
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီး များ တက်ရောက်ကြပြီး ဖိလစ်ပိုင် လေတပ်ဦးစီးချုပ်နှင့်အတူ ဖိလစ်ပိုင်လေတပ်မှ တပ်မတော်အရာရှိကြီးများ နှင့် မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်စစ်သံမှူး Col. VIVENTE MAP BLANCO တို့တက်ရောက်ကြ သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်ရေး၊ လေတပ်ဆိုင်ရာ အတွေ့အကြုံများနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အတွေ့အကြုံ များ အပြန်အလှန်ဖလှယ်ရေး၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် အဆင့်အလိုက်ချစ်ကြည်ရေး ခရီးစဉ်များအပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်းသတင်းရရှိသည်။
No comments:
Post a Comment