ဖရီဒါ၏ အကူအညီဖြင့် လူ ၁၂ ဦး၏အသက်ကို ကယ်တင်နိုင် ခဲ့ပြီး အလောင်း ၄၀ ကျော် ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ကြောင်း မက္ကဆီ ကိုရေတပ်က အသိအမှတ်ပြု ဂုဏ်ပြုထားသည်။
‘‘ဖရီဒါရဲ့ ဟောင်သံက မျှော်လင့်ချက်တွေ အမြဲတမ်းပေးပါ တယ်။ ဒုက္ခရောက်တဲ့အခိုက်အ တန့်မျိုး၊ မသေချာမရေရာဖြစ်တဲ့ အခိုက်အတန့်မျိုးမှာ ဖရီဒါက စိတ်သက်သာမှုတွေ ယူဆောင်ပေးပါ တယ်’’ဟု ရေတပ်ဒုတိယဝန်ကြီး ရီဒွန်ဒိုက ပြောသည်။
လူ ၃၀၀ ကျော် သေဆုံး သော ၂၀၁၇ ငလျင်လှုပ်ခတ်ပြီး နောက် မြို့တော် မက္ကဆီကိုစီးတီး ရှိ စာသင်ကျောင်းတစ်ခု၏ အ ပျက်အစီးများကြား မျက်လုံးကာ ဝတ်ဆင်ပြီး အနံ့ခံရှာဖွေနေသော ဖရီဒါ၏ ဓာတ်ပုံများကို ကမ္ဘာတစ် ဝန်းလုံး အာရုံစိုက်မိခဲ့သည်။
ယခုအခါ သက် (၁၀)နှစ်ရှိ ပြီဖြစ်သော ဖရီဒါအတွက် ဘဝ စာမျက်နှာသစ် ဖွင့်လှစ်ရန် ၎င်း၏ နာမည်ကျော်မျက်လုံးကာနှင့်အ တူ ဘွတ်ဖိနပ်အပြင် ကိုက်ဝါး၍ ရသော အရုပ်တစ်ရုပ်ပေးထား သည်။
၎င်းအငြိမ်းစားယူမည့် အစီ အစဉ်များကို အတည်မပြုရသေး သော်လည်း ဖရီဒါသည် ဇွန်လ ၂၈ ရက်တွင် ကျေးလက်ဒေသသို့ ပြောင်းရွှေ့ဖွယ်ရှိပြီး လာမည့် ရှာဖွေကယ်ဆယ်ရေး ခွေးမျိုး ဆက်အား လေ့ကျင့်သင်ကြားပေး ရန် အကူအညီပေးမည်ဖြစ်သည်။ ‘‘ဖရီဒါရဲ့တာဝန်က ဂုဏ်ပြု အသိအမှတ်ပြုခံရခြင်းနဲ့ ပြီး မြောက်အဆုံးသတ်ခဲ့ပါတယ်’’ဟု ရီဒွန်ဒိုက ပြောကြားခဲ့သည်။
No comments:
Post a Comment