Pages
Friday, June 14, 2019
အမေရိကန်တွင် ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် လူသေဆုံးပြီးနောက် အဓိကရုဏ်းဖြစ်
အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ် မမ်ဖစ်မြို့မှာ ဇွန်လ ၁၂ ရက်နေ့က ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် လူသေဆုံးပြီးနောက် အဓိကရုဏ်း ဖြစ်ခဲ့ပါတယ်။ အဲဒီအဓိကရုဏ်းအတွင်း ရဲတပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီပြီး အနာတရ ဖြစ်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။ ဖရေဆာရပ်ကွက်မှာဖြစ်တဲ့ အချင်းများမှုတခုအတွင်း ရဲတပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ လူတယောက် သေဆုံးပြီးနောက်မှာ အဓိကရုဏ်း ပေါ်ပေါက်ခဲ့တာပါ။ ဒါကြောင့် ရဲတပ်ဖွဲ့ဟာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေကို ဆင့်ခေါ်ခဲ့ရပါတယ်။ အဓိကရုဏ်းအတွင်း ရဲတပ်ဖွဲ့ဝင် ၆ ယောက်ထက်မနည်း ဆေးရုံပို့ဆောင်ခဲ့ရပါတယ်။ ဒါ့အပြင် ဂျာနယ်လစ် ၂ ယောက် ဒဏ်ရရခဲ့တယ်လို့ မမ်ဖစ်မြို့တော်ဝန်ကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment