တုန်ကန်ချောင်းဟာ မိုးရာသီရောက်လာပါက ရေစီးသန်ပြီး ကမ်းပါးတိုက်စားမှုတွေ နှစ်စဉ်လိုရှိနေတာကြောင့် သဲထုတ်လိုင်စဉ်မချပေးဖို့ ရပ်ကွက်နေပြည်သူတွေ ကန့်ကွက်စာတင်ခဲ့ပေမယ့် မြို့နယ်ကလက်မခံဘဲ သဲထုတ်လုပ်ခွင့် ပေးခဲ့တာကြောင့် မိုးရာသီအစမှာတင် ကမ်းပါးပြိုလာပြီး နေအိမ်တွေ ပြောင်းရွှေ့ရမယ့်အန္တရာယ်နဲ့ ကြုံတွေ့လာနေရတာလို့ ဆိုပါတယ်။
ဦးဇော်မြင့်ဦးက “ကျနော်တို့ ကန့်ကွက်ထားတဲ့ကြားက သဲလိုင်စင်ချပေးလိုက်တာ။ ဒီကိစ္စဘယ်သူ့ဆီမှာ တာဝန်ရှိလဲ၊ ခွင့်ပြုပေးလိုက်တဲ့သူကို ထိရောက်စွာအရေးယူပါ။ ခုလည်း သတ်မှတ်ဧရိယာထက်ကျော်ပြီး သဲထုတ်ယူနေတယ်၊ ဒါကို ဘယ်သူမှစစ်ဆေးအရေးယူတာ မရှိဘူး။”
ကန့်ကွက်ထားတာရှိပေမယ့် သဘာဝပတ်ဝန်းကျင်နဲ့ မြစ်ကြောင်းဖြိုးတို့ ကွင်းဆင်းစစ်ဆေးပြီးမှသာ လုပ်ငန်းလိုအပ်ချက်အရ ခွင့်ပြုပေးခဲ့တာလို့ ကျောက်တံခါး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေးက ပြောပါတယ်။
“လိုင်စင်ပေးထားတာဖြစ်တဲ့အတွက် သတ်မှတ်စည်းကမ်းအတိုင်း လိုက်နာရမယ် မလိုက်နာလို့ရှိရင် အရေးယူမယ်ဆိုတာ ပြောထားပြီးသား။ လိုင်စင်လုပ်တဲ့သူ အကုန်လုံးက သတ်မှတ်စည်းကမ်းအတိုင်း လိုက်နာရမယ်၊ မလိုက်နာဘူးဆိုလို့ရှိရင်လည်း သတ်မှတ်တာထက် ပိုလုပ်ရင် ဘယ်လိုလုပ်ရမယ်ဆိုတာ ညွန်ကြားထားတာရှိပြီးသား။”
ဆန္ဒပြသူတွေက တပင်ရွှေထီးရပ်ကွက်နှင့် တုန်ကန်ချောင်းတံတား အနီးသဲထုတ်လုပ်ငန်း ရပ်တန့်ပေးရေး၊ မြေစာရင်မြေပုံသတ်မှတ် ဧရိယာထက် ကျော်လွန်၍ သဲထုတ်လုပ်ငန်း ပြုလုပ်သူအား အရေးယူပေးရေး၊ ကမ်းပြိုခြင်းမှ စုပေါင်းကာကွယ်ရေး၊ နိုင်ငံတော်အား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကူညီပေးရေး စတဲ့ဗီနိုင်းပါ စာသားတွေကို ကိုင်ဆောင်ကြွေးကြော်ပြီး လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
No comments:
Post a Comment