ဇူလိုင် ၃ ရက်နေ့မှာတော့ ဘိုလီးဗီးယားနဲ့ အီတလီရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး ကိုချာဘမ်ဘာမြို့က လူမီယာနေထိုင်တဲ့ တိုက်ခန်းကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပါတယ်။
လူမီယာကို ဖမ်းမိချိန်မှာ သူဟာ ဗင်နီဇွဲလားနိုင်ငံသား အထောက်အထား အတုတွေကို ကိုင်ဆောင်ထားတယ်လို့ ဘိုလီးဗီးယား အစိုးရက ပြောပါတယ်။
နိုင်ငံရပ်ခြား ထွက်ပြေးနေတဲ့ လူမီယာကို အီတလီအစိုးရက ထောင်ဒဏ် ၁၆ နှစ် ချမှတ်ထားပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ ဘိုလီးဗီးယားအစိုးရဟာ လူမီယာကို အီတလီအာဏာပိုင်တွေဆီ ပြန်ပို့ဖို့ စတင်စီစဉ်နေပါတယ်။
No comments:
Post a Comment