

ဆွေးနွေးပွဲမှာတော့ အပိုင်း ၂ ပိုင်းခွဲကာ ဆွေးနွေးသွားကြမှာဖြစ်ပြီး ပထမပိုင်းဖြစ် တဲ့ “မြန်မာ့လူမှုကွန်ရက် ကောင်းကျိုး၊ ဆိုးကျိုး၊ စိန်ခေါ်မှုများနှင့် ဖြေရှင်းရန် အဆို ပြု ချက်များ” ခေါင်းစဉ်နဲ့ ဆွေးနွေးမှုမှာတော့ သရုပ်ဆောင်မင်းသမီး အေးမြတ်သူ၊ မိတ် ကပ်ပညာရှင် မထက်၊ အလှမယ် ဟန်တီနဲ့ အရည်ကြိုတို့က ဦးဆောင်ဆွေးနွေးသွားကြ မှာ ဖြစ်ပါတယ်။
ဒုတိယပိုင်းဖြစ်တဲ့ “မြန်မာ့လူမှုကွန်ရက် အပြုသဘောဘယ်လိုမြှင့်တင်မလဲ” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာတော့ Information Matrix ကုမ္ပဏီ စီအီးအို ဦးသောင်းစုငြိမ်း၊ AYA Bank ၊ Digital Banking မန်နေးဂျင်းဒါရိုက်တာ ဦးချစ်ထွန်းဖေ၊ Rakuten Viber မန်နေဂျာ ဦးနေရဲအောင်၊ မှုခင်းရဲတပ်ဖွဲ့ ရဲမှူးကျော်သူဝင်းနဲ့ ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးဟောင်း ဒေါ်မော်မော်အေးတို့က ဦးဆောင်ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို ဘယ်သူမဆို အခမဲ့တက်ရောက်နိုင်မှာဖြစ်ပြီး တက်ရောက်လိုသူ တွေအနေနဲ့ ဖုန်းနံပါတ် 09 978 049 335 သို့ဖြစ်စေ၊ အွန်လိုင်းလင့်ခ် – https://tinyurl.com/myanmar-smf2019 မှတဆင့်ဖြစ်စေ မှတ်ပုံတင်ပြီး တက်ရောက်နိုင်ပါတယ်။
No comments:
Post a Comment