
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၅၁/၁ - ၁၅၁/၂ အကြားတွင် ဇူလိုင် ၅ ရက် နံနက် ၀၀း၅၀ နာရီအချိန်ခန့်က ခရီးသည်တင် Express ယာဉ်တစ်စီး လမ်းလယ်ကျွန်းရှိ ဘာရီယာတုံးများအား တိုက်မိမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ယာဉ်မောင်း ကိုအေးမင်းစိုး(၃၅)နှစ် မောင်းနှင်သော 6M/---- FAMOUS ရန်ကုန်- မုံရွာခရီးသည်ယာဉ်သည် မောင်းနှင်လာစဉ် ရှေ့မှလားရာတူ (စိစစ်ဆဲ)ကားလေးအား ကျော်တက်ရန်ပြုလုပ်စဉ် ကားလေးမှ အပေါ်ယာဉ်ကြောသို့  ဝင်လာသဖြင့် ရှောင်တိမ်းလိုက်စဉ် အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းသိုရောက်ရှိသွားပြီး လမ်းလယ်ကျွန်းရှိ ဘာရီယာတုံးများအား တိုက်၍ရပ်တန့်ခဲ့သည်။ အဆိုပါယာဉ်တိုက်မှုကြေင့် ယာဉ်ပေါ်ပါ ကျား(၁၇)ဦး မ(၆)ဦး သံဃာ(၆)ပါး စုစုပေါင်း (၂၉)ဦး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
No comments:
Post a Comment