

ထိုနေရာကို Cal Orcko သို့ Cal Orko ဟု ခေါ်သည်။ ယင်းနေရာသည် ကမ္ဘာပေါ်တွင် ဒိုင်နို ဆောခြေရာ တစ်နေရာတည်းတွင် တစု တစည်းတည်း အများဆုံးရှိသည့်နေရာ ဖြစ်သည်။ အဆိုပါကျောက်နံရံကြီးသည် အရှည် ၁ ဒသမ ၂ ကီလိုမီတာ၊ အမြင့် မီတာ ၈၀ ရှိကာ ယင်းတွင် ဒိုနိုဆော ၄၆၂ ကောင်ကျော်၏ ခြေရာပေါင်း ၅၀၀၀ ကျော်ရှိသည်။ ယင်းကျောက်နံရံသည် ရေကန်ကြီးတစ်ကန်၏ ကမ်းစပ်ဖြစ်ခဲ့ ဖူးသည်။ ရေကန်ဖြစ်သောကြောင့် ဒိုနို ဆောသတ္တဝါကြီးများက ယင်းတွင် ရေ လာသောက်ကြသည်။ ရေကန်အစပ်ဖြစ် သောကြောင့် ရွှံ့နွံဖြစ်နေသည့်အတွက် သတ္တဝါကြီးများ၏ ခြေရာသည် ယင်းတွင် ထင်ကျန်နေခဲ့တော့သည်။
နှစ်အတန်ကြာ သော် ထိုနေရာတွင်မိုးခေါင်ရေရှားဖြစ်ပြီး ခြေရာကြီးများမှာ ပို၍ထင်ထင်ရှားရှား ဖြစ်သွားသည်။ ထို့နောက် နှစ်အတန်ကြာ သော်မိုးရွာလာပြန်သဖြင့် ခြေရာကြီးများ သည် ရွှံ့နွံထုအောက် ရောက်သွားတော့ သည်။ ယင်းနေရာတွင် စိုလိုက်၊ ခြောက် လိုက် ခုနစ်ကြိမ်တိုင်တိုင်ဖြစ်သွားသည်။ မြေအောက်တွင် မြေလွှာထုကြီးများ တစ် ခုနှင့်တစ်ခု အပြင်းအထန် ပွတ်တိုက်ကြ သည့်အခါ ယင်းကမ်းစပ်သည် အပေါ် ဘက်ထောင်တက်သွားပြီး ယခုမြင်ရသည့် အတိုင်း ကျောက်နံရံကြီးဖြစ်သွားတော့ သည်။
No comments:
Post a Comment