“Westlife The Twenty Tour In Bangkok” လို့အမည်ပေးထားတဲ့ အိုင်းရစ်ခ်ျ တေးဂီတအဖွဲ့ရဲ့ ဖျော်ဖြေပွဲကိုတော့ Live Nation BEC-Tero ကနေ တာဝန်ယူတင် ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
အဖွဲ့ဝင် လူငယ် ၅ ယောက်နဲ့ ၁၉၉၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး စုစုပေါင်း တေးအယ်လ်ဘမ် ၁၀ ချပ် ထွက်ရှိခဲ့ဖူးတဲ့ Westlife အဖွဲ့ရဲ့ တေးသီချင်းတွေဟာ ဗြိတိန်ရဲ့ ရေပန်းအစားဆုံး နံပါတ်တစ်နေရာမှာ ရှိခဲ့ပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ အယ်လ်ဘမ်ချပ်ရေ ၅၅ သန်း ရောင်းချခဲ့ရပြီးဖြစ်ကာ နယ်လှည့်ဖျော်ဖြေပွဲ ၁၂ ခုအထိ ဖျော်ဖြေခဲ့ကြဖူးပါတယ်။
၂၀၁၂ ခုနှစ်မှာတော့ သူတို့အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးနောက် ၆ နှစ်အကြာမှာမှ ပြန်လည်ပေါင်းစည်းခဲ့ကြကာ Hello My Love သီချင်းနဲ့ ပွဲဦးထွက်အဖြစ် တကျော့ပြန် လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒုတိယသီချင်းတပုဒ်ဖြစ်တဲ့ Better Man ကိုတော့ ပြီးခဲ့တဲ့ မတ်လက ထွက်ရှိလာခဲ့ပြီး အဖွဲ့လိုက် ၁၁ ချပ်မြောက် တေးအယ်လ်ဘမ်အဖြစ် Spectrum ကိုတော့ လာမယ့် နိုဝင်ဘာလ ထွက်ရှိလာမှာ ဖြစ်ပါတယ်။
ခုဖျော်ဖြေမယ့် နယ်လှည့်တေးဂီတ ဖျော်ဖြေပွဲကတော့ အဖွဲ့ရဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အနေနဲ့ မြို့ကြီးတွေမှာ လှည့်လည်ဖျော်ဖြေကြမှာဖြစ်ပြီး ဘန်ကောက်ကတော့ အာရှမှာ Westlife အဖွဲ့ ဖျော်ဖြေတဲ့ ပထမဆုံးမြို့တမြို့အနေနဲ့ ပါဝင်လာခဲ့တာပါ။
လတ်တလော ပြန်လည်ပေါင်းစည်းလိုက်တဲ့ Westlife အဖွဲ့မှာတော့ Nicky Byrne, Kian Egan, Mark Feehily နဲ့ Shane Filan တို့ ၄ ယောက်သာ ပါဝင်ပြီး Brian McFadden ကတော့ မပါဝင်တော့ပါဘူး။
No comments:
Post a Comment