
""ကျွန်မတို့က လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ဒီနေရာကို တောင်ကလေးကျောင်းထိုင်ဆရာ တော်က ချုံတွေခုတ်ထွင်ရှင်းလင်း ပြီး နေကြလို့ပြောခဲ့တဲ့အတွက် ရှင်းလင်းနေထိုင်ခဲ့တာပါ။ အခုဆို ရင် ငါးနှစ်တောင်ကြာခဲ့ပါပြီ။ ခုတ် ထွင်ရှင်းလင်းနေထိုင်စဉ်က ဘယ် သူမှ လာရောက်တားမြစ်ခဲ့တာ မ ရှိဘူး။ အခုကျတော့မှ ဖယ်ပေးရ တော့မယ်ဆိုရင်တော့ ကျွန်မတို့ ဘယ်မှာသွားနေကြရမလဲ။ နေစ ရာလည်းမရှိဘူး။ ကျွန်မတို့ကတော့ မဖယ်ပေးနိုင်ဘူး""ဟု အဆိုပါနေ ရာ၌ နေထိုင်သူ ဒေါ်မော်မော်လွင် ကပြောကြားသည်။
၂၀၁၆ ခုနှစ်တွင် အဆိုပါ မြေနေရာ၌ ရပ်ကွက် ၆/၇ ဖော် ထုတ်ရန်အတွက် ပြည်ထဲရေးဝန် ကြီးဌာနမှ တရားဝင်အမိန့်ကျပြီး သားနေရာဖြစ်သည့်အတွက် ၂၀၁၇ ခုနှစ် ဇွန်လနှင့် ၂၀၁၈ ခုနှစ် ဇူ လိုင်လဆန်းတွင် တာဝန်ရှိသူများ က အဆိုပါနေရာ၌ နေထိုင်လျက် ရှိသူများကို လိုက်လံစာရင်းကောက် ယူခဲ့သည်။
""အဲဒီနေရာမှာ ၂၀၁၇ ခုနှစ် က ကောက်ထားတဲ့စာရင်းအရ စုစုပေါင်း ၅၁ ဦးကို ကျူးကျော် နေထိုင်သူတွေအဖြစ် လက်မှတ် ထုတ်ပေးပြီး နောက်ထပ်အိမ် ဆောက်နေထိုင်တဲ့ ၁၂၄ ဦးရှိတာ ကြောင့် ပြည်နယ်အစိုးရထံ အ သနားခံစာတင်ခိုင်းထားတယ်။ ပထမကောက်ခံထားတဲ့စာရင်းရှိ သူ ၅၁ ဦးကို မဲကနယ်မြို့သစ်အိမ် ရာစီမံကိန်းမှာ နေရာပြန်ပေးမှာ ဖြစ်တယ်။
အခုထပ်မံကျူးကျော် ဆောက်လုပ်နေထိုင်သူတွေကို တော့ ဖယ်ရှားပေးဖို့ အကြောင်း ကြားထားတယ်။ ဖယ်ရှားဖို့အတွက် လည်း ဥပဒေအကြံပြုချက်တွေ တင် ပြထားသလို ဖယ်ရှားရှင်းလင်းရေး စီမံချက်တွေကိုလည်း သက်ဆိုင်ရာ အထက်ဌာနဆီ တင်ပြထားပြီးဖြစ် တယ်။ ဖယ်ရှားဖို့ အသိပေးစာပေး ထားတာကြောင့် သတ်မှတ်ကာလ ပြည့်ရင်တော့ ဥပဒေနဲ့အညီဆောင် ရွက်သွားမှာပါ""ဟု မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို က ပြောကြားသည်။
အဆိုပါနေရာသည် မြဝတီ မြို့နှင့်သုံးမိုင်ခန့်အကွာ တောင်က လေးဘုန်းတော်ကြီးကျောင်းအ နောက်ဘက် မြဝတီ-ကော့ကရိတ်- ဘားအံဆက်သွယ်ထားသော အာရှလမ်းမကြီးနှင့်ငါးဖာလုံခန့် အကွာတွင် တည်ရှိပြီး အိုးအိမ်မဲ့ မရှိ နွမ်းပါးသူများကို ၂၀၁၃ ခုနှစ် က တောင်ကလေးကျောင်းဆရာ တော်က ချုံနွယ်များအား ခုတ်ထွင် ရှင်းလင်းစေကာ နေထိုင်ခိုင်းထား ခြင်းဖြစ်သည်ဟု သိရသည်။
ယခုအခါ ပြည်ထဲရေးဝန်ကြီး ဌာနမှ အဆိုပါနေရာ၌ ရပ်ကွက် ၆/၇ ဖော်ထုတ်ရန် နေရာသတ် မှတ်ထားပြီး ယခုအခါ အဆိုပါနေ ရာ၌ အိမ်ခြေ ၅၀ဝ ကျော်ဆောက် လုပ်နေထိုင်လျက်ရှိသည့် အတွက် မြဝတီခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အဆိုပါနေရာမှ နှစ်ပတ် အတွင်း ဖယ်ရှားပေးရန် မေ ၃၁ ရက်တွင် အကြောင်းကြားစာများ ကပ်ထားခြင်းဖြစ်ကြောင်း သိရ သည်။
No comments:
Post a Comment