
အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်မှာ လူဝင်မှုကြီးကြပ်ရေးကို ထိရောက်စွာ ဖြိုခွင်းလုပ်ကိုင်နေတာကို မီးမောင်းထိုးပြတဲ့အနေနဲ့ ဒီပြကွက်တွေကို လုပ်ဆောင်တာဖြစ်တယ်လို့ စီစဉ်သူကပြောပါတယ်။
နိုင်ငံအတွင်း တရားမ၀င်လာရောက်သူတွေကို လုံးဝသည်းမခံဘူးဆိုတဲ့ ထရမ့်အစိုးရရဲ့မူဝါဒကို ပြီးခဲ့တဲ့နှစ်က အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ပြီးတဲ့နောက် တရားမ၀င်လာရောက်သူအားလုံးကိုပြစ်မှုကျူးလွန်သူတွေ အဖြစ်တရားစွဲဆိုထောင်ချခဲ့ပါတယ်။
အဲဒီတုန်းက အမေရိကန်နိုင်ငံရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ အဖမ်းခံထားရတဲ့ ကလေးတွေရဲ့ပုံတွေက နိုင်ငံတစ်ဝန်းကိုဒေါသထွက်စေခဲ့တာကြောင့် မူဝါဒကို ရုပ်သိမ်းလိုက်ပါတယ်။
ဒါပေမယ့်အခုထိတော့မိဘတွေနဲ့ခွဲခံထားရတဲ့ကလေးတွေ တော်တော်များများကျန်ရှိနေသေးပါတယ်။ နယ်စပ်မှာ သူတို့ရဲ့မိဘတွေနဲ့ကွဲကွာနေတဲ့ကလေးထောင်ပေါင်းများစွာကို ဘယ်သူဘယ်ဝါဆိုတာသိရှိနိုင်ဖို့ နှစ်နှစ်အထိကြာနိုင်တယ်လို့ ဧပြီလတရားရုံးရဲ့အမှုတွဲအရ အမေရိကန်အစိုးရကပြောပါတယ်။ ဒီတက်ကြွလှုပ်ရှားသူတွေရဲ့ လမ်းပေါ်က ဖန်တီးမှုပြကွက်တွေက နယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်သူတွေ ဆင်းရဲစွာ နေထိုင်မှုအခြေအနေတွေကို ဖော်ထုတ်ပြသနေပါတယ်။
အခုလို ဖော်ထုတ်ပြသခဲ့တဲ့ ဖန်တီးမှုပြကွက်တွေဟာ တစ်နေရာစီမှာပေါ်လာပြီး လျင်မြန်စွာပြန်လည်ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါဟာ နယူးယောက်ရဲတပ်ဖွဲ့က အခုလ(၁၃)ရက်ညနေပိုင်းမှာ လာရောက်ဖျက်သိမ်းခဲ့တာကြောင့် ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
No comments:
Post a Comment