
နာမည်ကြီးအဆို တော်အရီယာနာဂရန်ဒီကကိုယ် ၀န်ဖျက်ချမှုတားဆီးရေးဥပဒေ သစ်နှင့်ကြုံနေစဉ်အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းကျန်းမာရေးစောင့် ရှောက်မှုအကူအညီပေးနေသော Planned Parenthood အဖွဲ့သို့ ကန်ဒေါ်လာ ၂၅၀,၀၀၀ လှူဒါန်း ခဲ့သည်။ ‘Thank U, Next’ သီချင်း ဖြင့်နာမည်ကြီးသူ အရီယာနာက အတ္တလန္တာနှင့် ဂျော်ဂျီယာပြည် နယ်တွင် ဇွန်လ ၈ ရက်ကပြုလုပ် ခဲ့သော ဖျော်ဖြေပွဲမှ ရရှိသောဝင် ငွေများကို ယင်းအမြတ်မယူသော အဖွဲ့သို့ လှူဒါန်းခြင်းဖြစ်သည်။ ယင်းအဖွဲ့သည် ကမ္ဘာတစ်ဝန်း မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး အစောင့်အရှောက်များ ပေးနေ သောအဖွဲ့ဖြစ်သည်။
Planned Parenthood အမေရိကန်ဖက်ဒရေးရှင်းဥက္ကဋ္ဌ ဒေါက်တာလီယာနာဝန်က နိုင်ငံ တစ်ဝန်းအမျိုးသမီးများ၏ ကျန်း မာရေးကို ဆန့်ကျင်သောနိုင်ငံ ရေးသမားများက ဘေးကင်းပြီး တရားဝင်သော ကိုယ်ဝန်ဖျက်ချ မှုအားလုံးကိုတားမြစ်ရန်ကြိုးပမ်း နေသောအရေးကြီးသည့် အချိန် တွင် အရီယာနာ၏ အလှူငွေကို ရရှိခဲ့သည်ဟု ပြောကြားသည်။
အရီယာနာ (၂၅) နှစ်သာမ ဟုတ်ဘဲရက်ပ်ပါထရာဗစ်စကော့ နှင့် ချစ်သူကိုင်လီဂျန်နာတို့က လည်း အလှူငွေများထည့်ဝင်ခဲ့ သည်
No comments:
Post a Comment