
အာရေဗျပင်လယ်အတွင်း ပေါ်ပေါက်နေတဲ့ မုန်တိုင်းကြောင့် အိန္ဒိယ ငါးဖမ်းသင်္ဘောအုပ်စုတစ်ခု လှိုင်းလေဒဏ် အပြင်းအထန်ခံစားခဲ့ရပါတယ်။ Vayu လို့ အမည်ပေးထားတဲ့ တိုင်ဖုံးမုန်တိုင်းဟာ ဒီနှစ်အတွင်း ဒုတိယမြောက် အင်အားကြီး မုန်တိုင်းဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံကလည်း အဲဒီမုန်တိုင်းကြောင့် ပင်လယ်ပြင်မှာ လှိုင်းလေပြင်းထန်ပြီး အပူလှိုင်းလည်း ပေါ်ပေါက်မယ်လို့ သတိပေးထားပါတယ်။ ဒါ့ပြင် လူသုံးသိန်းနီးပါးကိုလည်း နေရာရွှေ့ပြောင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းဟာ ကရာချိမြို့တော်ဆီကိုတော့ တိုက်ရိုက်လာဖွယ် မရှိဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလကလည်း ဖာနီလို့ အမည်ပေးထားတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြောင့် အိန္ဒိယ အရှေ့ဘက် ကမ်းခြေမှာ လူ ၃၄ ယောက်သေဆုံးခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်မှာ ၁၅ ဦး သေဆုံးခဲ့ပါတယ်။
No comments:
Post a Comment