကျော် ဖြစ်ပါတယ်။ ၀င်ငွေခွန်မှ ကျပ် ၁၆၀၀ ဘီလီယံကျော်၊ ကုန်သွယ်လုပ်ငန်းခွန်က ကျပ် ဘီလီယံ ၁၃၀၀ ကျော်၊ အထူးကုန်စည်ခွန်မှ ကျပ် ဘီလီယံ ၉၀၀ ကျော်၊ တံဆိပ်ခေါင်းခွန်မှ ကျပ်ဘီလီယံ ၃၀ ကျော်နဲ့ အောင်ဘာလေသိန်းစဆုမှ ကျပ် ဘီလီယံ ၉၀ ကျော်ကောက်ခံရရှိခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဘတ်ဂျက်နှစ်မှာတော့ တစ်နှစ်ပတ်လုံး ကျပ်ဘီလီယံ ခြောက်ထောင်ကျော် အခွန်ကောက်ခံရရှိခဲ့ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment