
အဖွဲ့ခေါင်းဆောင် B.I မကြာသေးမီက နုတ်ထွက် ခဲ့သော်လည်း တောင်ကိုရီးယား အမျိုးသားဂီတအဖွဲ့ iKON က အဖွဲ့ဝင်ခြောက်ဦးတည်းဖြင့် မူလ က စီစဉ်ထားသည့် ဂျပန်ခရီးစဉ် ကို ဆက်လက်လုပ်ဆောင်မည် ဖြစ်သည်။ iKON အဖွဲ့၏ဂျပန်ခရီးစဉ် သည် ဇူလိုင် ၂၇ ရက်တွင် ပူလူ ဆိုကာမှ စတင်မည်ဖြစ်ကာ စက်တင်ဘာ ၆ ရက်အထိ မြို့ကြီးခြောက်မြို့၌ ဖျော်ဖြေ မည်ဖြစ်သည်။ မကြာသေးမီက အဖြစ်အ ပျက်များနှင့် B.I အဖွဲ့မှထွက်ခွာ ခြင်းဆုံးဖြတ်ချက်နှင့် ပတ်သက်၍ iKON YG Entertainment က ဂျပန်ပရိသတ်များအား အသိ ပေးထားသည်။ ယင်းတွင် B.I နှင့်ပတ်သက် ၍ ဖြစ်ပျက်သမျှကို စိတ်မကောင်း ဖြစ်ရကြောင်းနှင့် အဖွဲ့ဝင် ခြောက်ဦးဖြင့် ဂီတခရီးစဉ်ဆက် လုပ်မည်ဖြစ်ကြောင်း YG ကုမ္ပဏီ က ပြောသည်။
No comments:
Post a Comment