
ဂရိုနင်ဂျန်၊ ပီအက်စ်ဗွီ၊ ချဲလ်ဆီး၊ ရီးရဲလ်၊ ဘိုင်ယန်မြူးနစ်အသင်းတို့တွင် အောင်မြင်မှုများစွာရရှိခဲ့တဲ့ အာဂျန် ရော်ဘင်ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းခံရခြင်းမရှိတဲ့အတွက် ၁၀နှစ်တစ်ခုကြာကစားခဲ့ တဲ့အသင်းကို စွန့်ခွာပြီး အသင်းပြောင်းရွှေ့ကစားဖို့ စီစဉ်ခဲ့သူလည်းဖြစ်ပါတယ်။
“ တကယ်ကိုအခက်အခဲဆုံးအခြေအနေတစ်ခုအတွက် ဆုံးဖြတ်ခဲ့ရတာပါ။ အသက်အရွယ်အရရော ဒဏ်ရာအ ခြေအနေတွေအရရော ကစားသမားအဖြစ်ဆက်ရှိဖို့မဖြစ်နိုင်တော့ပါဘူး။ အထူးသဖြင့် လက်ရှိအချိန်မှာ ၁၆နှစ် အရွယ်က စွမ်းဆောင်မှုမျိုးကို လုပ်ဆောင်ဖို့မဖြစ်နိုင်တာပါ။ စိတ်သွားတိုင်း မစွမ်းဆောင်နိုင်တော့ပါဘူး ” လို့ အာဂျန်ရော်ဘင်က ပြောဆိုခဲ့ပါတယ်။
အခုလိုအနားယူခဲ့တဲ့ အာဂျန်ရော်ဘင်အနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကျရှုံးခဲ့ပြီးနောက် နယ်သာလန်လက်ရွေးစင် ကစားသမားဘ၀ကအနားယူပြီလို့ ကြေညာခဲ့တဲ့ ၂၀၁၇ အပြီး ၂နှစ်အကြာတွင် ကစားသမားဘ၀မှအပြီးတိုင်အ နားယူပြီလို့ ထုတ်ဖော်ပြေကြားခဲ့တာလည်းဖြစ်ပါတယ်။
ကစားသမားဘ၀တစ်လျှောက် ၁၉နှစ်တာကာလအတွင်း နယ်သာလန်လက်ရွေးစင်အသင်းအပါအ၀င် ကလပ် အသင်း ၅သင်းကို ကိုယ်စားပြုကစားခဲ့တဲ့အာဂျန်ရော်ဘင်ဟာ ပွဲပေါင်း ၇၀၂ပွဲအထိကစားပးထားခဲ့ပြီး သွင်းဂိုး ၂၄၀ ကျော်ရရှိခဲ့သူလည်းဖြစ်ပါတယ်။
No comments:
Post a Comment