မြန်မာအစိုးရရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများ အောင်မြင်ရေးအတွက် အီးယူမှ အကူအညီပေးရေး၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုမြှင့်တင်ရေး၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ကြိုးပမ်းဆောင်ရွက်မှုတွေမှာ အီးယူမှ ဆက်လက်ကူညီပံ့ပိုးရေး၊ မြန်မာ-အီးယူအကြား ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး Mr. Kristian Schmidt နဲ့ အီးယူကိုယ်စားလှယ်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
No comments:
Post a Comment