ငလျင်လှုပ်ပြီးနောက်မှာတော့ ရွှေ့ပြောင်းအိမ်တလုံး အောက်ခြေကနေ တိမ်းစောင်းခဲ့ပါတယ်။
ဥရောပမြေငလျင်အေဂျင်စီ (EMSC) က လူသန်း ၂၀ နေထိုင်တဲ့ နေရာမှာ မြေငလျင်သက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။
ဒေသခံတဦးက မြေငလျင်လှုပ်ချိန် သူဟာ ဗစ်တာဗေးလ်မြို့က ရုံးမှာ အလုပ်လုပ်နေပြီး ငလျင်လှုပ်ချိန်မှာတော့ ဂိုဒေါင်တခုထဲ သူတို့ ဝင်နေခဲ့တယ်လို့ ပြောပါတယ်။
ဒီမြေငလျင်ဟာ ၁၉၉၄ ခုနှစ်က လှုပ်ခဲ့တဲ့ ပြင်းအား ၆ ဒသမ ၆ အဆင့် နော့သ်ရစ်ဂ်ျ မြေငလျင်နောက်ပိုင်း အားအပြင်းဆုံးဖြစ်တယ်လို့ USGS ဘူမိပညာရှင်က ပြောပါတယ်။ နော့သ်ရစ်ဂ်ျ မြေငလျင်ဟာ လူဦးရေထူထပ်တဲ့ လော့စ်အိန်ဂျလိစ်မြို့ ဧရိယာမှာ လှုပ်ခဲ့ပြီး ဒေါ်လာဘီလျံချီ ပျက်စီးခဲ့ပါတယ်။
No comments:
Post a Comment