ဒါ့အပြင် မီးရထား၊ ကားနဲ့ Water busကို ချိတ်ဆက်ဆောင်ရွက်နိုင်အောင် စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။
လှိုင်သာယာမြို့နယ်ဘက်အခြမ်းမှာလည်း Water Busပြေးဆွဲဖို့ စီစဉ်ခဲ့ပေမယ့် ကျူးကျော် ပြဿနာတွေနဲ့ တခြားအခက်အခဲတွေကြောင့် Water Bus ဂိတ်ထားဖို့ အခက်အခဲဖြစ်နေတဲ့ အတွက်ဆိပ်ကြီးခနောင်တိုမြို့နယ်နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။
ဆိပ်ကြီးခနောင်တိုကနေ လှိုင်သာယာကိုသွားတဲ့ ကြာချိန်ဟာမိနစ်၃၀ပဲကြာတဲ့ အတွက် ပုံမှန်ကမ်းနားလမ်းက သွားတာထက်ပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။
အခုပြေးဆွဲဖို့ စီစဉ်နေတဲ့ပုဇွန်တောင်ချောင်းဟာ ပဲခူးမြစ်ကနေစပြီး ပုဇွန်တောင်၊ ဒေါပုံ၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ မြောက်ဥက္ကလာပ စတဲ့မြို့နယ်တွေကို ဖြတ်သန်းပြီး လှည်းကူးမြို့နယ်ထဲက ငမိုးရိပ်ဆည်နဲ့ ချိတ်ဆက်ထားတာဖြစ်ပါတယ်။
No comments:
Post a Comment