
၎င်းတို့ နှစ်ဦးစလုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စိစစ်ရေးကတ်တွေနဲ့ အတူ ဖမ်းမိခဲ့တာဖြစ်တယ်လို့  လေဆိပ်ရဲအရာရှိ အလမ်ဂါ ဟူစိန်က အတည်ပြုပြောဆိုခဲ့ပါတယ်။ ဇွန် ၁၂ ရက် ည ၉ နာရီလောက်က လေဆိပ်ရဲ့ ပြည်တွင်းနားနေခန်းမ အပြင်ဘက်မှာ ၄င်းတို့ ကို သံသယဖြစ်ဖွယ်အမူအရာနဲ့ တွေ့ ရှိခဲ့ကာ တပ်ဖွဲ့ ဝင်တွေက လိုက်လံစစ်ဆေးခဲ့တာဖြစ်ကြောင်း ရဲအရာရှိက ပြောဆိုပါတယ်။ ရဲတပ်ဖွဲ့ ဝင်တွေက ၄င်းတို့ နှစ်ဦးကို မေးမြန်းမှုတွေလုပ်ရာမှာ သံသဖြစ်ဖွယ်အချက်တွေ တွေ့ ရှိရတာကြောင့် ရဲအချုပ်ခန်းကို ခေါ်ဆောင်ကာ စစ်မေးရှာဖွေမှုတွေလုပ်ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောဆိုပါတယ်။
ယင်းနောက် သူတို့ တွေရဲ့ အစာအိမ်ထဲမှာ ယာဘဆေးပြားတွေရှိနေကြောင်း ၄င်းတို့ နှစ်ဦးက ၀န်ခံခဲ့ကာ ဆေးပြား ၉၀၀၀ ခန့် ကို တိတ်အနက်တွေနဲ့ ထုပ်ကာ မျိုချထားခဲ့တာဖြစ်ကြောင်း ထွက်ဆို ခဲ့တယ်လို့  အလမ်ဂါက ပြောဆိုပါတယ်။
၎င်းတို့ နှစ်ဦးကို လေဆိပ်ရဲစခန်းမှာ မူယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ ပြစ်မှုတွေနဲ့  အမှုဖွင့်အရေးယူ ထားကြောင်း သတင်းမှာ ဖော်ပြခဲ့ပါတယ်။
No comments:
Post a Comment