
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က မြန်မာနိုင်ငံတွင် လူငယ် ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး ယခုအခါ မဟာဗျူ ဟာများကို ဆက်လက်ရေးဆွဲကာ လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ တစ်ဦးတစ်ယောက်မျှမကျန်ရစ်စေ ဘဲ အားလုံးပါဝင်သည်ဆိုသည့် သဘောတရားများအတိုင်း ဆယ် ကျော်သက်၊ မသန်စွမ်း၊ အစွန်အ ဖျားနေ၊ ကျောင်းပြင်ပ စသည့်ဖြင့် လူငယ်များအားလုံး ပါဝင်နိုင်ရန် ကြိုးစားရမှာဖြစ်ပါကြောင်း နိုင်ငံ တစ်နိုင်ငံတွင် ဥပဒေရဲ့အကျိုး သက်ရောက်မှုများသည့်အတွက် တရားဥဒေစိုးမိုးအောင် ဆောင် ရွက်ကြဖို့လိုပါကြောင်း
ဥပမာအား ဖြင့် ၂၀၁၆ ခု နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေ တွင် ကျောင်းနှင့်တက္ကသိုလ်များတွင် ဆေးလိပ်သောက်ခွင့်မရှိသည့်အ ပြင်ကျောင်းပုရဝဏ်အတွင်းနှင့် ကျောင်းပရဝုဏ်မှပေ ၁၀ဝ အတွင်း ဆေးလိပ်ရောင်းချခြင်းမပြုရ၊ အသက် (၁၈) နှစ်မပြည့်သေးသောသူများ အားဆေးလိပ်ကို ရောင်းချခြင်း (သို့မဟုတ်)ပေးကမ်းခြင်းမပြုရဟုဆိုပါသော်လည်း အရေးယူခြင်းစ သည်တို့ အားနည်းလျက်ရှိပါကြောင်း၊ အခြားဥပဒေများ ဥပမာ-အရက် တို့ကိုလည်းရေးဆွဲရန်လိုအပ်နေပါ ကြောင်းပြာကြားခဲ့သည်။
ဆက်လက်၍ ""ဥပဒေကရေး ဆွဲပြီး အကောင်အထည်မဖော် နိုင်ရင်တော့ စာရွက်ပေါ်မှာပဲကျန် နေမှာပဲ၊ အဲဒီတော့ တရားဥပဒေ စိုးမိုးခြင်း၊ ဥပဒေတွေကို လေးစား လိုက်နာခြင်းဆိုတာ အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ လူတိုင်း၊တစ် ယောက်ချင်း၊တစ်ယောက်ချင်းဝိုင်း ပြီး ကူညီနိုင်ပါမှ ဒါတွေကအောင်မြင် နိုင်မှာပါ၊ ဒီလိုဆွဲထားတဲ့ဥပဒေတွေ ဟာ ကိုယ့်ရဲ့လူငယ်တွေရဲ့ အနာ ဂတ်တွင်မကဘူး လက်ရှိပစ္စုပ္ပန် ပတ်ဝန်းကျင်ကောင်းဖို့ဖြစ်တာအ တွက်ကြောင့် အားလုံးကဝိုင်းဝန်းပြီး ကူညီကြပါလို့ကြုံတုန်းမေတ္တာရပ်ခံ ပါတယ်""ဟု နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
No comments:
Post a Comment