Pages
Friday, July 5, 2019
ကမ္ဘာကြီးပူနွေးလာမှု သစ်ပင်ကုဋေပေါင်းများစွာ စိုက်ပြီး ကာကွယ်နိုင်
ကမ္ဘာကြီး တနေ့တခြား ပူနွေးလာနေမှုကို ကာကွယ်တိုက်ဖျက်ရေးအတွက် အထိရောက်ဆုံးနည်းလမ်းကတော့ သစ်ပင်ကုဋေပေါင်းများစွာ စိုက်ပျိုးဖို့ပဲ ဖြစ်ပါတယ်လို့ ဆွစ်ဇာလန် သိပ္ပံပညာရှင်တွေက ကြာသပတေးနေ့ မနေ့က ပြောပါတယ်။ ကမ္ဘာမြေပေါ်မှာ မြို့ကြီးတွေနဲ့ စိုက်ပျိုးရေးလုပ်တဲ့ မြေပမာဏတွေ တိုးပွားလာနေပေမယ့် သစ်ပင်စိုက်နိုင်တဲ့မြေပမာဏ စတုရန်းမိုင် ၃ သန်းခွဲ ရှိပါသေးတယ်လို့လည်း မနေ့က ထုတ်ဝေတဲ့ သိပ္ပံပညာ ဂျာနယ်မှာ ဖေါ်ပြထားပါတယ်။ အဲဒီလိုသာ သစ်ပင်တွေ ကုဋေ ကုဋာ စိုက်ပျိုးနိုင်မယ်ဆိုရင် ကမ္ဘာ့လေထုထဲက အပူဓါတ်တွေ ထုတ်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ တန်ချိန် ဘီလီယံ ၈၃၀ ခန့်ကို သစ်ပင်တွေက စုတ်ယူနိုင်မှာဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ကမ္ဘာပေါ်မှာ သစ်ပင်စိုက်ပျိုးဖို့ မြေနေရာအများဆုံး ကျန်ရှိနေတဲ့ နိုင်ငံတွေကတော့ ရုရှား၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျ၊ ဘရာဇီးနဲ့ တရုတ်နိုင်ငံတွေဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment