ဒါ့အပြင် ဂျပန်နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးများနေပါတယ်။ လက်ရှိမှာ မြေပြိုနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ကျူးရှုကျွန်း ဒေသခံတွေအနေနဲ့ နေအိမ်ကို အလောတကြီး မပြန်ကြဖို့ NHK သတင်းဌာနက သတိပေး ကြေညာထားပါတယ်။
အနားက ခိုလှုံရေးစင်တာတွေမှာ ဒေသခံအယောက် တသောင်းကျော်လောက် ခိုလှုံနေကြတယ်လို့ ယိုမိဥရိ နေ့စဉ်ထုတ် သတင်းစာက ဖော်ပြပါတယ်။
၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း ကျူးရှုကျွန်းမှာ မိုးများပြီး ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။
အဲဒီ ဖြစ်ရပ်နဲ့ ပတ်သတ်လို့ အစိုးရရဲ့ တုံ့ပြန်မှု နှောင့်နှေးတယ်လို့ ဝေဖန်ခံခဲ့ရပြီး ဂျပန်နိုင်ငံမှာ ၃၆ နှစ်အတွင်း အဆိုးရွားအဆုံး သဘာဝဘေးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
No comments:
Post a Comment